ဝါသနာရှင် ဒီဇိုင်နာတို့၏ ဒီဇိုင်းပြိုင်ပွဲ ကြည့်ရမည်

E-mail Print
ဒီဇိုင်နာတို့၏ ဒီဇိုင်း အစီအစဉ်ကို မြ၀တီရုပ်မြင် သံကြားမှ သြဂုတ် ၄ ရက်နေ့တွင် စတင်၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ည ၉ နာရီခွဲ တွင် ထုတ်လွှင့်မည် ဖြစ်ကြောင်း သိရသည်။

အစီအစဉ်၏ အဓိကရည်ရွယ်ချက်မှာ အမျိုးသမီးများ၏ အလှအပ ၀တ်စုံများကို ဖန်တီးကြသော ဒီဇိုင်နာများ၏ စွမ်းရည်များကို ဖော်ပြနိုင်ရန် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်မည့် ၀ါသနာရှင်အဆင့် ဒီဇိုင်နာ ၆ ဦး၏ လက်ရာ များကို မော်ဒယ်လ် ၆ ဦးတို့အား ၀တ်ဆင်စေပြီး ပြိုင်ပွဲဝင်ရမည် ဖြစ်သည်။

ပြိုင်ပွဲကို ပထမ၊ ဒုတိယ၊ တတိယ အဆင့်သတ်မှတ်ပြီး ဆုများကို ထိုက်ထိုက် တန်တန်ချီးမြှင့်မည်ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် ကြီးကြပ်ဒိုင်များအဖြစ် ဒေါ်သီတာဝင်း၊ ကိုပြည်စိုးအောင်၊ လတ်လတ်၊ သက်နှင်းအေး စသည့် နာမည်ကြီး ဒီဇိုင်နာများက တာဝန်ယူကြမည်ဖြစ်ကြောင်း၊ ရိုက်ကူးရေးကို ဒါရိုက်တာ ဖုန်းမြင့်အောင်(Majestic Myanmar Media ) ကတာဝန်ယူထားကြောင်း သိရသည်။

ရိုက်ကူးရေး အစီအစဉ်ကို ယခုလ ၇ ရက်နေ့ နေ့က မရမ်းကုန်း မြို့နယ်ရှိ Yangon Hotel တွင် စတင်ခဲ့ပြီး အစီအစဉ် တင်ဆက်သူ အဖြစ် နန်းဆုရတီစိုးက ဆောင်ရွက်မည် ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်