ထိုင်း-မြန်မာ နယ်စပ် ကုန်စည်သတင်း ဖော်ပြခွင့်မရ

E-mail Print
ပြည်တွင်း သတင်းဂျာနယ် များတွင် ထိုင်း-မြန်မာ နယ်စပ်ရှိ မဲဆောက်-မြ၀တီ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားပိတ် ထားခြင်းနှင့် ကုန်စည် စီးဆင်းမှု ရပ်ဆိုင်းသည့် သတင်းများ ဖော်ပြခွင့် မပြုကြောင်း စာနယ်ဇင်း အသိုင်းအ၀န်းမှ သိရသည်။

နယ်စပ် ချစ်ကြည်ရေး တံတားကို ဇူလိုင်လ အစောပိုင်းတွင် တကြိမ် ပိတ်ခဲ့သည်။ ဇူလိုင်လ ၁၇ ရက်စ၍ ထပ်မံ ပိတ်ထားခြင်းဖြစ်ပြီး အာဏာပိုင်များမှ မည်သည့် အတွက်ကြောင့် ပိတ်သည်ဟု  တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝသည် နောက်လအတွင်း မြန်မာပြည်သို့ သွားရောက် လည်ပတ်မည့် ခရီးစဉ်ကို ဇူလိုင်လ တတိယပတ်တွင် ရွှေ့ဆိုင်းခဲ့ပြီး ယင်းသို့ ရွှေ့ဆိုင်းရခြင်းသည် ထိုင်း-မြန်မာ နယ်စပ် အရေးနှင့် ပတ်သက်ခြင်း မရှိကြောင်းလည်း ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

“နယ်စပ်ဂိတ် ပိတ်တဲ့ သတင်းကို ရေးပြီးပြီ။ စိစစ်ရေးတင်တဲ့ အချိန်မှ ဖြုတ်လိုက်တာ။ ဘာကြောင့်ဖြုတ်လဲ ဆိုတာကိုတော့ တိတိကျကျမပြောဘူး” ဟု ပြည်တွင်းအခြေစိုက် Weekly Eleven ဂျာနယ်မှ တာဝန်ရှိသူတဦးက ပြောသည်။

ချစ်ကြည်ရေးတံတား ပိတ်ထားခြင်းသည် ထိုင်းဘက်အခြမ်းမှ မဟုတ်ဘဲ  မြန်မာပြည်ဘက်အခြမ်းမှ ပိတ်ထားခြင်း ဖြစ်သောကြောင့် ယင်းကိစ္စကို နိုင်ငံပိုင်မီဒီယာများမှ တရားဝင်ပြောကြားခြင်း မရှိသေးခင် သတင်းမီဒီယာများတွင် မဖော်ပြစေချင်သောကြောင့် ယခုကဲ့သို့ ပိတ်ပင်ထားခြင်းဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

မြန်မာပို့စ် ဂျာနယ်မှ စာနယ်ဇင်းသမားတဦးက “ဂိတ်ပိတ်ထားချိန်မှာ ယိုးဒယားက ၀င်တဲ့ ပစ္စည်းတွေ ဈေးတက်တယ်ဆိုတဲ့ ဟာမျိုး ရေးထားတာ စိစစ်ရေးက ခွင့်မပြုဘူး” ဟု  ပြောသည်။

မြန်မာပြည်သူများ အဓိကစားသုံးနေသော ထိုင်းမှ တင်သွင်းသည့် အချိုမှုန့်၊ အသားမှုန့်များအား ရန်ကုန်ရှိ ဈေးများအတွင်း ရောင်းချနေခြင်း ရှိမရှိ အာဏာပိုင်များက စစ်ဆေးနေသဖြင့် ဈေးသည်များက ထုတ်မရောင်းဝံ့ဘဲ စားသုံးသူများ ၀ယ်ယူရခက်ခဲခြင်း၊ ဈေးနှုန်းမြင့်တက်ခြင်း များရှိကြောင်း သူက ဆိုသည်။

