စိုးပိုင်၏ မြန်မာသံသီချင်း CD နှင့် VCD ဖြန့်မည်

E-mail Print
စတီရီယို ခေတ်ဦး အဆိုတော် စိုးပိုင်က ထင်ရှား ကျော်ကြား ခဲ့သော မြန်မာသံ ရေဒီယို တေးသီချင်း များကို သီဆိုပြီး CD နှင့် VCD အဖြစ် ချိုကြည်သာ တေးသံသွင်းမှ နေ၍ ဇူလိုင် ၂၁ ရက်နေ့တွင် စတင် ဖြန့်ချိ တော့မည် ဖြစ်ကြောင်း သိရသည်။

မေမြို့ခင်မောင်မြင့် ရေးသည့် ချစ်စိတ်တဝေေ၀၊ ဂီတလုလင်မောင်ကိုကို၏ စိတ်၊ တက္ကသိုလ်မောင်တင့်နွယ်၏ အမုန်းသူဌေးမလေး၊ စန္ဒရား လှထွဋ်၏ လှတမျက်နှာ၊ ဂီတလုလင် မောင်ကိုကို၏ ဝေးဝေးပြေး တွေးတွေးကြင်နာ၊ဖျာပုံမောင်ချစ်ယဉ်၏ ရွှေတံခါးကြီးဖွင့်ပါဦး၊ ရေနံ့သာဝင်းမောင်၏ မျက်စိလည်သွားပြီ၊ တက္ကသိုလ် မောင်တင့်နွယ်၏ နေရာတိုင်းမှာ သူ့မျက်နှာ၊ ရေနံမြေ မြတ်သူ၏ လမင်းတရာ နှစ်ရာသာသည့်နှုန်း၊ စန္ဒရားလှထွဋ်၏ မင်းတယောက်တော့ အသည်းကွဲရလိမ့်မယ်၊ စန္ဒရားချစ်မောင်၏ စိမ်းတယ်လို့ မှတ်မှာလား စသည့် လူကြိုက်များခဲ့သော မြန်မာသံနှင့် ရေဒီယို တေးသီချင်း ၁၂ ပုဒ်ကို စိုးပိုင်က သီဆိုထားပြီး ဂီတမှူး စန္ဒရား ဇေယျာမင်း၊ မြင့်စိုး (BASS) တို့၏ P.N.S အဖွဲ့က အလင်္ကာဝတ်ရည် စတူဒီယိုတွင် တီးခတ်အသံသွင်းထားကြောင်း သိရသည်။

“ကျနော် အဆိုတော် မဖြစ်ခင် ကတည်းက ဒီသီချင်းတွေကို အရမ်းကြိုက်ခဲ့တာ။ သီချင်းတွေလည်း အများကြီးရတယ်။ ဒီစီးရီးက ကျနော့်ရဲ့ ပထမဆုံး အမှတ်တရလို့ ပြောရမှာပါ။ နောက်ပိုင်းမှာလည်း အခုလို ရေဒီယို သီချင်းကောင်းတွေကို ဆိုဖို့ အစီအစဉ်ရှိပါတယ်။ အခု ကျနော် ရင်ထဲမှာ အရမ်းပျော်နေတယ်” ဟု အဆိုတော် စိုးပိုင်က ၎င်းတေးစီးရီး မိတ်ဆက်ပွဲတွင် ပြောသည်။

စိုးပိုင်၏ မြန်မာသံ တေးစီးရီးအမည်ကို “စိတ်နှင့် စိမ်းတယ်လို့ မှတ်မှာလား” ဟု ပေးထားပြီး ၎င်း မိတ်ဆက်ပွဲကို ဇူလိုင် ၁၅ ရက်နေ့ နေ့လယ်က ရန်ကုန် Central Hotel တွင် ကျင်းပခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်