စစ်အစိုးရအပေါ် ပိတ်ဆို့ အရေးယူမှု တနှစ်တိုးရန် အတည်ပြု

E-mail Print
စစ်အစိုးရအပေါ် ထားရှိသည့် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများကို တနှစ်သက်တမ်း ထပ်မံ တိုးမြှင့်ရန် အမေရိကန် အောက်လွှတ်တော်မှ အတည်ပြု လိုက်ကြောင်း သတင်းရရှိသည်။

မြန်မာ နိုင်ငံအတွင်း နိုင်ငံရေး ပြောင်းလဲမှုများ တိုးတက်လာမှု မရှိသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း ပိုမိုဆိုးရွားလာသဖြင့် ယခုကဲ့သို့ စီးပွားရေး ပိတ်ဆို့အရေးယူမှု သက်တမ်းကို ထပ်မံတိုးမြှင့်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း အောက်လွှတ်တော် အမတ်များက ပြောသည်။

ယမန်နေ့က ပြုလုပ်ခဲ့သော အောက်လွှတ်တော် အမတ်များ၏ မဲခွဲဆုံးဖြတ်မှုကို အမေရိကန်သမ္မတ အိုဘားမားထံသို့ လက်မှတ်ထိုးရန် ပေးပို့မည်ဖြစ်သည်။ မစ္စတာ အိုဘားမား လက်မှတ်ထိုးပြီးမှသာ မြန်မာနိုင်ငံအပေါ် ထပ်မံတိုးမြှင့်မည့် စီးပွားရေး ပိတ်ဆို့အရေးယူမှု တရားဝင်ဖြစ်လာမည် ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေးဌာန၏ ပြည်သူ့ရေးရာဌာန အကြီးအကဲ ဖြစ်သူ မစ္စတာ ပီ ဂျေ ခရော်လေ က “မြန်မာနိုင်ငံက အခြေအနေတွေဟာ အခုဆိုရင် ဆိုးသည်ထက် ဆိုးနေပါပြီ။ ဒါကြောင့် အခုအချိန်ဟာ မြန်မာနိုင်ငံအပေါ် ဖိအားတွေကို တိုးဖို့ အချိန်ကျရောက်လာပါပြီ” ဟု သတင်းထောက်များကို ပြောသည်။

ယခုကဲ့သို့ စစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှု သက်တမ်း တိုးမြှင့်လိုက်ခြင်းကို အမေရိကန်အခြေစိုက် US Campaign for Burma က ထောက်ခံ ကြိုဆိုလိုက်ကြောင်းလည်း သိရသည်။

US Campaign for Burma အဖွဲ့၏ ညွှန်ကြားရေးမှူးဖြစ်သူ ကိုအောင်ဒင်က “အမေရိကန် အောက်လွှတ်တော်ဟာ သူတို့ရဲ့ စစ်အစိုးရအပေါ်ထားရှိတဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်လိုက်ခြင်း ဖြစ်ပါတယ်။ စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးသေးသရွေ့ အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မလုပ်သရွေ့တော့ အမေရိကန်နိုင်ငံဟာ သူတို့ရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းမှာ မဟုတ်ပါဘူး” ဟု ဆိုသည်။

ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ် မစ္စတာ ဂျိုးဇက် ခရော်လေကလည်း မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ရာဇဝတ်မှုများအတွက် တာဝန်ရှိသူမှာ စစ်အစိုးရဖြစ်ပြီး ၎င်းအနေဖြင့် စစ်အစိုးရကို တာဝန်ယူမှုများ လုပ်လာနိုင်ရန်အတွက် အားစိုက်ကြိုးစားမည်ဖြစ်ကြောင်း ယမန်နေ့က ပြောဆိုသွားသည်။

အမေရိကန်လွှတ်တော်က ၂၀၀၃ ခုနှစ်တွင် “မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ ဥပဒေ (၂၀၀၃)” ကို ပြဋ္ဌာန်းကာ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုများကို စတင်လုပ်ဆောင်ခဲ့သည်။

ထိုဥပဒေအောက်တွင် စစ်အစိုးရကို ထောက်ပံ့မှုများမဖြစ်စေရန် မြန်မာနိုင်ငံမှ ကုန်စည်များ တင်သွင်းခွင့်ကို ပိတ်ဆို့ခြင်း၊ အမေရိကန်နိုင်ငံတွင် ရှိနေသော စစ်အစိုးရ အသိုင်းအဝန်း၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊ ခရီးသွားလာခွင့် ဗီဇာပိတ်ဆို့ခြင်း၊ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို ပံ့ပိုးခြင်းစသည်ဖြင့် အခန်း ၉ ခန်း ပါဝင်သည်။

၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာများ တင်ပို့ခွင့်ကို ပိတ်ပင်သည့် ဥပဒေတရပ်ကိုလည်း အမေရိကန်က ပြဋ္ဌာန်းခဲ့သေးသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်