ရွေးကောက်ပွဲကို သြစတြေးလျ ပြည်နယ်တခု ဆန့်ကျင်

E-mail Print
၂၀၀၈ အခြေခံ ဥပဒေကို ပြန်လည် မသုံးသပ်သည့် အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း မရှိဘဲ ကျင်းပမည့် ရွေးကောက်ပွဲကို အသိအမှတ်ပြုမည် မဟုတ်ဟု သြစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေး (New South Wales) ပြည်နယ်လွှတ်တော်တွင် ယမန်နေ့က ကန့်ကွက်သူ မရှိ ဆုံးဖြတ်လိုက်သည်။

မြန်မာအစိုးရက ကျင်းပရန် ပြင်ဆင်နေသည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ထိုလွှတ်တော်တွင် တခဲနက် ဆန့်ကျင်လိုက် ခြင်းကြောင့် ကျေနပ်မိ သည်ဟု သြစတြေးလျရောက် ဒီမိုကရေစီအရေး ဆောင်ရွက်သူ ဒေါက်တာ မြင့်ချိုက ပြောသည်။

“နအဖအနေနဲ့  ကျင်းပမယ့် ရွေးကောက်ပွဲ ဟာ နိုင်ငံတကာ အသိအမှတ်ပြုမှုကို မရနိုင်တော့ဘူး ဆိုတဲ့ စဉ်းစားချက်မျိုးတွေ ရှိလာမယ်” ဟု Burma Campaign Australia (BCA) ခေါ် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့မှ ဒေါက်တာမြင့်ချိုက ပြောသည်။

လွှတ်တော်တွင် ထိုသို့ ဆုံးဖြတ်နိုင်ရန် အဆိုတင်သွင်းခဲ့သူ Dr. John Kaye နှင့် ၎င်းတို့ အဖွဲ့ လက်တွဲ၍ သြစတြေးလျ အစိုးရ တရပ်လုံးကို ဆက်လက် စည်းရုံးမည်ဟု ဆိုသည်။

သြစတြေးလျ၏ တခြားသော ပြည်နယ်များရှိ လွှတ်တော်များက ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဆွေးနွေးဆုံးဖြတ်ခြင်း မရှိသေးပေ။

သြစတြေးလျ အစိုးရသည် ၁၉၈၈ ခုနှစ်မှ စတင်၍ မြန်မာအစိုးရ ခေါင်းဆောင်များ၊ အစိုးရနှင့် နီးစပ်သူများကို ပြည်ဝင်ခွင့်  ပိတ်ပင်ထားသည်။ ၁၉၉၁ တွင် စစ်လက်နက် ပစ္စည်း ရောင်းချခြင်းကို ပိတ်ပင်လိုက်သည်။ မြန်မာအစိုးရနှင့် ပတ်သက်သည့် လုပ်ငန်းရှင်များ၏ ပြည်ပရှိ ငွေကြေးများ ထိန်းချုပ်နိုင်မည့် ဥပဒေတရပ်ကို ၂၀၀၇တွင် ပြဋ္ဌာန်းခဲ့သည်။

မြန်မာအစိုးရအပေါ် ၀ိုင်းဝန်း ဖိအားပေးကြရန် သြစတြေးလျရောက် မြန်မာ့အရေးလှုပ်ရှားသူများက လှုံ့ဆော်လျက်ရှိသည်။

ဒေသတွင်း နိုင်ငံတခုဖြစ်သည့် နယူးဇီလန်တွင်လည်း  မြန်မာ့အရေးလှုပ်ရှားသူများက အလားတူ လှုံ့ဆော်နေကြသည်။

မြန်မာစစ်အစိုးရ၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုကို  ကုလသမဂ္ဂတွင် အရေးယူရေးအတွက် ကူညီရန် နယူးဇီလန် အစိုးရကို တိုက်တွန်းနေကြောင်း နယူးဇီလန်ရောက် မြန်မာ့အရေး လှုံ့ဆော်သူတဦးက ပြောသည်။

“ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ မြန်မာကိစ္စ ဆွေးနွေးရင် နယူးဇီလန်နိုင်ငံက ပါဝင် ထောက်ခံပေးဖို့ နယူးဇီလန် အစိုးရကို မေတ္တာ ရပ်ခံနေပါတယ်” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ (NCUB) ၏ ကိုယ်စားလှယ် တဦးဖြစ်သူ ကိုနိုင်ကိုကိုက ဧရာဝတီကို ပြောသည်။

နယူးဇီလန် ၀န်ကြီးဟောင်း Maryan Street အပါအ၀င် ပါလီမန် အဖွဲ့ဝင် ၆ ဦးကို ယမန့်နေက တွေ့ဆုံ ခဲ့ကြောင်း၊ ၎င်းတို့က မြန်မာပြည် ဒီမိုကရေစီရေးအတွက် ဖြစ်နိုင်ခြေရှိသည့် ကိစ္စရပ်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ မ၀င်သည့် အပေါ် သဘောထားများကို  အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း ကိုနိုင်ကိုကိုက ပြောသည်။

Maryan Streetသည် မြန်မာပြည်အရေးကို ကူညီ ဆောင်ရွက်နေသူ တဦး ဖြစ်သည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်