ငွေကြေးတတ်နိုင်သူများ ပုဂ္ဂလိက ကျောင်း တက်မည်

E-mail Print
မကြာမီ ဖွင့်လှစ်တော့မည့် ပုဂ္ဂလိက ကျောင်းများတွင် ပညာသင်စရိတ် ကြီးမားသော်လည်း ငွေကြေး တတ်နိုင်သူ အများ အပြား တက်ရောက်ကြဖွယ် ရှိကြောင်း ပညာရှင်များက သုံးသပ်ကြသည်။

အစိုးရကျောင်းများနှင့် မတူဘဲ ပညာ အမှန်တကယ် တတ်မြောက်စေရန် ဂရုတစိုက် သင်ပေးမည်ဟု ယူဆသဖြင့် မိဘများက ထိုကျောင်းများကို ရွေးချယ်ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

“ငွေကြေး တတ်နိုင်တဲ့ မိဘတွေက  ဟိုကျောင်းက ဆရာမတွေက ဘာဘွဲနဲ့ ကျောင်းပြီးတာလဲ၊ မာလ်တီ မီဒီယာ တွေပါလား  ဒီကျောင်းက စာကြည့်တိုက်ရှိလား ဆိုတာတွေ စုံစမ်းပြီးမှ ကောင်းသထက်ကောင်းတဲ့ ကျောင်းကို ထားကြတာ”ဟု အရှေ့ပိုင်း တက္ကသိုလ် သမိုင်းဌာနမှ ဆရာတဦးက ပြောသည်။

ကျောင်းသားတဦးလျှင် စာသင်နှစ် တနှစ် အတွက် ပညာသင်စရိတ် သိန်း ၂၀ ၀န်းကျင် ကုန်ကျမည်ဟု သိရသည်။ တချို့ ကျောင်းများတွင် ကျပ် သိန်း ၃၀ ၀န်းကျင် ကုန်ကျမည်ဟု ဆိုသည်။

ဇွန်လတွင် စတင် ဖွင့်လှစ်သွားမည် ဖြစ်ပြီး ယခု ကျောင်းအပ် လက်ခံနေသည်ဟု ဆိုသော ရန်ကုန်မှ ပုဂ္ဂလိက ကျောင်းများမှာ EC ပညာရေး၊ မဟာမြကျွန်းသာ၊ ဟယ်လ်ပင် ဂရု၊ ပညာနန်းတော်၊ ဇင်ရော်၊ SUCCESS တို့ဖြစ်သည်။

ပုဂ္ဂလိကကျောင်းများတွင် ၅ တန်းမှ ၁၀ တန်း အထိ တက်ရောက်နိုင်ကြောင်း၊ တက်ရောက်သူများ၏ ကျောင်းဝတ်စုံသည် အစိုးရကျောင်း တက်သူများနှင့် တပြေးညီ ဖြစ်ကြောင်း သိရသည်။

ကျောင်းပေါ် မူတည်ပြီး ကလေး၏ အရည်အချင်း များစွာ ပြောင်းလဲနိုင်ကြောင်း ရန်ကုန် စီးပွားရေး တက္ကသိုလ် ပါမောက္ခ ဟောင်း တဦးက ပြောသည်။

“ဆရာတွေက ကျောင်းမှာ အပြည့်အ၀ မသင်တော့ဘူး။ ကျုရှင်မှာ ဆက်သင်တယ်။ ဒီလိုဆိုတော့ မိဘတွေဘက်ကလည်း ပိုက်ဆံ များများ ပေးပြီး သေချာဂရုစိုက်ပေးတဲ့ ပုဂ္ဂလိက ကျောင်းတွေဘက်ကို ပို အားသာလာတာပေါ့”ဟု သူက ပြောသည်။

ပုဂ္ဂလိကကျောင်း တရားဝင် ဖွင့်ခွင့် ရရှိထားသူ ဆရာတဦးက“ကျောင်း ကောင်းရမယ်၊ ဆရာ ကောင်းရမယ်၊ စနစ် ကောင်းရ မယ်၊ အဲဒီ ၃ ခု ရှိရင် အသင်ခံရမယ့် ကျောင်းသား မတော်တာ မရှိပါဘူး”ဟု ပြောသည်။

အငြိမ်းစားပညာရေးမှူးတဦးက ကျောင်းများ၏ ပညာရေး အခြေအနေကွာဟမှု ထိန်းချုပ်နိုင်ရန် အရေးကြီးသည်ဟု ဆိုသည်။ “ဘယ်ကျောင်းကပဲ အောင်အောင် ပညာအရည်အချင်းကွာဟမှု မဖြစ်အောင် လုပ်သင့်တယ်”ဟု သူက ပြောသည်။

အစိုးရကျောင်းများတွင် ဆရာ မလာခြင်း၊ စာသင်ချိန် မပြည့်ခြင်း စသည့် ပြဿနာများကို ဖြေရှင်းသင့်ပြီး အရည်အသွေး ပြည့်မီသည့် ပညာသင်ကြားမှု ရရှိရန် စနစ်တကျ အကောင်အထည် ဖော်သင့်ကြောင်းလည်း သူက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်