စစ်အစိုးရ အပေါ် အမေရိကန် မူဝါဒ မပြောင်း

E-mail Print
စစ်အစိုးရနှင့် ထိတွေ့ ဆက်ဆံရေး မူဝါဒကို ပြန်လည် သုံးသပ်ရန် လွှတ်တော် အမတ်များက ဝေဖန်မှုများ ရှိသည့်တိုင် ယင်းမူဝါဒကို ဆက်လက် ကျင့်သုံးမည်ဟု အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး P. J Crowley က ပြောကြားလိုက်သည်။

မစ္စတာ Crowley က အမေရိကန် အစိုးရ အနေဖြင့် စစ်အစိုးရနှင့် ထိတွေ့ ဆက်ဆံရေး မူဝါဒကို ပြန်သုံးသပ်ရန် မရှိသေးကြောင်း၊ ထိုဆက်ဆံရေးမှ ရလဒ်များ ထွက်ပေါ် လာမည်ဟု မျှော်လင့်ကြောင်း ဧပြီ ၂၁ ရက်နေ့က သတင်းထောက်များနှင့် တွေ့ဆုံရာ တွင် ပြောကြားခြင်း ဖြစ်သည်။

“ထိတွေ့ဆက်ဆံရေး မူဝါဒကို ချမှတ်ခဲ့တာ ဘာကြောင့်လဲ ဆိုတော့ ပွင့်ပွင့် လင်းလင်း ပြောရရင် စီးပွားရေး ပိတ်ဆို့ အရေးယူမှု တခုတည်းနဲ့က အလုပ်မဖြစ်လို့ပါ၊ စစ်အစိုးရနဲ့ အဆင့်မြင့်ပိုင်း ဆွေးနွေးမှုတွေ စလုပ်ခဲ့ပါပြီ”ဟု Crowley က ဆိုသည်။

စစ်အစိုးရနှင့် တိုက်ရိုက်ဆက်ဆံပြီး စေ့စပ်ဆွေးနွေးခြင်းနှင့် ပိတ်ဆို့ဒဏ်ခတ်ခြင်းတို့အား တပြိုင်နက် ကျင့်သုံးမည့် မူဝါဒကို ယမန်နှစ် စက်တင်ဘာလတွင် အိုဘားမား အစိုးရက ချမှတ်ခဲ့သည်။

မြန်မာပြည်၏ အကျပ်အတည်းများသည် အချိန်ကာလ တနှစ်နှင့် မပြေလည်နိုင်သေးကြောင်း Crowley က ထည့်သွင်း ပြောကြားသည်။

မြန်မာ့အရေးလေ့လာသူ ဦးအောင်နိုင်ဦးက“ပထဝီနိုင်ငံရေးအရ မတူတဲ့ နိုင်ငံနှစ်ခုအနေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ဆိုတာ အချိန်လို ပါတယ်။ ရွေးကောက်ပွဲ ပြီးရင် တက်လာမယ့် အစိုးရနဲ့လည်း အမေရိကန် ဆက်ပြီး ဆွေးနွေးမှုတွေ လုပ်ချင် လုပ်နိုင်တယ်၊ အမေရိကန်အနေနဲ့ အချိန်ယူရမယ်လို့ မြင်ပါတယ်”ဟု သုံးသပ်သည်။

စစ်အစိုးရနှင့်လည်း ဆွေးနွေးမှုများ ဆက်လုပ်မည်ဖြစ်ကြောင်း၊ မြန်မာအစိုးရ၏ လုပ်ဆောင်ချက် တချို့ကို စိတ်ပျက်မိကြောင်း၊ အထူးသဖြင့် ရွေးကောက်ပွဲ ဥပဒေများနှင့် ပတ်သက်၍ ဖြစ်ကြောင်း Crowley က ပြောသည်။

“နိုင်ငံရေးဖြစ်စဉ်မှာ ပိုမို ပါဝင်လာနိုင်အောင် လမ်းဖွင့် ပေးရမယ်”ဟု ၄င်းက ဆိုသည်။

တဖက်သတ် ကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်သည့်အတွက် ရွေးကောက်ပွဲ ရလဒ်ကို အမေရိကန်က အသိအမှတ်ပြုမည် မဟုတ်ကြောင်းလည်း Crowley က ပြောသည်။

ယခင်သီတင်းပတ်အတွင်း မြောက်ကိုရီးယားက မြန်မာသို့ လက်နက်များ သင်္ဘောဖြင့် တင်ပို့သည့် သတင်း ထွက်ပေါ်မှုနှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာတွင်မူ Crowleyက ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ထားသည့် ဆုံးဖြတ်ချက်များကို လိုက်နာကြရန်သာ ပြောကြားသည်။

“မြန်မာအပါအဝင် နိုင်ငံတွေဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရာမှာ သတိရှိဖို့နဲ့ ပွင့်လင်းမြင်သာဖို့ အထူးသဖြင့် တာဝန်ရှိပါ တယ်။ မြန်မာနဲ့ မြောက်ကိုရီးယား စစ်ဘက်ဆိုင်ရာ ဆက်စပ်မှုကို ကျနော်တို့ ကာလ အတော်ကြာကတည်းက စိုးရိမ်မှု ရှိခဲ့ ပါတယ်။ မြန်မာအပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၇၁၈ နဲ့ ၁၈၇၄ ကို လိုက် နာကြမယ်လို့ မျှော်လင့်ပါတယ်”ဟု ၄င်းက ပြောဆိုခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်