စီးပွားရေး လုပ်ငန်းများ ချပေးခြင်းဖြင့် ကြံ့ဖွံ့ မဲဆွယ်

E-mail Print
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) သည် ဧရာဝတီတိုင်း လပွတ္တာခရိုင် အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များကို ဥပဒေနှင့် မညီသည့် လုပ်ငန်းများ အပါအဝင် စီးပွားရေး လုပ်ပိုင်ခွင့်များ ချပေးပြီး ကြိုတင်မဲ ကောက်ခံနေကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

စီးပွားရေးလုပ်ငန်းရှင်များထံမှ ကြိုတင်မဲများရရှိစေရန် ကြံ့ဖွံ့ပါတီသည် လောင်းကစားဒိုင်၊ အနှိပ်ခန်း၊ ကေတီဗီ၊ စားသောက်ဆိုင်များအပြင် တခြားလုပ်ငန်းများကိုပါ လုပ်ကိုင်ခွင့်များ ချပေးထားကြောင်း လပွတ္တာမြို့မှ ရေလုပ်ငန်းရှင်တဦးက ပြောသည်။

“ကြံ့ဖွံ့က လုပ်ငန်းရှင်တွေကို လုပ်ပိုင်ခွင့်ပေးမယ်၊ မဲပေးမလားဆိုပြီး စည်းရုံးမှုတွေနဲ့ ဆွဲဆောင်နေတယ်” ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးပါတီများအကြောင်းကို စိတ်ဝင်စားနိုင်ခြင်းမရှိဘဲ စီပွားရေးအတွက် လုံးပမ်းနေရသော နာဂစ်ဒဏ် ခံထားရသည့် လပွတ္တာခရိုင်ရှိ လုပ်ငန်းရှင်များကို အကျိုးအမြတ်များစေမည့် လုပ်ပိုင်ခွင့်များအား မက်လုံးပေးကာ ကြံ့ဖွံ့ပါတီအတွက် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

“နိုင်ငံရေးကို စိတ်ဝင်စားလို့တော့ မဟုတ်ကြဘူး။ ခက်ခဲနေတဲ့အချိန်မှာ အလုပ်ရော၊ ငွေရော ထောက်ပံ့တော့ ထောက်ခံပေးလိုက်ရုံပါပဲ” ဟု လပွတ္တာခရိုင် ကုက္ကိုကျေးရွာမှ ငါး၊ ပုစွန်ဒိုင်မှ လုပ်ငန်းရှင်တဦးက ပြောသည်။

ထိုသို့ မဲဆွယ်စည်းရုံးမှုများကြောင့် လပွတ္တာမြို့ပေါ်တွင် ဘောလုံးပွဲ လောင်းကစားဒိုင်၊ ချဲထီဒိုင်၊ စားသောက်ဆိုင်များနှင့် သုံးမိုင်မြို့သစ်တွင် အနှိပ်ခန်းနှင့် ကေတီဗီများ တနေ့ထက်တနေ့ များပြားလျက်ရှိကြောင်း လပွတ္တာမြို့ရှိ နာဂစ် ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေသော ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) မှ ၀န်ထမ်းတဦးက ဆိုသည်။

လပွတ္တာခရိုင်အတွင်းရှိ အမျိုးသမီးရေးရာ အဖွဲ့၊ ကြက်ခြေနီ၊ မီးသတ်၊ စွမ်းအားရှင်၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အဖွဲ့တို့မှ အဖွဲ့ဝင်များနှင့် ဒေသခံများအတွက် တအိမ်ထောင်လျင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် အိမ်ထောင်စုစာရင်းများကို ယခုလအတွင်း အပြီးသတ်ထုတ်ပေးပြီး ကြံ့ဖွံ့ပါတီအတွက် ကြိုတင်မဲများအဖြစ် သတ်မှတ်ထားကြောင်း လပွတ္တာခရိုင်မှ စေတနာ့ဝန်ထမ်း ကျောင်းဆရာမတဦးက ပြောသည်။

“လပွတ္တာခရိုင်တခုလုံးကို ပုံစံ ၁၀ ထုတ်ပေးတာ။ မလုပ်မနေရပေါ့။ ပုံစံ ၁၀ ရပြီးတဲ့လူတွေ အကုန်လုံးက ကြံ့ဖွံ့ပါတီရဲ့ မဲတွေပဲလေ” ဟု ၎င်းက ဆိုသည်။

ကြံ့ဖွံ့ပါတီသည် ရန်ကုန်တိုင်းရှိ မြို့နယ်များတွင်လည်း ရန်ပုံငွေများ ကောက်ခံပြီး နိုင်ငံသား စိစစ်ရေးကတ်များ ထုတ်ပေးခြင်း၊ အိမ်ထောင်စုစာရင်းများ ထုတ်ပေးခြင်းများ ပြုလုပ်ပေးလျက်ရှိသည်။

ရန်ကုန်မြို့တွင် ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ တောင်ဥက္ကလာပ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်းနှင့် လှိုင်သာယာ မြို့နယ်များရှိ ရပ်ကွက်များ၌ လူဦးရေစာရင်းများကို ကောက်ယူကာ မဲဆွယ်စည်းရုံးမှုများပြုလုပ်နေကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည့် နိုင်ငံရေးပါတီများအနက် ကြံ့ဖွံ့ပါတီ တခုတည်းသာ စည်းရုံး ဟောပြောခွင့်ရနေပြီး တခြားသော နိုင်ငံရေးပါတီအများစုမှာ လွတ်လပ်စွာစည်းရုံးခွင့်မရှိဟု နိုင်ငံရေးပါတီများ ကဆိုသည်။

ဧပြီ ၁၉ ရက်နေ့တွင် လက်ရှိစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် အစိုးရ၀န်ကြီးများအပါအဝင် အရာရှိကြီး ၂၆ ဦးတို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ကြံ့ဖွံ့ပါတီ တည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ဇွန် ၈ရက်နေ့၌ ပါတီမှတ်ပုံတင်ခွင့်ကျထားသည်။

ရွေးကောက်ပွဲကော်မရှင်သို့ ပါတီဝင်အင်အား တင်ပြသည့်ပါတီ ၁၃ ပါတီရှိပြီး ကြံ့ဖွံ့ပါတီကမူ ယနေ့အချိန်အထိ ပါတီဝင်အင်အား တင်ပြခြင်း မရှိသေးပေ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်