“ပြည်တွင်း ကုန်ဈေးနှုန်းတက်တာတောင် ရေးလို့မရတော့ဘူး။ အရင်ဆို ကုန်ဈေးနှုန်းတက်တဲ့ အကြောင်းရေးလို့ရတယ်။ ခု ဂိတ်ပိတ်တာနဲ့ ဆက်စပ်နေတော့ တပုဒ်လုံး စိစစ်ရေးက ဖြုတ်ပစ်တာ” ဟု မြန်မာတိုင်းမ်မှ သတင်းထောက်တဦးက ဆိုသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းများအပြင် လူမှုရေး၊ စီးပွားရေး သတင်းများအား အပုဒ်လိုက် ဖြုတ်ခြင်းရှိသကဲ့သို့ အပိုဒ်လိုက် ဖြုတ်ထုတ်လိုက်ခြင်းများ ရှိနေသောကြောင့် ပြည်သူလူထုအား ထိရောက်မှန်ကန်သည့် သတင်းပေးနိုင်မှုပိုင်းတွင် အားနည်နေသေးကြောင်း စာနယ်ဇင်းသမား တဦးက ပြောသည်။

“စိစစ်ရေးအနေနဲ့ကတော့ အထက်က ညွှန်ကြားထားတဲ့ အတိုင်း ဖြုတ်ရတာ။ အခု လောလောဆယ်ကတော့ မြ၀တီဂိတ်နဲ့ ပတ်သက်တဲ့ သတင်းတွေ မှန်သမျှ ဂျာနယ်တွေမှာ ဖော်ပြခွင့်မပေးဖို့ မှာထားတယ်။ ညွှန်ကြားချက်တွေက အမြဲတမ်းပြောင်း နေတော့ ဘယ်လောက်အထိ ပိတ်ထားမယ်ဆိုတာတော့ မသိရသေးဘူး” ဟု စာပေစိစစ်ရေးမှ အရာရှိတဦးက ပြောသည်။

တာ့ခ် ခရိုင်အတွင်းရှိ သောင်ရင်းမြစ် ကမ်းပါး တလျှောက်တွင် ထိုင်းဘက်အခြမ်းက ကမ်းထိန်းတမံများ ဆောက်လုပ်နေခြင်း အား မြန်မာ အာဏာပိုင်များက ကန့်ကွက်သည့် အနေဖြင့် ကုန်စည် စီးဆင်းမှုများကို ဇူလိုင်လဆန်းပိုင်းမှ စတင် ပိတ်ပစ်ခဲ့သည်။

ထိုင်းဘက်အခြမ်းမှ ကမ်းပါး အကာအကွယ် တမံများ ဆောက်လုပ်မှုကြောင့် ရေကြောင်းပြောင်းလဲပြီး မြန်မာဘက် ကမ်းပါး တိုက်စားနိုင်သည့်အတွက် မြန်မာအစိုးရက ကန့်ကွက်ခဲ့သည်ဟု ထိုင်းသတင်းဌာန MCOT က ဖော်ပြခဲ့သည်။

ချစ်ကြည်ရေး တံတားကို မြန်မာ အာဏာပိုင်များက ဆက်တိုက် ပိတ်ထားသောကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာပြီး ကုန်သည်များ အပါအဝင် သာမန် ပြည်သူများပါ အခက်အခဲ ကြုံနေကြကြောင်း သိရသည်။

တံတားပိတ်ထားမှုကြောင့် ထိုင်းကုန်သည်များ တရက်လျှင် ဘတ်သန်း ၁၀၀ ခန့် အထိ နစ်နာလျက်ရှိကြောင်း ထိုင်းသတင်း များက ဖော်ပြသည်။

မြန်မာက ထိုင်းသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ တလလျှင် ဘတ်သန်း ဆယ်ဂဏန်း (ကျပ် သန်း ၃၀၀) ခန့်ရှိပြီး ထိုင်း နိုင်ငံက မြန်မာသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ ဘတ် သန်း ၁၀၀၀ (ကျပ် သန်း ၃၀၀၀၀) ခန့် ရှိသည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်