သင်္ကြန်သီချင်းများ ဗန်းစကား အသုံးများလာ

E-mail Print
မကြာမီ ရောက်ရှိလာ တော့မည့် ၂၀၁၀ သင်္ကြန်အတွက် တေးစီးရီးများမှ သီချင်းစာသား အများစုတွင် လူအများ ပြောဆို တတ်ကြသည့် ဗန်းစကား (ခေါ်) ခေတ်ပေါ် အရပ်သုံးစကား အများစု ပါဝင် နေကြသည်။

၎င်းမှာ အချမ်းပြေ သင်္ကြန်စီးရီးမှ "ကလေးကို" ဆိုသည့် တေးသီချင်းတွင် "အပ်ကြီးကြီးနဲ့ သူချုပ်တယ်" ဆိုသည့် အသုံးအနှုန်း၊ ဧပရယ် ဘုရင်မဟူသော သင်္ကြန်စီးရီးမှ "တင်းတယ် တင်းတယ်" ဟူသော အသုံးအနှုန်းများ၊ "၀ဲပစ်လိုက်"၊ "ဘယ်ကို ရွေ့မလဲ"၊ "လန်းတယ်"၊ "ဆွဲစိလိုက်"၊ "၀ိုက်သာဝိုက်"၊ "ရှင့်အဟောင်းကြီး" စသည့် အသုံး အနှုန်းများကို သုံးစွဲလာခြင်း ဖြစ်သည်။

အဆိုပါ ဗန်းစကားများကို တေးရေးများက ၎င်းတို့၏ တေးသီချင်း များနှင့် လိုက်ဖက်မည့် အသုံးအနှုန်း များအား ရွေးချယ် ရေးစပ်လာ ကြခြင်း ဖြစ်သည်။

ထိုကဲ့သို့ ဗန်းစကားများကို များသောအားဖြင့် သင်္ကြန်တေးသီချင်းများတွင် တွေ့ရှိရခြင်းမှာ ဗန်းစကားနှင့် သင်္ကြန်သီချင်းမှာ လိုက်ဖက်သောကြောင့်ဟု တေးရေးမောင်သစ်မင်းက ဧရာဝတီကိုပြောသည်။

“သင်္ကြန်ဆိုတာ စိတ်လွတ်ကိုယ်လွတ်ပျော်တဲ့ အချိန်ဆိုတော့ ဗန်းစကား အသုံးအနှုန်းလေးတွေကလည်း ရင်ကို တိုက်ရိုက် ထိမှန်စေတဲ့ အသုံးအနှုန်းလေးတွေ၊ အော်လို့ဟစ်လို့ကောင်း ပျော်လို့ပါးလို့ကောင်းတဲ့ စကားလုံးလေးတွေဆိုတော့ လိုက်ဖက် တယ်လို့ ပြောလို့ရပါတယ်"ဟု သူကဆိုသည်။

ထိုကဲ့သို့ ဗန်းစကားများအား သီချင်းတွင် ထည့်သွင်းအသုံးပြုသည်ဆိုရာတွင်လည်း လက်ရှိခေတ်ကာလ၌ လူအများကြား ပြောလေ့ပြောထရှိသည့် စကားလုံးမျိုးမဟုတ်ဘဲ လူမသိနိုင်သည့် စကားလုံးမျိုးထည့်သွင်း မည်ဆိုပါက သီချင်းကို အနှောင့် အယှက်ဖြစ်သွားစေနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

“သီချင်းတော်တော် များများကလည်း အများသိပြီးသားစကားလုံးမျိုးကိုပဲ ထည့်သုံးကြတာများပါတယ်။ အများမသိသေးတဲ့ စကားလုံးမျိုးဆိုရင်တော့ သီချင်းအဓိပ္ပာယ်ကို နားမလည်နိုင်ဘဲ အနှောင့်အယှက်ဖြစ်စေနိုင်တာပေါ့၊ အများသုံးတဲ့ စကားလုံးမျိုး ကတော့ သီချင်းကို ပိုပြီးသွက်လက်သွားစေနိုင်ပါတယ်"ဟု သူက ဆိုသည်။

တေးသီချင်းများတွင် ဗန်းစကားများထည့်သွင်း အသုံးပြုခြင်းမှာ လက်ရှိပစ္စုပ္ပန်ကာလတည့်တည့်တွင် ရှင်သန်နေသည့် ဘာသာ စကားတခုအနေဖြင့်လည်းကောင်း၊ ခေတ်တခေတ်၏ပြောင်းလဲလာသော အရိပ်အယောင်များကို မြင်ယောင်စေနိုင်သောကြောင့် တေးသီချင်းအား ပျက်စီးသွားစေရန်မဟုတ်ဘဲ အထောက်အကူဖြစ်နိုင်စေရန် အသုံးပြုမည်ဆိုပါက သဘောကျ လက်ခံကြောင်း သူကဆက်ပြောသည်။

“တနှစ်တနှစ်သင်္ကြန်သီချင်းတွေကို နားထောင်လိုက်တာနဲ့ ဒီနှစ်လူငယ်တွေပါးစပ်ထဲမှာ ဘာတွေခေတ်စားပြီးသုံးနှုန်းနေလဲဆိုတာ သိနိုင်တယ်။ သီချင်းတွေထဲမှာပါတဲ့ ဗန်းစကားတွေက ခေတ်ကိုထင်ဟပ်စေတာ မှန်ပေမယ့် တချို့ အသုံးအနှုန်းတွေ ကျတော့ သီချင်းထဲမှာ ရုတ်တရက် ဘာပြောလို့ပြောသွားမှန်း မသိတာတွေလည်းရှိတယ်"ဟု  ရန်ကုန် စမ်းချောင်းမြို့နယ်တွင် နေထိုင်သည့် လူငယ်တဦးက ပြောသည်။

သင်္ကြန်တေးသီချင်းများနှင့် အခြားသီချင်းများတွင် ဗန်းစကားအသုံးအနှုန်းအများဆုံးထည့်သွင်း ရေးသားတတ်သော တေးရေးစိုးလင်းကလည်း "ကျနော်က လမ်းပေါ်လျှောက်သွားတာများတယ်၊ လူငယ်တွေနဲ့ပေါင်းတာများတယ်ဆိုတော့ သူတို့ပြောနေဆိုနေတာတွေထဲက ကျနော်သဘောကျတာလေးတွေရှိရင် မှတ်ထားလိုက်တာပါ"ဟု ဆိုသည်။

ထို့အပြင် တေးရေး၊တေးဆို ဟဲလေးကလည်း "ဒါကတော့ ခေတ်နဲ့အညီပြောတာ ဆိုတာတွေရှိတယ်ဆိုပေမယ့် အဓိက မရိုင်းဘဲနဲ့ ကိုယ်သုံးလိုက်တဲ့ အသုံအနှုန်းလေးက ချစ်စရာကောင်းရမယ်။ တဖက်သားကို မထိခိုက် မနစ်နာဘဲနဲ့ ပျော်စရာကနေ ပျက်စရာ မဖြစ်ရင်ကောင်းပါတယ်"ဟု ပြောသည်။

တေးသီချင်းများတွင် ထည့်သွင်းလာကြသည့် ဗန်းစကားများ ပြောင်းလဲသုံးနှုန်းမှုမှာ ဆယ်စုနှစ်တစုစီတွင် သိသိသာသာ ပြောင်းလဲလာကြောင်း တေးရေး မောင်သစ်မင်းကဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်