နိုင်ငံရေးလှုပ်ရှားမှု လုပ်ရန် ခွင့်ပြုမိန့် တောင်းရမည်

E-mail Print
မှတ်ပုံတင်ခွင့် ရရှိပြီးသော နိုင်ငံရေး ပါတီများသည် စုဝေးခြင်းနှင့် ဟောပြော ခြင်းများ ပြုလုပ်လိုပါက သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲသို့ အနည်းဆုံး ၇ ရက်ခန့် ကြိုတင်၍ ခွင့်ပြုမိန့်ကို လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

ယနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ပါရှိသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သော နိုင်ငံရေး ပါတီများ ပါတီဝင် အင်အား စုဆောင်းခြင်းနှင့် စပ်လျဉ်းသည့် (ညွှန်ကြားချက် အမှတ် - ၂/၂၀၁၀) တွင် ယင်းသို့ ဖော်ပြထားခြင်း ဖြစ်သည်။

ခွင့်ပြုမိန့် လျှောက်ထားသည့် ပါတီများသည် စုဝေး ဟောပြောမည့် နေရာ၊ နေ့ရက်၊ စတင်မည့် အချိန်နှင့် ပြီးဆုံးမည့် အချိန်၊ တက်ရောက်မည့် လူအင်အား၊ ဟောပြောမည့်သူ၏ အမည်၊ မှတ်ပုံတင်အမှတ်နှင့် နေရပ်လိပ်စာတို့ကိုလည်း တင်ပြရမည်ဟု ညွှန်ကြားချက်တွင် ပါရှိသည်။

ကော်မရှင် အဖွဲ့ခွဲက လျှောက်ထားချက်ကို စိစစ်ပြီး ခွင့်ပြုမိန့်ကို စုဝေး ဟောပြောခြင်း မစတင်မီ ၄၈ နာရီထက်မနည်း ကြိုတင် ထုတ်ပေးမည်ဖြစ်သကဲ့သို့ ပါတီများက လျှောက်ထားချက်ကို ပြန်လည် ဖျက်သိမ်းလိုပါကလည်း ၄၈ နာရီထက်မနည်း ကြိုတင် အကြောင်းကြားရမည်ဟု ဖော်ပြထားသည်။

၄၈ နာရီထက် မနည်း ကြိုတင် အကြောင်းကြားရန် အမိန့်ထုတ်ခြင်းမှာ ဟောပြောသည့်နေရာတွင် လုံခြုံရေးတပ်များ ချထားရေး ပြင်ဆင်ရန် ဖြစ်ကြောင်း  ဆက်လက်ဖော်ပြထားသော ညွှန်ကြားချက်အရ သိရသည်။

စုဝေး ဟောပြောရာတွင် အလံများ မကိုင်ဆောင်ရန်၊ စီတန်းလှည့်လည် ကြွေးကြော် ချီတက်ခြင်း မပြုရန်နှင့် ဟောပြောပွဲ ပြီးဆုံးပါက ကြွေးကြော် ချီတက်ခြင်းများ မပြုဘဲ လူစုခွဲရန်စသည့် စည်းကမ်းချက်များကို ခွင့်ပြုမိန့်ထုတ်ပေးရာတွင် သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲက သတ်မှတ် ဖော်ပြရမည်ဟုလည်း ပါရှိသည်။

ပါတီများအနေဖြင့် ကျောင်းသားများနှင့် ဝန်ထမ်းများကို ပစ်မှတ်ထား လှုံ့ဆော် ဟောပြောခြင်း မပြုရန်လည်း ကန့်သတ် ထားပြီး ကော်မရှင်အဖွဲ့ခွဲက ပါတီများ၏ လျှောက်ထားချက်ကို ခွင့်ပြုမိန့် ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည့် လုပ်ပိုင်ခွင့်ကိုလည်း ပေးအပ်ထားသည်။

ပါတီများသည် ညွှန်ကြားချက်ပါ တားမြစ်ချက်၊ ခွင့်ပြုမိန့် တားမြစ်ချက်များကို လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရရော  နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရပါ အရေးယူခြင်း ခံရမည်ဟု ဖော်ပြထားသည်။

ယနေ့အထိ ပါတီ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီပေါင်း ၄၂ ပါတီ၊ မှတ်ပုံတင်ခွင့် ကျသဖြင့် လျှောက်ထားသည့် ပါတီ ၃၆ ပါတီနှင့် မှတ်ပုံတင်ခွင့် ပြုပြီးပါတီ ၃၃ ပါတီ ရှိပြီ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်