ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းတွဲ ၂ ထောင်ကျော်ရောင်းရ

E-mail Print
ရန်ကုန်မြို့ Myanmar Convention Center (MCC) တွင် မြန်မာ့ ကျောက်မျက် ရတနာပြပွဲနှင့် အထူး ဈေးရောင်းပွဲတော် ကျင်းပလျက် ရှိရာ ကျောက်စိမ်း တွဲပေါင်း ၂၁၀၀ ခန့် ရောင်းချခဲ့ရကြောင်း မြန်မာ့ ကျောက်မျက် ရတနာ လုပ်ငန်းနှင့် နီးစပ်သူ တဦးက ပြောသည်။ 

အဆိုပါ ပြပွဲတွင် စိန်ရွှေ ရတနာဆိုင်များ အပါအဝင် နိုင်ငံပိုင် ကျောက်မျက် လုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီ ၃၀၀ ကျော် တို့က ဈေးပြိုင်စနစ်ဖြင့် ပါဝင်ရောင်းချကြပြီး ကျောက်စိမ်း အတွဲပေါင်း ၁၁၅၀၀ ပြသရောင်းချနေကြောင်း သိရသည်။


ယခု ကျင်းပနေသည့် မြန်မာ့ကျောက်မျက် ရတနာ ပြပွဲမှာ ၄၈ ကြိမ်မြောက်ဖြစ်ပြီး ပြပွဲကို ဇွန် ၂၅ ရက်နေ့မှ ဇူလိုင် ၇ ရက်အထိ  ၁၃ ရက် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

“အစိုးရပိုင် ကျောက်မျက်ဆိုင်က တွင်းထွက် ကျောက်စိမ်းတုံးကြီးတွေကို သီးသန့် ရောင်းတာ များတယ်။ ကျနော်တို့လို ကိုယ်ပိုင် ဆိုင်တွေ ကတော့ ကျောက်စိမ်းနဲ့ တခြားကျောက်မျက်တွေ တွဲရောင်းကြတယ်” ဟု ပြပွဲတွင် ပါဝင် ရောင်းချနေသူ တဦးက ပြောသည်။

ကျောက်စိမ်းနှင့် လက်ဝတ်ရတနာ ဈေးကွက်အတွင်း ပြည်ပမှ လာရောက် ၀ယ်ယူသူများတွင် တရုတ်လူမျိုး အများဆုံး ပါဝင်ပြီး ဥရောပနှင့် အမေရိကန် လူမျိုးများလည်း လာရောက် ၀ယ်ယူကြကြောင်း သိရသည်။

“စီးပွားရေးအရ ပြည်တွင်း ၀ယ်လက်ကို အားကိုးလို့ မရဘူး။ အရင်ရောင်းနေ ရတာတွေတောင် လျော့ကုန်တာ။ အခုလိုပွဲတွေ လုပ်တော့ နိုင်ငံခြားသားတွေ တော်တော်ဝင်လာကြတယ်။  အစိုးရအနေနဲ့ ဘဏ္ဍာငွေ သန်းချီ တိုးသလို ကျောက်မျက် ရတနာ ဆိုင်တွေ အနေနဲ့ ဈေးကွက်နည်းနည်း လှုပ်ပေးလိုက်တဲ့ သဘောဖြစ်သွားတာပေါ့” ဟု ကျောက်မျက်ရတနာ ပစ္စည်း ရောင်းချနေသူ ဆိုင်ရှင်တဦးက ဆိုသည်။

ပြီးခဲ့သည့် မတ်လအတွင်း ကျင်းပခဲ့သည့် ၄၇ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာပြပွဲတွင်  ကျောက်စိမ်း အတွဲပေါင်း ၁၃၀၀၀ ကျော် ခင်းကျင်း ပြသခဲ့ပြီး  ကျောက်စိမ်းအတွဲပေါင်း ၇၀၀၀ နီးပါးရောင်းချနိုင်ခဲ့ရာ ဝင်ငွေ ယူရို သန်း ၄၀၀ (အမေရိကန် ဒေါ်လာ ၄၈၇ သန်း) ခန့် ရရှိခဲ့သည်။

ဗဟို စာရင်းစစ်အဖွဲ၏ ၂၀၀၉ -၂၀၁၀ ဘဏ္ဍာရေးနှစ်အတွင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် ယခုအချိန်အထိ ကျောက်စိမ်း တန်ချိန် ၂၂၆၀၀ တန် ပတ္တမြား နှင့် နီလာ အပါအဝင် ကျောက်မျက်ရတနာ  ကာရက် သန်းပေါင်း ၉. ၅ သန်း၊ ပုလဲ ၈၆၂. ၃ ကီလိုဂရမ် ထုတ်လုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံထွက် ကျောက်စိမ်းများကို တရုတ်ပြည်သို့ အများဆုံးတင်ပို့လျက် ရှိရာ ၂၀၀၉ ခုနှစ်တွင်း ကျောက်စိမ်း တန်ချိန် ၂၀၀ ကျော် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း သိရသည်။

အမေရိကန် သမ္မတဟောင်း ဂျော့ ဘုရှ် လက်ထက် ပြင်းထန်သည့် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒများနှင့် လွှတ်တော် အမတ် တွမ် လန်းတို့စ်၏ ၂၀၀၈ ခုနှစ် မြန်မာ့ကျောက်မျက်များ အမေရိကန်သို့ တင်သွင်းမှု ပိတ်ပင်သည့် ဥပဒေ (စစ်အစိုးရ၏ ဒီမိုကရေစီ ဆန့်ကျင်ရေး လုပ်ရပ်များ အပေါ် အရေးယူသည့် ဥပဒေ) ခေါ် Tom Lantos Block Burmese JADE (Junta’s Anti-Democratic Efforts) Act 2008 တွင် အမေရိကန် ပြည်ထောင်စုက မြန်မာစစ်အစိုးရ ခေါင်းဆောင်များ၊ ၎င်းတို့နှင့် အကျိုးတူ စီးပွားဖက်များကို တိုက်ရိုက် ဒဏ်ခတ် အရေးယူမှုများ ချမှတ် ဆောင်ရွက်ခဲ့သည်။

ယမန်နှစ် ဇူလိုင်လကလည်း အမေရိကန် သမ္မတ ဘားရက် အိုဘားမားက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူသည့် ဥပဒေကို ထပ်မံ သက်တမ်း တိုးမြှင့်လိုက်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်