ကလေးစစ်သား စုဆောင်းမှုများ ဆက်လက် ရှိနေဆဲ

E-mail Print
ယခုနှစ်ဝက်တာ ကာလအတွင်း ကလေးစစ်သား စုဆောင်းခံရခြင်း အတွက် လမ်းပြကြယ် အဖွဲ့သို့ အကူအညီပေးရန် တိုင်တန်းမှုပေါင်း ၂၄ မှုအထိ လက်ခံရရှိ ထားပြီး ရန်ကုန်ရှိ ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် (ILO) နှင့်အတူ ပူးပေါင်း ဖြေရှင်းနေကြောင်း သိရသည်။

ပဲခူးမြို့ အခြေစိုက် လမ်းပြကြယ် အဖွဲ့မှ ရှေ့နေကြီး ဦးအေးမြင့်က “မြန်မာပြည်မှာ ကလေးစစ်သား စုဆောင်း ခံရမှု ဇာတ်လမ်းတွေ ကလည်း ထပ်နေပြီ။ အခုထိ မပပျောက် သေးဘူး။ ကလေး တွေကို  စစ်တပ်ထဲ လူကုန်ကူး ရောင်းစားလို့ ရတဲ့ အခြေအနေ ဖြစ်နေတော့ မိဘတွေကို တိုက်တွန်း ချင်တာက အရွယ် မရောက်သေးတဲ့ သားယောက်ျား လေးတွေကိုလည်း ဓားထမ်း ပြီးတော့သာ စောင့်ရှောက် ကြပါ" ဟု ပြောသည်။

လမ်းပြကြယ်အဖွဲ့သို့ ယခုနှစ်အတွင်း တိုင်ကြားလာသော ကလေးစစ်သား စုဆောင်းခံရမှုများအနက် မောင်ပြည့်ဖြိုးအောင်သည် ၂၃ ယောက်မြောက်ဖြစ်ကြောင်း သိရသည်။ မောင်ပြည့်ဖြိုးအောင်သည် စစ်သားအဖြစ် စုဆောင်းခံရချိန်တွင် အသက် ၁၅ နှစ်သာရှိသေးပြီး မှော်ဘီ အ.ထ.က (၂)၊ အဋ္ဌမတန်းတွင် ပညာသင်ကြားနေသည်။

“ကျမသားလေးကို မနှစ်က ဒီဇင်ဘာ ၁၇ ရက်နေ့က ကျောင်းအဆင်းမှာ အမှတ် (၆) စစ်မြေပြင် ဆေးတပ်ရင်းက တပ်ကြပ်ကြီး မင်းလွင်ဆိုတဲ့လူက ခေါ်သွားတယ်လို့ နောက်နေ့မှ သိရတယ်။ သူကတဆင့် မင်္ဂလာဒုံ စစ်သားစုဆောင်းရေးက တပ်ကြပ်ကြီး ဦးထူးဆီကို ပို့လိုက်တယ်လို့ ကျမတို့ကို နောက်မှ သားက ပြန်ပြောပါတယ်" ဟု ဇွန်လ ၁၈ ရက်နေ့က လမ်းပြကြယ်အဖွဲ့သို့ သွားရောက်တိုင်ကြားသူ မောင်ပြည့်ဖြိုးအောင်၏ မိခင် ဒေါ်သန်းသန်းဝင်းက ဧရာဝတီသို့ ပြောသည်။

မင်္ဂလာဒုံ စစ်သား စုဆောင်းရေးမှတဆင့်  မကွေး အမှတ် (၃) စစ်သား စုဆောင်းရေးသို့ လွှဲပြောင်းခံရကာ ရမည်းသင်း အခြေခံ စစ်သင်တန်းကျောင်းသို့ စစ်ပညာသင်ရန် ရောက်သွားခဲ့ရကြောင်း၊ ယခုအခါ ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ အမှတ် (၉၁၄) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းတွင် တာဝန်ထမ်းဆောင်နေရကြောင်း သိရသည်။

မောင်ပြည့်ဖြိုးအောင်၏ ဖခင် ဦးနိုင်လင်းကလည်း “ကျနော်တို့က ဒီလပိုင်းကျမှ ကလေးနဲ့ အဆက်အသွယ်ရတယ်။ သူ မပျော်ဘူး၊ ကျောင်းပဲ ပြန်တက်ချင်တယ်လို့ ဖုန်းထဲကနေ ပြောတယ်။ ကျနော်တို့ကတော့ လမ်းပြကြယ်က တဆင့် ILO ကို တင်ပြသွားမှာပါ"ဟု ပြောသည်။

