ဆိုမာလီဓားပြများလက်မှ မြန်မာ သင်္ဘောသားများ လွတ်မြောက်

E-mail Print
ဆိုမာလီ ပင်လယ်ဓားပြများ၏ ၄ လကျော်ကြာ ဖမ်းဆီး ပြန်ပေးဆွဲခြင်းခံထားရသော မြန်မာသင်္ဘောသား ၂၁ ဦးသည် ပြန်လည်လွတ်မြောက် လာပြီဖြစ်ကြောင်း သိရသည်။

ပြန်ပေးဆွဲခံရသည့် သင်္ဘောကို ပိုင်ဆိုင်သည့် စင်္ကာပူအခြေစိုက် Nautictank Pte Ltd ကုမ္ပဏီက ပင်လယ်ဓားပြများနှင့် ငွေကြေး ညှိနှိုင်းဆွေးနွေးပြီး သဘောတူညီချက် ရရှိပြီဖြစ်ကြောင်း၊ သင်္ဘောသားများသည် မိသားစုများထံ မကြာမီ ပြန်ရောက်လာမည်ဟု အကြောင်းကြားကြောင်း ရန်ကုန်မြို့ရှိ သင်္ဘောသားတဦး၏ မိသားစုဝင်က ပြောသည်

UBT_Ocean“ကုမ္ပဏီက ပြန်ပေးငွေညှိတာ အဆင်ပြေပြီ။ မကြာခင်ပြန်လွတ်မယ် အကြောင်းကြားတော့ အတိုင်းမသိ ၀မ်းသာတာပေါ့” ဟု ၎င်းက ဆိုသည်။

သင်္ဘောသားများကို ဆိုမာလီ ပင်လယ်ဓားပြများက ဖမ်းထားသည်မှာ ၄ လကျော်ကြာပြီဖြစ်ကြောင်း၊ မိသားစုဝင်များ အနေဖြင့် ဆိုမာလီနိုင်ငံဘက်မှ သတင်းများကို အမြဲတမ်း နားစွင့်နေရပြီး စိတ်ပူပန်နေရကြောင်း ယင်းမိသားစုဝင်က ဆက်လက်ပြောပြသည်။

Nautictank ကုမ္ပဏီသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ယခုအချိန်တွင် သင်္ဘောသားများ ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း၊ အားလုံး ကျန်းမာပြီး အန္တရာယ်ကင်းရှင်းကြောင်း ကုမ္ပဏီ၏ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ အက်ဒ်ဝပ်အိုင်ရွန်က အတည်ပြု ပြောကြားသည်။

“မိသားစုနဲ့ မကြာခင် ပြန်ဆုံခွင့် ရမှာပါ။ သူတို့ ဆန္ဒအလျောက် ကုမ္ပဏီမှာ အလုပ်ပြန်ဝင်မယ်ဆိုရင်လည်း ကုမ္ပဏီက လက်ခံမှာပါ” ဟု ၎င်းက ဆိုသည်။

ကုမ္ပဏီအနေဖြင့် ပင်လယ်ဓားပြများကို ပြန်ပေးငွေ မည်မျှပေးရသည်ကိုမူ ဖြေကြားရန် အက်ဒ်ဝပ်အိုင်ရွန်က ငြင်းဆိုခဲ့သည်။

အဖမ်းခံရသည့် သင်္ဘောသားများနှင့် ပတ်သက်၍ နစ်နာကြေးများနှင့် ခံစားခွင့်များ ပေးရန် ကုမ္ပဏီက စီစဉ်နေသည်ဟု ၎င်းက ဆက်လက်ပြောပြသည်။

မြန်မာ သင်္ဘောသား ၂၁ ဦးပါဝင်သည့် UBT Ocean အမည်ရှိ သင်္ဘောသည် ပြီးခဲ့သည့် မတ်လက အိန္ဒိယ သမုဒ္ဒရာအတွင်း၊ အာဖရိကတိုက် အရှေ့တောင်ဘက် မဒါဂတ်စကာ ကမ်းရိုးတန်း အနီးတွင် လောင်စာဆီများ တင်ဆောင်၍ ခုတ်မောင်းနေစဉ်  ဆိုမာလီ ပင်လယ်ဓားပြများက ပြန်ပေးဆွဲခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် အတွင်း ဆိုမာလီ ပင်လယ်ဓားပြများက သဘောင်္ စုစုပေါင်း ၆၈ စီးကို ပြန်ပေးဆွဲပြီး ငွေတောင်းခံခဲ့သည်။ ယခုတကြိမ် ပြန်ပေးဆွဲခံရမှုတွင် မြန်မာသင်္ဘောသား အများဆုံးပါဝင်ခဲ့ခြင်းဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်