ဆန္ဒမဲပေးရေး ဝါဒဖြန့်သီချင်းများ စလွှင့်

E-mail Print

နိုဝင်ဘာ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာ ပြီးနောက် ရွေးကောက်ပွဲတွင် ပြည်သူများ ပါဝင် ဆန္ဒမဲပေးရေး ၀ါဒဖြန့် သီချင်းများနှင့် ဇာတ်လမ်းများကို စစ်အစိုးရပိုင် ရုပ်မြင်သံကြား လိုင်းများနှင့် ရေဒီယိုလိုင်းများ၌ စတင်ထုတ်လွှင့်လျက် ရှိသည်။

သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် စစ်အစိုးရပိုင် မီဒီယာများက ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို တရားဝင် ကြေညာ ပြီးနောက် ယင်းနေ့ ညနေပိုင်းမှ စ၍ ရုပ်မြင်သံ ကြားအစီအစဉ်များ၊ ရေဒီယို အစီအစဉ်များတွင် ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရေး စည်းရုံးလှုံ့ဆော်သည့် သီချင်းနှင့် ဇာတ်လမ်းများ ပြသဖြင်း ဖြစ်သည်ဟု သိရှိရသည်။

“ည ၈ နာရီသတင်းအပြီးမှာ ဆန္ဒမဲပေးဖို့ လှုံ့ဆော်တဲ့သီချင်းတွေ စပြီးပြတယ်။ မြ၀တီ၊ မြန်မာ့သံရုပ်မြင်သံကြား၊ MRTV 4
နဲ့ နေပြည်တော်မြန်မာ့အသံ၊ တခြား FM ရေဒီယိုလိုင်းတွေမှာပါ စကြားလာရတယ်” ဟု ရန်ကုန်မြို့ခံ တဦးက ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲရုံများနှင့် စစ်အစိုးရမီဒီယာ များ၌ ထုတ်လွှင့်ခဲ့သော
“မဲရုံကို … မဲရုံကို … လာကြ … လာကြ … မဲသွားပေးမယ်ကွာ” အစရှိသည့် ၀ါဒဖြန့် သီချင်းကိုပါ မျက်နှာသစ်အဆိုတော်များ၊
မော်ဒယ်လ် သရုပ်ဆောင်များနှင့် ပြန်လည်ရိုက်ကူးပြီး ရုပ်မြင်သံကြားလိုင်းများတွင် ထုတ်လွှင့်ပြလျက်ရှိသည်။

ထို့ပြင် ရွေးကောက်ပွဲသည် ကြုံတောင့်ကြုံခဲ အခွင့်အရေးဖြစ်ပြီး လက်ရှိအခြေအနေအရ ရယူဆုပ်ကိုင်သင့်သော အခွင့်အလမ်းကောင်းကြီး ဖြစ်သည်ဆိုသော အဓိပ္ပာယ်ကို ဦးတည်ဖော်ညွှန်း ထားသည့် ဇာတ်လမ်းတိုများကိုလည်း မြဝတီနှင့် မြန်မာ့ ရုပ်မြင်သံကြားလိုင်းများတွင် ပြသလျက်ရှိသည်။

အဆိုပါ ၀ါဒဖြန့် သီချင်းများနှင့် ဇာတ်လမ်းတိုများကို ပြန်ကြားရေးဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊
မြန်မာနိုင်ငံ ဂီတအစည်းအရုံးတို့က ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး ၀ါဒဖြန့်သီချင်းနှင့် ဇာတ်လမ်း အမြောက်အများ ရိုက်ကူးပြီစီး ထားပြီဟု သိရှိရသည်။

“ရွေးကောက်ပွဲ ဆန္ဒမဲပေးဖို့ လှုံ့ဆော်တဲ့ သီချင်းတွေက ခေတ်ပေါ်၊ ခေတ်ဟောင်းပုံစံ အမျိုးမျိုးရှိတယ်။ ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့) ပါတီရဲ့ စည်းရုံးရေးသီချင်းတွေလည်း ပါတယ်” ဟု မြို့နယ်ကြံ့ဖွံ့ပါတီဥက္ကဋ္ဌ တဦးက ရှင်းပြသည်။

ကြံ့ဖွံ့ပါတီ၏ ၀ါဒဖြန့် သီချင်းများကိုမူ စည်းရုံးရေးကာလနှင့် ရွေးကောက်ပွဲ ကျင်းပချိန်အတွင်း ကြံ့ဖွံ့ပါတီရုံးခွဲများ၊
ကြံ့ဖွံ့ပါတီ အမာခံများရှိသည့် ရပ်ကွက်၊ ကျေးရွာများတွင် လော်စပီကာများဖြင့် ဖွင့်၍ ရွေးကောက်ပွဲအနိုင်ရန်
စည်းရုံး လှုံ့ဆော်မည်ဟု သိရှိရသည်။

ရွေးကောက်ပွဲ ကျင်းပမည့်အချိန်ကို စစ်အစိုးရ ထုတ်ပြန် ကြေညာလိုက်သော်လည်း ပြည်သူများ အကြား စိတ်ဝင်စားမှု နည်းပါးနေသေးကြောင်း ရန်ကုန်မြို့သူ၊ မြို့သားများထံမှ စုံစမ်းသိရသည်။