ဇွန်လ ၁၉ ရက်နေ့ကလည်း ၂၄ ယောက်မြောက် စစ်သား စုဆောင်းခံရသူ၏ ဖခင်က လမ်းပြကြယ်အဖွဲ့ထံ တိုင်ကြားခဲ့ကြောင်း သိရသည်။

“ကျနော်က ရန်ကုန် သီရိမင်္ဂလာဈေးမှာ ကုန်ထမ်းနားပြီး ည ၉ နာရီခွဲလောက် လက်ဖက်ရည်ဆိုင်မှာ တီဗီကြည့်နေတုန်း ကျနော့်သား မောင်သက်ပိုင်ကို ရဲ ၂ ယောက်က မင်းကို ထောင်ချမယ်ဆိုပြီး ဆွဲခေါ်သွားတယ်တဲ့။ နောက်မှ ကျနော်က ပြန်သိရတယ်။ အခုသူ့ကို ဓညင်းကုန်း စစ်သားစုဆောင်းရေးကနေ သင်တန်းကျောင်းကို ပို့လိုက်ပြီလို့ သိရတယ်"ဟု ဖခင်ဖြစ်သူ ဦးလှမြင့်က ပြောသည်။

မောင်သက်ပိုင်သည် စစ်သားစုဆောင်းခံရချိန်တွင် အသက် ၁၉ နှစ် ကျော်ပြီဖြစ်သော်လည်း အုပ်ထိန်းသူ၏ ခွင့်ပြုချက်မပါဘဲ  စစ်တပ်တွင်း သွတ်သွင်းခံခဲ့ရသောကြောင့် ILO သို့ တိုင်ကြားပေးသွားမည်ဟု ဦးအေးမြင့်က ပြောသည်။

“မြန်မာအစိုးရနဲ့ ILO နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးထားတာက အဓမ္မခိုင်းစေမှုနဲ့  ကလေးစစ်သားဆိုတော့ ဒီကိစ္စဟာ အဓမ္မခိုင်းစေမှုနဲ့ အကျုံးဝင်တယ်။ နောက်ပြီး ၁၉၅၆ တပ်မတော် အက်ဥပဒေအရ ဆိုရင်လည်း စစ်တပ်ထဲဝင်တဲ့သူဟာ အသက် ၁၈ နှစ် ပြည့်ပြီးပေမယ့်လည်း အုပ်ထိန်းသူ သဘောတူညီချက်ကို ယူရတယ်။ ဒီအချက်ကိုလည်း ဖောက်ဖျက်နေတယ်။ ဒါကြောင့် ILO ကို တိုင်လို့ရတယ်" ဟု ဦးအေးမြင့်က ရှင်းပြသည်။

လမ်းပြကြယ်အဖွဲ့သည် ၂၀၀၉ ခုနှစ် အတွင်းက ကလေးစစ်သား စုဆောင်းခံရမှု ၁၀၀ ကျော်ကို ကူညီဖြေရှင်းပေးခဲ့ရပြီး ယခုနှစ်အတွင်း တိုင်ကြားမှု ၂၄ မှု ရှိသည့်အနက် ၁၈ ဦးခန့်ကို တပ်တွင်းမှ ပြန်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

စစ်အစိုးရအနေဖြင့် ယခင်က ကလေးစစ်သားမရှိပါဟု ငြင်းဆိုနေရာမှ ပြည်ပအဖွဲ့အစည်း အသီးသီး၏ ဖော်ထုတ်ချက်များကြောင့် ၂၀၀၄ ခုနှစ်မှစတင်ကာ ကလေးစစ်သား ပပျောက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သော်လည်း ယနေ့အချိန်ထိ ကလေးစစ်သား စုဆောင်းမှုများ ရှိနေဆဲဖြစ်သည်။

စစ်တပ်က စုဆောင်းထားသော ကလေးစစ်သားအမှုများမှာ တပ်မတော်မှ ဖွဲ့စည်းထားသည့် ကလေးစစ်သား ပပျောက်ရေး ကော်မတီ၏ ဖော်ထုတ်ချက်များအရ ပေါ်ပေါက်လာသည်မရှိဘဲ မိဘဆွေမျိုးများ၏ တိုင်ကြားချက်များအရသာ ပေါ်ပေါက်လာလေ့ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်