DKBA နယ်ခြားစောင့်တပ် ဖွဲ့ပြီ

E-mail Print
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဒုတိယ ဥက္ကဌ ဦးကျော်သန်း ဦးဆောင်သော တပ်ဖွဲ့ဝင် များသည် နယ်ခြားစောင့်တပ်များ တပ်ဖွင့်ပွဲ အခမ်းအနားကို ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့၊ မြိုင်ကြီးငူ ဒေသတွင် ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း စစ်အစိုးရ သတင်းစာ၌ ယနေ့ ဖော်ပြထားသည်။  

dkba-aug-19“DKBA သည် ယခင်က ယာယီ ငြိမ်းချမ်းရေး အဖြစ်သာ တာဝန် ထမ်းဆောင်ခွင့် ရခဲ့သော်လည်း ယခုအချိန်တွင် ထာဝရ ငြိမ်းချမ်းရေး ရရှိပြီး နယ်ခြားဒေသ လုံခြုံရေး အတွက် နယ်ခြားစောင့်တပ် အဖြစ် နယ်စပ်လုံခြုံရေး ကာကွယ်ရေးဆိုင်ရာ ကိစ္စများကို ထိထိ ရောက်ရောက် ပိုမိုဆောင်ရွက် သွားနိုင်ကြ တော့မည်” ဟု သတင်းစာတွင် ရေးထားသည်။

နယ်ခြားစောင့်တပ် ဖွင့်ပွဲ အခမ်းအနားသို့ ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်၊ မွန်ပြည်နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်း အပါအ၀င် စစ်အစိုးရ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဒေသခံ ပြည်သူများ အနေဖြင့် မိမိနယ်မြေ၌ ယခုကဲ့သို့ နယ်ခြားစောင့်တပ်များ ဖွဲ့စည်းဖြစ်ပေါ်လာမှုကို ကြိုဆိုသည်ဟု သတင်းစာက ဆိုသည်။

အလားတူပင် DKBA တပ်မဟာ ၉၉၉ ဌာနချုပ် ဗိုလ်ချုပ် ဖာနွီး ဦးဆောင်သော တပ်ဖွဲ့ဝင်များသည်လည်း ကရင်ပြည်နယ် ပိုင်ကျုံမြို့၌ မနက်ဖြန်တွင် အခမ်းအနား ပြုလုပ်မည်ဖြစ်ကြောင်း၊ ယနေ့ ပိုင်ကျုံမြို့တွင် အခမ်းအနား ကျင်းပရန် ကြိုတင် လေ့ကျင့်မှုများ ပြုလုပ်နေကြောင်း၊ အခမ်းအနား လေ့ကျင့်မှုများ ပြုလုပ်ရာတွင် ဘားအံမြို့မှ စစ်တပ်အရာရှိ တချို့လည်း တက်ရောက်ကြောင်း DKBA နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

၉၉၉ တပ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူကလည်း မကြာမီရက်ပိုင်းအတွင်း မြ၀တီမြို့နယ်တွင် နယ်ခြားစောင့်တပ် အခမ်းအနား ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

နအဖ စစ်တပ်က လွှမ်းမိုးသည့် နယ်ခြားစောင့်တပ် ဖြစ်လာပြီးနောက် DKBAသည် အခိုင်အမာ ခြေကုပ်ယူထားသည့် စီးပွားရေး အခြေစိုက်ဒေသများကို စွန့်လွှတ်ရဖွယ်ရှိကြောင်း လေ့လာစောင့်ကြည့်သူများက ဆိုသည်။ 

DKBA နှင့် နီးစပ်သူ စောထီးမူးက စစ်အစိုးရသည် DKBAထိန်းချုပ်သည့် စီးပွားရေးလုပ်ငန်းများကို လွှဲယူ ဆောင်ရွက်ဖွယ်ရှိပြီး ယခင်ကာလများ ကဲ့သို့ ရပ်တည်နိုင်တော့မည် မဟုတ်ကြောင်း ပြောသည်။

DKBAတပ်ဖွဲ့ဝင်များသည် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက လက်ခံခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်ရှိ DKBA ထိန်းချုပ်ထားသော ၉၉၉ ဂိတ်ကို စစ်အစိုးရတပ်များက သြဂုတ်လ အစောပိုင်းတွင် ထိန်းချုပ်ခဲ့သည်။ DKBA အလံကို ဖြုတ်ကျ၍ မြန်မာနိုင်ငံတော်အလံကို လွှင့်တင်ကာ ၉၉၉ ဂိတ် အမည်ကိုလည်း ဒေါနတောင်ဂိတ်ဟု ပြောင်းလဲခဲ့သည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) မှ တွဲဖက်အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက “DKBA က ကိစ္စပြတ် သွားပါပြီ။ သူတို့ တဖြည်းဖြည်း ပျောက်တော့မှာပါပဲ” ဟု ပြောသည်။

နယ်ခြားစောင့်တပ်ကို DKBAအများစုက လက်ခံလိုက်သော်လည်း ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် လှုပ်ရှားနေသော DKBA တပ်မဟာ (၅) မှ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး (စောလားပွယ်) ဦးဆောင်သော တပ်ဖွဲ့ဝင်များက ယင်းအစီအစဉ်ကို လက်မခံဘဲ ခွဲထွက်ခဲ့သည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အားကြီးမားလာသည့် လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ဖြစ်သည်။

၁၉၈၉ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်