ဒေါ်အောင်ဆန်းစုကြည်ကို CALD ဂုဏ်ထူးဆောင် အဖွဲ့ဝင် တင်မြှောက်

E-mail Print
ဖိလစ်ပိုင်နိုင်ငံ၊ မာကတ်တီမြို့ အခြေစိုက် အာရှ လစ်ဘရယ်နှင့် ဒီမိုကရက်တစ်များ ကောင်စီ (Council of Asian Liberals and Democrats - CALD) က ဒေါ်အောင်ဆန်း စုကြည်ကို ဂုဏ်ထူးဆောင် တသီးပုဂ္ဂလ အဖွဲ့ဝင်အဖြစ် တင်မြှောက် လိုက်ကြောင်း သိရသည်။

ဇွန်လ ၂၉ ရက်နေ့တွင် မနီလာမြို့၌ ကျင်းပ ပြုလုပ်ခဲ့သော CALD ညီလာခံ၏ အမူဆောင် ကောင်စီ အစည်း အဝေးတွင် ထိုသို့ ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် တင်မြှောက်ရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ညီလာခံသို့ သွားတက်ခဲ့သော ပြည်ထောင်စု မြန်မာ နိုင်ငံ အမျိုးသား ကောင်စီ (NCUB) မှ နိုင်ငံခြားရေး တာဝန်ခံ ဦးညိုအုန်းမြင့်က ဧရာဝတီသို့ ပြောသည်။ 

“ဖိလစ်ပိုင်နိုင်ငံရဲ့ မြန်မာပြည် အပေါ်မှာထားမယ့် နိုင်ငံရေး မူဝါဒ ဖြစ်သလို အာဆီယံနိုင်ငံ ထဲမှာလည်း သူတို့ရဲ့ မြန်မာပြည် အပေါ်မှာထားတဲ့ မူဝါဒကို ထင်ဟပ်စေတယ်လို့ အစည်းအဝေးမှာ CALD အထွေထွေ အတွင်းရေးမှူးက ပြောကြားသွားတယ်” ဟု ဦးညိုအုန်းမြင့်က ပြောသည်။

CALD အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်နှင့် လူမျိုးအတွက် မတုန်မလှုပ် ဇွဲနှစ် ဆောင်ရွက်မှု၊ ဥပဒေစိုးမိုးရေး နှင့် လူ့အခွင့် အရေးကို လေးစားရေး၊ လွတ်မြောက်မှု ကြိုးပမ်းရေးတို့ကို ဦးတည်၍ အတိုက်အခံ အင်အားစုများကို ကိုယ်ကျိုး မဖက်ဘဲ စံပြအဖြစ် ဦးဆောင်မှု၊ အာရှတွင်သာမက တခြားနိုင်ငံများ၌ပါ လွတ်လပ်မှုနှင့် ဒီမိုကရေစီကို တိုးမြင့်ရန် ဆောင်ရွက် မှုတို့ကြောင့် ဂုဏ်ထူးဆောင် CALD တသီးပုဂ္ဂလ အဖွဲ့ဝင် အဖြစ် ဂုဏ်ပြု တင်မြှောက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

CALD က မနီလာမြို့ရှိ ဖိလစ်ပိုင်ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးအောင်ခင်စိုး ထံ လိပ်မူ၍ ပေးပို့သော အကြောင်းကြား စာ တွင် မြန်မာပြည်သူတို့၏ တရားမျှတရေး၊ လွတ်လပ်ရေးနှင့် ဒီမိုကရေစီအရေး ကြိုးပမ်းမှုနှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ကို တသားတည်း ညီညီညွတ်ညွတ်ဖြင့် CALD က အားပေးထောက်ခံကြောင်း ရေးသားထားသည်။

၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော CALD တွင် ဖိလစ်ပိုင် အပါအ၀င် ထိုင်း၊ ထိုင်ဝမ်၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူတို့မှ နိုင်ငံရေး ပါတီဝင်များနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ (NCUB) တို့ပါဝင်သည်။ ပါကစ္စတန်က တွဲဖက် အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး ဟောင်ကောင်က တသီးပုဂ္ဂလ အဖွဲ့ဝင်အဖြစ် ပါဝင်သည်။

CALD သည် ဥရောပ လစ်ဘရယ်နှင့် ဒီမိုကရက်တစ်များ မဟာမိတ်အဖွဲ့၊ လက်တင် အမေရိက လစ်ဘရယ်များ ကွန်ရက် တို့နှင့်လည်း ချိတ်ဆက်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၀ မှ စတင်၍ ငြိမ်းချမ်းရေး နိုဗဲလ်ဆု အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တက္ကသိုလ် များက ဂုဏ်ပြုဆုပေါင်း အများအပြား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ်ဘ၀ဖြင့် စုစုပေါင်းနေရချိန် ၁၄ နှစ်ကျော် ရှိပြီ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်