မီးလောင်မှု အများစု လျှပ်စစ်မီးကြောင့်ဖြစ်

E-mail Print
ရန်ကုန်မြို့နှင့် နယ်မြို့ရှိ ဈေးကြီး ၃ ဈေး အပါအ၀င် ယခုနှစ် အတွင်း မီးလောင်ဆုံးရှုံးခဲ့ရမှု အများစုသည် လျှပ်စစ်မီးကြောင့် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယင်းမီးလောင်မှုကြောင့် ငွေတန်ဖိုး ကျပ် သိန်းပေါင်းများစွာ ဆုံးရှုံးခဲ့ပြီး အဆောက်အအုံနှင့် ဈေးဆိုင်ခန်းပေါင်း ထောင်နှင့်ချီ ပျက်စီး ဆုံးရှုံးမှုရှိခဲ့ကြောင်း သတင်းများတွင် ရေးသားဖော်ပြသည်။

မြန်မာနိုင်ငံ၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားရသည့် အကြောင်းရင်းအများစုသည် လျှပ်စစ် ၀ါယာကြိုးများ အသစ် လဲလှယ်မှု မရှိ ခြင်း၊ အရည်အသွေး မပြည့်မီခြင်း နှင့် မီးအားအတက်အကျ မမှန်ခြင်းတို့ကြောင့် ဖြစ်ကြောင်း လျှပ်စစ် အင်ဂျင်နီယာများက ပြောသည်။

mangalar-zay-yznရန်ကုန်မြို့နှင့် တခြားမြို့ကြီးများတွင် တပ်ဆင်ထားသော လျှပ်စစ်ဝါယာကြိုး အများစုသည် သက်တမ်းအလွန် ကြာမြင့်နေပြီး လဲလှယ်မှုမရှိဘဲ ဆက်လက် သုံးစွဲနေခြင်းက မီးလောင်ကျွမ်းမှု ဖြစ်ပေါ်စေသည့် အကြောင်းရင်းတခု ဖြစ်ကြောင်း လျှပ်စစ် အင်ဂျင်နီယာ တဦးက ရှင်းပြသည်။

ဝါယာကြိုးများ အသစ်လဲလှယ်ရာတွင်လည်း တရုတ်နိုင်ငံမှ တင်သွင်းလာသော ဈေးသက်သာ၍ အရည်အသွေး မကောင်း သည့် ကြိုးများကို သုံးစွဲကြကြောင်း အဆိုပါ အင်ဂျင်နီယာက ဧရာဝတီကို ပြောသည်။

၎င်းက “မဖြစ်မနေ ပြင်ရမယ် ဆိုရင်လည်း ရှော့ဖြစ်တဲ့ နေရာကနေ ဓာတ်တိုင် တတိုင်စာလောက် ဖြတ်ပြီး ပြင်ကြတာ”ဟု ဆို သည်။

လျှပ်စစ်မီးကြိုးများတွင် နန်းကြိုးမျှင် အရေအတွက်၊ နန်းကြိုးမျှင် အရွယ်အစား ရှိသင့်သည့် သတ်မှတ်ချက်အတိုင်းကို သုံးစွဲခြင်း မပြုကြကြောင်းလည်း လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနမှ ၀န်ထမ်းတဦးက ပြောသည်။

“၀ါယာရှော့ဖြစ်ရာက မီးလောင်တယ်၊ မီးကြိုးတွေအရည်ပျော်တယ် ဆိုတာ သုံးထားတဲ့ မီးကြိုးရဲ့သက်တမ်း၊ အရည်အသွေး၊ ခံနိုင်ရည် ဒီအချက်တွေ မပြည့်စုံလို့ပါ”ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံအနေနှင့် သုံးစွဲနေသည့် မီးကြိုးများ လဲလှယ်မှုအပိုင်းတွင် စနစ်ကျနမှု မရှိသေးသည့်အပြင် လျှပ်စစ်မီးမှန်မှန် မရ ခြင်းကြောင့် လျှပ်စစ်မီး လွှတ်ချိန်တွင် အပြိုင်အဆိုင် မီးဆွဲယူမှုများရှိပြီး ဗို့အား အတက်အကျ မမှန်ဘဲ ဝါယာရှော့ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားခြင်းများ ရှိကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

ထို့အပြင် လျှပ်စစ်မီးပျက်ချိန်၊ လာချိန်များ မမှန်ကန်သောကြောင့် သုံးစွဲသည့် လျှပ်စစ်ပစ္စည်းများကို ပါဝါနှင့် ဖြတ်တောက် ထားရန် မေ့လျော့ပြီး မီးလာချိန် အပူလွန်ကဲ၍ မီးလောင်ခြင်းများ မကြာခဏ ရှိနေကြောင်းလည်း သိရသည်။

