မိုဘိုင်းဖုန်း ဆက်သွယ်ရေး အခက်အခဲပိုရှိမည်

E-mail Print
မိုဘိုင်းဖုန်းလိုင်း တသိန်း သုံးသောင်းကျော် ထပ်မံတိုးချဲ့မည် ဆိုပါက တယ်လီဖုန်း ဆက်သွယ်မှုစနစ် အခက်အခဲများ ပိုရှိလာ နိုင်ကြောင်း ဆက်သွယ်ရေး ပညာရှင်များက ဝေဖန် သုံးသပ် လိုက်သည်။

မိုဘိုင်း ဖုန်းလိုင်း အမျိုးအစားများ ဖြစ်သည့် GSM နှင့် W-CDMA များအား ထပ်မံတိုးချဲ့ သောကြောင့်  ၂၀၁၀-၂၀၁၁ ဘဏ္ဍာ ရေးနှစ် ကုန်ဆုံးချိန်တွင် မိုဘိုင်းဖုန်း ၆ သိန်းကျော် ရှိလာမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ အင်ဂျင်နီယာ တဦးက ပြောသည်။

“လက်ရှိ သုံးနေတဲ့ GSM ဖုန်းတွေကို ပြည်ပမှာပါ သုံးလို့ရအောင် လုပ်မယ် ဆိုတဲ့ အစီအစဉ် ရှိတော့ ဖုန်းလိုင်း တွေကို ထပ်တိုးပြီး ချပေးလိုက်တာ။  အာဏာပိုင်တွေ အနေနဲ့က နိုင်ငံခြားနဲ့ ပိုဆက်သွယ်တော့ ပြည်ပ ခေါ်ဆိုမှုက ရတဲ့ ၀င်ငွေတိုးအောင် လုပ်တဲ့ သဘောပါပဲ” ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ ဖုန်းလိုင်း ချထားပေးမှု များပြားလာသော်လည်း ပြည်သူလူထုအတွက် အကျိုးမဖြစ်ထွန်းသည့် ဆက်သွယ်စနစ်အဖြစ် ဆက်လက်တည်ရှိနိုင်ကြောင်း အဆိုပါ အင်ဂျင်နီယာက ဆိုသည်။

“နိုင်ငံတနိုင်ငံရဲ့ ဆက်သွယ်ရေးစနစ်မှာ အခြေခံ လိုအပ်ချက်တွေ ပြည့်စုံနေဖို့လိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြောရရင်  တခြားနိုင်ငံတွေထက် ဖုန်းလိုင်းစနစ်များပြီး ရှုပ်ထွေးနေတယ်။ ဒီရှုပ်ထွေးနေတဲ့  ဖုန်းလိုင်းတခုချင်းစီအတွက် ထိန်းချုပ်ရေး စခန်းတွေကလည်း စနစ်တကျမရှိဘူး။ ဒီလို အခြေခံတွေကို စနစ်တကျ လည်ပတ်နိုင် အောင်လုပ်သင့်ပါတယ်”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံမှ ဆက်သွယ်ခေါ်ယူမှု အများဆုံးဖြစ်သည့် မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် စင်င်္ကာပူနိုင်ငံတို့အား ဆက်သွယ်ပြော ဆိုနိုင်ရန် အာဏာပိုင်များက ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ပြည်တွင်းအခြေစိုက် ဂျာနယ်များတွင် ဖော်ပြထားသည်။

“ဆက်သွယ်ရေး ရုံးတွေ၊ ဖုန်းတမျိုးစီအတွက် ထိန်းချုပ်ရေး စခန်းတွေကလည်း အများကြီးဖြစ်နေတော့ လိုင်းကြပ်တာ၊  ဖုန်းခေါ်ရခက်တာ၊ လိုင်းပြုတ်ကျသွားတာတွေ၊ အမျိုးအစားညံ့တဲ့ မိုဘိုင်းဖုန်းတွေဆိုရင် ခဏသုံးမရ ဖြစ်သွားတတ်တာ ဒီပြဿနာတွေ ရှိနေတုန်း” ဟု  တပ်မတော် ကွန်ပျူတာ ကွန်ရက်များ ညွန်ကြားရေးမှူးရုံး (ကက-ကွန်) မှ အရာရှိတဦးက ပြောသည်။

အမျိုးအစားမတူညီသည့် ဆက်သွယ်ရေး ကွန်ရက်ဖုန်းလိုင်းများ  ဖြန့်ကျက်ထားခြင်းကြောင့် ကွန်ရက် ပဋိပက္ခများပါ ဖြစ်လာကြောင်း၊ အရှေ့တောင် အာရှ နိုင်ငံများထဲတွင် မြန်မာနိုင်ငံသည် ဖုန်းလိုင်းအမျိုးများစွာဖြင့် ဆက်သွယ်ပြောဆိုမှုပြုလုပ်နေသည့်  တခုတည်းသော နိုင်ငံဖြစ်ကြောင်း သိရသည်။

မန္တလေးရှိ မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာတဦးက “လိုင်းချဲ့ဖို့အတွက် ထိန်းချုပ်ရေး စခန်းတွေကို ပုဂ္ဂလိကပေးပြီး ဆောက်ခိုင်းဖို့ လုပ်နေတယ်။ အရင်က ထိန်းချုပ်ရေး စခန်းတွေ နည်းပါးနေတော့ လိုင်းမကောင်းဘူး။ အခု  ထိန်းချုပ်ရေး တာဝါတွေ တိုးချဲ့နေတော့ လိုင်းဆွဲအား ကျဆင်းနေတယ်။ ဆောက်ပြီးရင်တော့ ဘယ်လိုဖြစ်မယ် မသိသေးဘူး” ဟု ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တယ်လီဖုန်းစနစ်များ အားလုံးကို ထိန်းချုပ်လုပ်ကိုင်နေပြီး ဦးတေဇ ပိုင်ဆိုင်သည့် Central Marking ကုမ္ပဏီနှင့် ပူးပေါင်း၍လည်း CDMA  တခါသုံး ဖုန်းကတ်များ ရောင်းချနေသည်။ ယခုနှစ်အတွင်း GSM Radio Stations အသစ် ၃၃ ခု ခန့်ကို တည်ဆောက်ရန် ပုဂ္ဂလိကလုပ်ငန်းများကို လုပ်ကိုင်ခွင့်များ ချပေးရန်လည်းရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအမျိုးအစားစုံ စုစုပေါင်း ၆ သိန်း ၁ သောင်းကျော် ရှိလာမည်ဖြစ် ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ မိုဘိုင်းဖုန်း အရေအတွက် ၄ သိန်း ၈ သောင်းကျော် ရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ နှစ်ကုန်အထိ မြန်မာတနိုင်ငံလုံးတွင် တယ်လီဖုန်းလိုင်း ပေါင်း ၂,၀၀၈,၀၆၉ ကို မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းက တပ်ဆင်ပြီးဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်