အာဏာပိုင်က ဖိအားပေးဟု တရားစွဲခံရသူ မြန်မာ-အမေရိကန် ထွက်ဆို

E-mail Print
လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် စော်ကားမှုတို့ဖြင့် အမေရိကန် နိုင်ငံတွင် အမှုရင်ဆိုင် နေရသည့် မြန်မာ နိုင်ငံသား ဖြစ်သူ အီဆာမက်က ၎င်းကို အာဏာပိုင်များက အတင်းအကျပ် ခိုင်းသဖြင့် အမှုကျူးလွန်သည်ဟု ထွက်ဆိုခဲ့ရကြောင်း ပြောဆိုလိုက်သည်။

အမေရိကန်နိုင်ငံသို့ ၂၀၀၇ ခုနှစ် သြဂုတ်လ၌ ဒုက္ခသည်များ ပြန်လည် နေရာချထားရေး အစီအစဉ်ဖြင့် ရောက်ရှိ နေသော အသက် ၇ နှစ်ရှိ ကရင် တိုင်းရင်းသူ ဆာနားမူးကို ပြန်ပေးဆွဲ၊ သတ်ဖြတ်မှုဖြင့် အီဆာမက်အား တရားစွဲဆို ထားခြင်း ဖြစ်သည်။

“ကျနော့်ကို အာဏာပိုင်တွေက ဒီလိုပြောခိုင်း လို့သာ ပြောလိုက် ရတာပါ၊ တကယ်တမ်း ကျနော် မသတ်ရပါဘူး”ဟု အီဆာမက်က ပြီးခဲ့သည့် သောကြာနေ့ တရားခွင် အတွင်းတွင် လျှောက်လဲချက် ပေးခဲ့ခြင်း ဖြစ်သည်။

ယခုလ ၉ ရက်နေ့တွင် တရားခံဖြစ်သူအား အမေရိကန်နိုင်ငံ ဆော့လိတ်ခ်ခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး တရားသူကြီးအဖြစ် မစ္စ ဂျူးဒစ် အက်သတွန် က ဆောင်ရွက်ခဲ့သည်။

တရားစွဲဆိုသည့် ရှေ့နေဖြစ်သူ မစ္စတာ ပဲရစ်ရှ် က“အမေရိကန် နိုင်ငံဟာ ရာဇဝတ်သားတွေကို ပြင်းပြင်းထန်ထန် ဆက်ဆံ တတ်တဲ့ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံလို မဟုတ်ဘူး ဆိုတာကိုတော့ အီဆာမက်နဲ့ သူ့ရဲ့မိသားစုတွေသိဖို့လိုပါလိမ့် မယ်”ဟု ပြောဆိုလိုက်ကြောင်း the Salt Lake Tribune သတင်းစာတွင် ဖော်ပြထားသည်။

သူကပင် ဆက်လက်၍“အီဆာမက် ဟာ သူ့ရဲ့ မိသားစုတွေနဲ့ အဆက်သွယ်ရဖို့ လိုအပ် ပါတယ်၊ ဒါမှ သူ့ရဲ့ အမူအကျင့် တွေ၊ နောက်ခံသမိုင်းကြောင်းတွေ ဘယ်လိုရှိသလဲဆိုတာကို နားလည်လို့ ရမှာပါ”ဟု ဆိုသည်။

တရားခံ ရှေ့နေဖြစ်သူ မိုက်ကယ်လ် ပီတာဆင်ကမူ ၎င်းတို့သည် အမှုကို အယူခံခွင့်မှ တဆင့် ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း မီဒီယာများသို့ ပြောဆိုထား သည်ဟုလည်း the Salt Lake Tribune သတင်းစာက ရေးသား ထားသည်။

“အီဆာမက်ရဲ့ အယူခံခွင့်ကို တရားရုံးက လက်ခံ၊ မခံဆိုတာ ကတော့ သူနဲ့ သူ့ရဲ့ မိသားစုတွေနဲ့ ပြည်လည် ဆက်သွယ် မိတဲ့ အပေါ်မှာ မူတည်နေ ပါတယ်၊ အခုချိန် အထိတော့ တရားခံဘက်က ရှေ့နေ အဖွဲ့ဟာ အရီဇိုးနား ပြည်နယ်မှာ နေတဲ့ အီဆာမက်ရဲ့ မိသားစုတွေနဲ့ အဆက်အသွယ် ပြတ်နေပါတယ်”ဟု ရှေ့နေဖြစ်သူ မိုက်ကယ်လ် ပီတာဆင်က ပြီးခဲ့သည့် သောကြာ နေ့တွင် ပြောကြား ထားသည်။

ပြီးခဲ့သည့် သောကြာနေ့ တရားခွင်တွင် အယူခံမှု အကြောင်းကို ထည့်သွင်းပြောကြားခြင်း မရှိခဲ့ပေ။ ယခုနှစ် အောက်တို ဘာလ ၁ ရက်နေ့၌ အယူခံခွင့်ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း The Salt Lake Tribune သတင်းစာတွင် ပါရှိသည်။

တရားခံဖြစ်သူ အီဆာမက် နှင့် ဆာနားမူးတို့သည် ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတခုတည်းတွင် နေထိုင်ခဲ့ဖူးသည်။

ဆာနားမူးသည် ၂၀၀၈ ခုနှစ် မတ်လ ၃၁ ရက်နေ့ ညနေပိုင်းတွင် ၎င်းနေထိုင်ရာ တိုက်ခန်းအပြင်၌ ကစားနေရာမှ ပျောက် ဆုံးသွား၍ မိဘများက အာဏာပိုင်များထံ ဆက်သွယ်တိုင်ကြားခဲ့သည်။ နောက်တနေ့တွင် လူပေါင်း ၁၁၀၀ ခန့်၊ ဥပဒေ ဝန်ထမ်း ၇၅ ဦး ပြည်နယ်စုံစမ်းစစ်ဆေးရေး အရာရှိများက ဆာနားမူးကို ဝိုင်းဝန်း ရှာဖွေခဲ့ကြသည်။

ထိုနေ့ညမှာပင် ဆာနားမူး၏ အလောင်းကို နေထိုင်ရာ တိုက်ခန်းနှင့် ကိုက် ၅၀ ခန့်သာဝေးသည့် အီဆာမက်၏ ရေချိုး ခန်းအတွင်းတွင် တွေ့ရှိခဲ့သည်။ သေဆုံးချိန်၌ ၏ ဦးခေါင်း၊ လည်ပင်းနှင့် ကိုယ်ခန္ဓာအထက်ပိုင်းတို့တွင် ဒဏ်ရာများ တွေ့ရှိခဲ့ပြီး အသက်ရှူကြပ်၍ သေဆုံးခဲ့ရသည်ဟု အမေရိကန် ထောက်လှမ်းရေး (FBI) အဖွဲ့၏ မှတ်တမ်းများတွင် ဖော်ပြ ထားကြောင်း သိရှိရသည်။ ဆာနားမူး၏ လက်အတွင်းတွင်လည်း သူမကိုရန်ပြုသူ၏ ဆံပင်တချို့ပါ တွေ့ရှိရကြောင်း ဆေးမှတ်တမ်းများက ဖော်ပြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်