လျှပ်စစ်ကျွမ်းကျင်သူ ပညာရှင်တဦးက“ကြေးနန်းကြိုးတွေကို ချိတ်ဆက်တဲ့ နေရာတွေမှာ သေသပ်မှုမရှိတာ၊ တပ်ဆင် ထား တဲ့ ဖြူးစ် အရွယ်အစားက ရှိသင့်တဲ့ အရွယ်အစား မရှိတာ၊ ခိုင်မာသေသပ်မှုမရှိတာ၊ အဆောက်အအုံကို သွယ်တန်းထားတဲ့ ဓာတ်အားပေးလွှတ်ကြိုး သေးငယ်တာ၊ အရည်အသွေးညံ့တာ၊ မီးအားအဖွင့် အပိတ်လုပ်တဲ့ ခလုတ်က မီးအားမမှန်ရင် ခံနိုင်ရည်မရှိတာ ဒီအချက်တွေမှာ အားနည်းနေသေးတော့ တာဝန်ရှိသူတွေ အနေနဲ့ ဖြည့်ဆည်း ဆောင်ရွက်သင့်ပါတယ်”ဟု ပြောသည်။

ယခုနှစ် ဇန်နဝါရီလမှ ဇွန်လဆန်းအထိ ၆ လအတွင်း ရန်ကုန်မြို့မှ သင်္ဃန်းကျွန်းဈေး၊ မင်္ဂလာဈေးနှင့် စစ်ကိုင်းတိုင်း မုံရွာမြို့မှ ချင်းတွင်း ရတနာ ဈေး စသည့် ဈေးကြီး ၃ ဈေး မီးလောင် ဆုံးရှုံးမှုဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့ နံနက် ၃ နာရီခန့်က မုံရွာမြို့ရှိ ချင်းတွင်းရတနာဈေး မီးလောင်ကျွမ်းရသည့်အကြောင်း အရင်းကို စုံစမ်း စစ်ဆေးဆဲဟု အာဏာပိုင်များက ဆိုသော်လည်း လျှပ်စစ် ၀ါယာရှော့ဖြစ်၍ လောင်ကျွမ်းရကြောင်း ဒေသခံများက ပြောဆိုခဲ့ ကြပြီး သတင်းများတွင်လည်း ဖော်ပြခဲ့ကြပြီးဖြစ်သည်။ ချင်းတွင်းရတနာဈေး မီးလောင်မှု၌ ဆိုင်ခန်းပေါင်း ၄၀၆ ခန်း လောင်ကျွမ်းပျက်စီး ခဲ့ကြောင်း အစိုးရသတင်းစာက ဖော်ပြသည်။

အလားတူ မေလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် ရန်ကုန်မင်္ဂလာဈေး မီးလောင်ကျွမ်းမှုသည် မီးဖြတ်ထားချိန် ရေနွေးအိုး တည်ထားမိပြီး ခလုတ်မပိတ်ခဲ့ မိသောကြောင့် မီးလာသည့်အချိန်တွင် ရေခန်း၍ အပူလွန်ကဲကာ စတင် လောင်ကျွမ်းခြင်း ဖြစ်ကြောင်း၊ ထိုသို့ ဖြစ်ပွားခဲ့ရသည့်အတွက်ကြောင့် ဆိုင်ရှင် ၃ ဦးအား မီးပေါ့ဆမှုဖြင့် အရေးယူထားကြောင်းလည်း အစိုးရ သတင်းစာများတွင် ဖော်ပြပါရှိသည်။

မင်္ဂလာဈေး မီးလောင်မှုတွင် အလှကုန်ပစ္စည်းနှင့် ဆေးဝါး ဆိုင်ခန်း ၇၉၇ ခန်း၊ စားသောက်ဆိုင်ပေါင်း ၄၈ ဆိုင် မီးလောင် ဆုံးရှုံးခဲ့သည်။ ပစ္စည်း ဆုံးရှုံးမှု ခန့်မှန်းခြေ တန်ဖိုး ကျပ် သိန်းပေါင်း (၂၀၉၂၆၃)သိန်း ဖြစ်ကြောင်း၊ အဆောက်အအုံ ပျက်စီး ဆုံးရှုံးမှု တန်ဖိုးကိုမူ တွက်ချက်ဆဲဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။အစိုးရသတင်းစာတွင် ရေးသားထားသည

ယခုနှစ်အတွင်း ပထမဆုံး ဈေးမီးလောင်မှုမှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဖြစ်ပွားခဲ့သော သင်္ဃန်းကျွန်းဈေး မီးလောင် မှု ဖြစ်ပြီး ဆိုင်ခန်း မျက်နှာကျက်များတွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှတဆင့် ဖြစ်ပွားခဲ့ရကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဆိုင်ခန်းပေါင်း ၇၈၆ ခန်းရှိသော သင်္ဃန်းကျွန်း ဈေးကြီးသည် မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ခန်း ၆၅၁ ခန်း ပျက်စီး ဆုံးရှုံး သွား သည်ဟု သင်္ဃန်းကျွန်း မြို့နယ် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူ တဦးက ပြောပြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်