အမေရိကန် သမ္မတသစ်အား မြန်မာအတိုက်အခံတို့ ကြိုဆို

E-mail Print
အမေရိကန်နိုင်ငံသမ္မတအသစ်အဖြစ် အာဖရိကနွယ်ဖွား ဘရက်ခ် အိုဘားမား အရွေးချယ်ခံရခြင်းကို မြန်မာအတိုက်အခံ များက ကြိုဆိုခဲ့ကြပြီး အမေရိကန်နိုင်ငံက မြန်မာ့ဒီမိုကရေစီရေးအပေါ် အရေးယူဆောင်ရွက်မှုများ ပိုမိုအားကောင်းလာ လိမ့်မည်ဟု ယူဆထားသူများရှိသကဲ့သို့ မစ္စတာ အိုဘားမားအား မြန်မာ့အရေးနှင့် ပိုမိုနီးစပ်လာရန် ကြိုးစားရဦးမည်ဟု သုံးသပ်ကြသူများလည်း ရှိသည်။

စစ်အစိုးရအကျဉ်းထောင်အတွင်း၌ ၁၉ နှစ်ကျော်ကြာ အထိန်းသိမ်းခံခဲ့ရပြီး မကြာသေးမီက ပြန်လည်လွတ်မြောက် လာသည့် အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က အမေရိကန် မဲဆန္ဒရှင်များနှင့် မစ္စတာ အိုဘားမားကို ချီးကျူးကြောင်း၊ အမေရိကန်နိုင်ငံ၏ အပြောင်းအလဲကို ကြိုဆိုကြောင်း ဧရာဝတီကို ပြောဆိုသည်။

ထိုသို့ပြောင်းလဲရာတွင် အမေရိကန်တနိုင်ငံတည်း မပြောင်း လဲဘဲ မြန်မာနိုင်ငံလည်း ပြောင်းရန်လိုအပ်ကြောင်း၊ ၁၉၉၀ ခုနှစ်က မြန်မာပြည်သူများ ဒေါ်အောင်ဆန်းစုကြည်အား မဲဆန္ဒပေးခဲ့ခြင်းသည် အပြောင်းအလဲကို လိုလားတောင့်တ သောကြောင့်ဖြစ်သည်ဟုလည်း ဦးဝင်းတင်က ဆက်ပြောသည်။

မစ္စတာ အိုဘားမားအနေနှင့် စစ်အစိုးရနှင့် မပူးပေါင်းဘဲ သမ္မတ ဘုရှ် လက်ထက်ကထက် ပိုမိုပြင်းထန်သည့် အရေးယူ ဆောင်ရွက်မှုများကို လုပ်ဆောင်သင့်ကြောင်း ဦးဝင်းတင်က ဆက်ပြောသည်။

ဦးဝင်းတင်နှင့် တရက်တည်း လားရှိုးထောင်မှလွတ်မြောက်လာသူ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သည့် ဦးခင်မောင်ဆွေကလည်း “အိုဘားမား ပြောခဲ့တဲ့စကားကို ပြန်ကောက်ပြီးပြောရမယ်ဆိုရင် ကျနော်တို့ဟာ ဒေါ်အောင်ဆန်း စုကြည်ကို ဂုဏ်ပြုထားကြတဲ့အတိုင်း သူလျှောက်တဲ့လမ်းဖြစ်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို အားပေးလုပ်ဆောင်နေပါမယ်။ နောက်ပြီး မြန်မာပြည်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သူတို့ကြိုးပမ်းနေတဲ့ လွတ်မြောက်ခွင့်တွေ၊ ဒီမိုကရေစီရေး၊ မျှတတဲ့ တရားစီရင်ရေးတွေကို ကျနော်တို့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ မကြာခင်က ပြောသွားပါတယ်။ ဒီပြောစကား ကိုမူတည်ပြီး မြန်မာပြည်သူတွေရဲ့အရေး၊ ဒီမိုကရေစီရရှိရေးတွေကို ဆောင်ရွက်ပေးသွားမယ်ဆိုတာ အထူးယုံကြည် ကြောင်း ပြောချင်ပါတယ်” ဟု ပြောသည်။

မစ္စတာ အိုဘားမား သမ္မတ အဖြစ် အရွေးခံရခြင်းသည် မြန်မာပြည်သူတွေအတွက်ကောင်းသလို ကမ္ဘာကြီးအတွက် ပေါင်းစည်းချစ်ကြည်မှုများ ဖြစ်လာမည်ဟု ယုံကြည်သောကြောင့် လှိုက်လှိုက်လှဲလှဲ ထောက်ခံကြိုဆိုသည်ဟုလည်း ဦးခင်မောင်ဆွေက ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ အတွင်းရေးမှူး ဦးတိတ်နိုင်ကလည်း “အိုဘားမား သမ္မတ ဖြစ်လာတာကို ကြိုဆိုပါတယ်။ သူဟာ ဒီမိုကရေစီအရေးကို ချစ်မြတ်နိုးသူဖြစ်သလို ပြုပြင်ပြောင်းလဲ ရေးကို ကြိုးကြိုးစားစားဆောင်ရွက်ခဲ့သူလို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ သဝဏ်လွှာတစောင်ပေးခဲ့ပြီး ဒေါ်စုရဲ့ ဒီမိုကရေစီရေးကြိုးပမ်းချက်တွေကိုကြိုဆိုထောက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါကြောင့်မို့ အိုဘာမားဟာ မြန်မာ့ ဒီမိုကရေစီအရေးအတွက် တစုံတရာ အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

မကြာသေးမီက ကရင်အမျိုးသားအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူးအဖြစ် အရွေးခံခဲ့ရသည့် နော်စီဖိုးရာစိန်က “ကျမက ဂျွန် မက်ကိန်း အနိုင်ရဖို့ မျှော်လင့်နေတာပါ။ ဘာကြောင့်လဲဆိုတော့ သူက မြန်မာပြည်အခြေအနေကို သိတယ်၊ ဒီမိုကရေစီလှုပ်ရှားမှု၊ တိုင်းရင်းသားလှုပ်ရှားမှုတွေကို သိထားတယ်။ သူသာအနိုင်ရရင် မြန်မာ့နိုင်ငံရေးမှာ ပိုအားကောင်း လာမယ်လို့ မြင်တယ်” ဟု ပြောသည်။

“အိုဘားမားကတော့ မြန်မာနိုင်ငံကို အာရုံစိုက်မှုနည်းမယ်လို့ ထင်တယ်။ ပထမ ဆုံး လူမည်းသမ္မတ ဖြစ်တဲ့အတွက် သူတို့ လူမျိုးကိစ္စကို အာရုံစိုက်မယ်လို့ ထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့အရေးလုပ်နေတဲ့ အဖွဲ့အစည်းအားလုံးက အိုဘားမားကို မြန်မာပြည်အခြေအနေ ပိုသိလာအောင်၊ စိတ်ဝင်စားလာအောင် ဝိုင်းဝန်းလုပ်ဆောင်ကြရမယ်” ဟု နော်စီဖိုးရာစိန်က ဆက်လက်ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်