“အားလုံးလိုလိုက သိပ်စိတ်မ၀င်စားဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကြံ့ဖွံ့ပါတီက နိုင်မှာပဲလို့ အားလုံးက တွက်ထားကြတော့ ထူးထူးထွေထွေပြောဆိုတာလည်း မရှိလှဘူး။ နေ့စဉ် စားဝတ်နေရေးကိုပဲ ဦးစားပေးနေရတယ်” ဟု ရန်ကုန်မြို့ခံ တက္ကစီဒရိုင်ဘာတဦးက ဆိုသည်။

အထွေထွေရောဂါကု ဆရာဝန်တဦးကလည်း ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် နိုင်ငံရေး အခင်း အကျင်းကို စိတ်ဝင်းစားကြောင်း၊ သို့သော်လည်း ရွေးကောက်ပွဲတွင် မဲပေးဖြစ်လိမ့်မည် မဟုတ်ကြောင်း ပြောသည်။

“အဓိက စိတ်ဝင်စားတာက ရွေးကောက်ပွဲအပြီးပဲ။ အခုအခြေအနေကတော့ သိပ်ပြီး၏ စိတ်လှုပ်ရှားစရာမရှိဘူး။ ဒါက မဖြစ်မနေ ဖြတ်ကျော်ရမယ့် အဆင့်တွေပဲ။ ကျနော်ကြိုက်တဲ့ နိုင်ငံရေး ပါတီရယ်လို့ မရှိတော့ မဲမပေးဘူး” ဟု သူက
ဆိုသည်။

နိုင်ငံရေး ပါတီများအကြားတွင်မူ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း တင်သွင့်ရမည့်ရက်ကြောင့် လှုပ်လှုပ်ရှားရှားဖြစ်နေသည်။

“သြဂုတ် ၁၆ ကနေ ၃၀ ရက်နေ့အတွင်း လွှတ်တော် ကိုယ်စားလောင်း အမည်စာရင်းသွင်းခိုင်းတယ်။ ရုံးပိတ်ရက်တွေ နုတ်ရင် နိုင်ငံရေးပါတီတွေ ကိုယ်စားလောင်းတင်သွင်းဖို့ အချိန် ၁၁ ရက်ပဲရတယ်။ ၁၁ ရက် အတွင်းမှာ ငွေ ၅ သိန်း မှတ်ပုံတင်ကြေး တင်ပြီး ပြိုင်နိုင်မယ့် လွှတ်တော်အမတ် လောင်းတွေရှာဖို့ အင်မတန်ခက်ခဲတယ်” ဟု နိုင်ငံရေးပါတီဝင် တဦးက ပြောသည်။

ရွေးကောက်ပွဲဥပဒေတွင် နိုင်ငံရေးပါတီတခုသည် အနည်းဆုံး မဲဆန္ဒနယ်သုံးခု၌် လွှတ်တော် အမတ်လောင်းများ ပါဝင် ယှဉ်ပြိုင်နိုင်ခြင်း မရှိလျင် ဖျက်သိမ်းခံရမည်ဟု ပြဋ္ဌာန်းထားရာ နိုင်ငံရေးပါတီများအနေဖြင့် ၎င်းတို့ပါတီ ဖျက်သိမ်း မခံရရေး အတွက် ကြိုးပမ်းနေရသည်ဟု သိရသည်။

“ဘာမှ အဆင်သင့်မဖြစ်သေးတဲ့အချိန် လွှတ်တော် ကိုယ်စားလှယ်လောင်း တင်ခိုင်းတာပဲ။ မဲဆန္ဒနယ် အများကြီး ပြိုင်နိုင်ဖို့တော့ မလွယ်ဘူး” ဟု နိုင်ငံရေး ပါတီဝင် တဦးက ဆိုသည်။

ဖွဲ့စည်းထားပြီးဖြစ်သော နိုင်ငံရေးပါတီအများစုသည် မဲဆန္ဒနယ် ဆယ်ဂဏန်း ကျော်တွင် ပါဝင် ယှဉ်နိုင်မည်ဖြစ်ပြီး တသီးပုဂ္ဂလ လွှတ်တော်အမတ်များ ပေါ်ပေါက်ရန်မှာမူ လူများတွင် ကြောက်စိတ်ရှိနေသောကြောင့် မလွယ်ကူကြောင်း နိုင်ငံရေးသမား တဦးက သုံးသပ်သည်။

“ပါတီအများစုအနေနဲ့ လွှတ်တော်အမတ်နေရာ ဆယ်ဂဏန်းကနေ အများဆုံး တရာလောက်အထိပဲ ပြိုင်နိုင်ကြမယ်။ ကြံ့ဖွံ့ပါတီကတော့ လွှတ်တော်အမတ် နေရာအားလုံးမှာ ပြိုင်နိုင်တဲ့ အင်အားရှိတယ်” ဟု သူက ပြောသည်။

လာမည့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ပါတီဆက်လက် တည်ထောင်ခွင့်နှင့် တည်ထောင်ခွင့်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၄၇ ရှိသည်။ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီမှာ ၄၁ ပါတီရှိပြီး ပါတီ ၄၀ ကို မှတ်ပုံတင် ချပေးပြီး ဖြစ်သည်။


 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်