ပြည်ပရောက် မြန်မာတို့၏ဆု ကျော်သူ ရရှိ

E-mail Print
မြန်မာနိုင်ငံ အတွင်း လူမှုရေး လုပ်ကိုင်သူများ အတွက် ပြည်ပရောက် မြန်မာပြည်သားတို့ ပထမဆုံး အကြိမ် ၀ိုင်းဝန်း ချီးမြှင့်သည့် “ပြည်သူ့ ဂုဏ်ရည်ဆု” ကို ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူက ရရှိသွားသည်။

နိုင်ငံတကာရောက် မြန်မာတို့ အများဆုံး အဆို တင်သွင်းကြသည့် လူမှုရေး လုပ်ငန်း လုပ်ဆောင်သူ ၅ ဦးကို အင်တာနက်မှ တဆင့် ရွေးချယ်ရာတွင် ဦးကျော်သူက မဲအများဆုံး ရရှိခဲ့ကြောင်း စနေနေ့က အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့တွင် ပြုလုပ်သည့် ဆုပေးပွဲ အခမ်းအနားတွင်  ဆုရွေးချယ်ရေး အဖွဲ့က ကြေညာလိုက်သည်။

ဒုက္ခရောက်နေသူများကို ကူညီမှု အတွက် ရသည့်ဆု ဖြစ်သောကြောင့် အလွန် အထွတ်အမြတ် ထားသည်ဟု ဦးကျော်သူက ဧရာဝတီသို့ ပြောသည်။

Kyaw-Thu“ပြည်တွင်းမှာ ရှိတဲ့ မြန်မာတွေရဲ့ လူမှုရေး စွမ်းဆောင်ချက်တွေကို ပြည်ပရောက် မြန်မာတွေက အခုလို မြန်မာ ပီသစွာနဲ့ အားပေး ချီးမြှင့်တာဟာ ကျနော်တို့ အတွက် အဖိုး မဖြတ်နိုင်တဲ့ အားဆေး တခွက် ဖြစ်တယ်” ဟု နာရေးကူညီမှု အသင်းကို တည်ထောင်ပြီး ၁၀ နှစ်ကြာ လူမှုရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် ဦးကျော်သူက ပြောသည်။

ဦးကျော်သူနှင့်အတူ နာရေးကူညီမှု အသင်းကို ဦးဆောင်နေသည့် ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်ကလည်း ယခု ရရှိသည့်  လူမှုရေးဆုကို ရုပ်ရှင်ထူးချွန်ဆုထက် ပိုမို တန်ဖိုးထားမိသည်ဟု ဆိုသည်။

“သူ အကယ်ဒမီ ရခဲ့တာတွေ အတွက် ကျမ အဲဒီလောက် ဂုဏ် မယူခဲ့မိဘူး။ ဒီဟာ ကျတော့ ကျမ ကိုယ်တိုင်လည်း ပါဝင်တယ်၊ အသင်းသူ အသင်းသား အားလုံးရဲ့ ကိုယ်စား ကိုကျော်သူ ရတဲ့ အတွက် ကျမ ဂုဏ်ယူပါတယ်” ဟု  ဒေါ်ရွှေဇီးကွက်က ဧရာဝတီကို ပြောသည်။

ဂုဏ်ပြုဆုနှင့်အတူ ငွေသားဆု အမေရိကန် ဒေါ်လာ ၇၀၀၀ လည်း ပါဝင်သည်ဟု သိရသည်။ ဆန်ခါတင်အဆင့်အထိ ပါဝင်ခဲ့သူ အခြား ၄ ဦးအတွက်လည်း ဂုဏ်ပြုဆုများနှင့် ငွေသားဆု ဒေါ်လာ ၁၀၀၀ စီ ချီးမြှင့်ခဲ့သည်။ ထို ပုဂ္ဂိုလ် ၄ ဦးမှာ  နာဂစ်ဒေသ ကယ်ဆယ် ကူညီရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့ကြသော လူရွှင်တော် ဇာဂနာ၊ သီတဂူ ဆရာတော် ဦးဉာဏိဿရ၊ HIV/AIDS ဝေဒနာရှင်များကို ကူညီသူ မဖြူဖြူသင်း၊ ပဲခူးမြို့မှ ဥပဒေ အကျိုးဆောင် ဦးအေးမြင့်တို့ ဖြစ်သည်။

ဆုများ ပေးအပ်နိုင်ရန် အမေရိကန် မြို့ကြီး ၁၄ မြို့နှင့် နိုင်ငံတကာမှ မြန်မာတို့က ကူညီ လှူဒါန်းခဲ့ကြသည်ဟု ဆိုသည်။

ယခုနှစ် ပြည်သူ့ ဂုဏ်ရည်ဆုအတွက် နိုင်ငံပေါင်း ၅၀ ကျော်တွင် ရောက်ရှိနေသူ မြန်မာပြည်သားတို့က ယခု လဆန်းပိုင်းမှ စတင်ပြီး ဆန္ဒမဲပေါင်း ၂ သိန်းကျော် ပေးပြီး ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း၊ မဲအများဆုံး ပေးသူများမှာ အမေရိကန် နှင့် စင်္ကာပူတွင် ရောက်နေသော မြန်မာပြည်သားများဖြစ်ကြောင်း သိရသည်။ 

ဆုကို လူမှုရေး လုပ်ငန်းများ လုပ်ဆောင် ရာတွင် ကိုယ်ကျိုးစွန့် အနစ်နာခံမှု၊ ကျယ်ပြန့် ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်မှု၊  နိုင်ငံသားများနှင့် လူ့ဘောင်လောက အတွက် စံပြဖြစ်မှု တို့ကို အခြေခံပြီး ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။ လာမည့် နှစ်များတွင်လည်း “ပြည်သူ့ ဂုဏ်ရည်ဆု” ကို ချီးမြှင့်ဦးမည်ဟု စီစဉ်သူများက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်