ဖမ်းမိသည့် လိုင်စင်မဲ့ကားများကို ရန်ပုံငွေကောက်

E-mail Print
ထိုင်း-မြန်မာ နယ်စပ် မြ၀တီမြို့၌ သြဂုတ်လ ၂၃ ရက်နေ့တွင် လိုင်စင်မဲ့ကား အစီးရေ ၆၀ ခန့်အား ဒေသဆိုင်ရာ အာဏာပိုင်များက ဖမ်းဆီး၍ ကားတစီးလျင် ကျပ်တသိန်းမှ လေးသိန်း အထိ ငွေတောင်း ခံကြောင်း သိရသည်။

dkba-cars“မြ၀တီမြို့က အထွက်မှာ ဖမ်းတာပါ၊ မနေ့က ၇ နာရီကနေ ၁၁ နာရီ လောက်အထိ ဖမ်းပါတယ်၊ အကြောင်း ပြတာတော့ ဟိုတနေ့က မီးလောင်ခံရတဲ့ အိမ်တွေကို ထောက်ပံ့ဖို့ ရန်ပုံငွေ ကောက်တာပါလို့ ပြောတယ်”ဟု မြ၀တီမြို့ခံ ကုန်သည်တဦးက ဧရာဝတီ သို့ပြောသည်။

တောင်းခံ ရရှိသည့် ငွေများကို မြ၀တီမြို့ ရှိသြဂုတ်လ ၂၂ ရက်နေ့ ည ၈ နာရီ ၀န်းကျင်က မီးလောင် ခံခဲ့ရသည့် အိမ်ထောင်စု ၃ စုအား တအိမ်လျှင် ကျပ် ၁၀ သိန်းစီ ကူညီထောက်ပံ့ ပေးသွားရန် ဖြစ်သည်ဟု သိရသည်။

မီးလောင်မှုသည် ဂက်စ်အိုးများကို မှန်လုံကားပေါ်သို့ တင်ဆောင်စဉ် ပေါက်ကွဲရာမှ စတင်လောင်ကျွမ်း ခဲ့ကြောင်းသိရပြီး လူနေ အိမ် ၃ လုံးအပြင်အနီးရှိ စာသင်ကျောင်းတခု၏ ပြူတင်းပေါက်များကိုပါ လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

လိုင်စင်မဲ့ ကားများကို ဖမ်းဆီးငွေတောင်းခံရာတွင် စစ်အစိုးရနှင့်ငြိမ်းချမ်းရေး ယူထားသည့် အဖွဲ့အစည်းမှ ကားဖြစ်ပါက ကျပ် တသိန်း ကောက်ခံပြီး မည်သည့်အဖွဲ့အစည်းနှင့်မှ မပတ်သက်ပါက လေးသိန်း အထိ တောင်းယူကြောင်း သိရသည်။

သြဂုတ်လ ၂၃ ရက်နေ့၌ပင် မြ၀တီ ကုန်သွယ်ရေးဇုန်တွင်လည်း လိုင်စင်မဲ့ ကား ၇ စီးခန့်ကို ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင် များနှင့် နီးစပ်သူတဦးက ပြောသည်။

“ဒါကတော့ အဖမ်းပြတဲ့သဘောပါ၊ ငြိမ်းချမ်းရေး ယူထားတဲ့အဖွဲ့တွေနဲ့ စစ်တပ်တို့ပေါင်းပြီး ညဘက်တေမှာ ၁၀ စီး၊ ၁၅ စီး
လောက် နေ့တိုင်းသွားနေတာတွေ ရှိတယ်”ဟု ၎င်းက ဆိုသည်။

ထိုင်း-မြန်မာနယ်စပ် ဂိတ်များကို ဇူလိုင် ၁၇ ရက်မှစ၍ မြန်မာစစ်အစိုးရက တရားဝင်ပိတ်ထားသော်လည်း ညဘက်တွင်ဂိတ် တချို့၌ အာဏာပိုင်များနှင့်ပေါင်းကာ ကုန် အ၀င်အထွက် ပြူလုပ်ခြင်းများ နေ့စဉ်ရှိကြောင်း သိရသည်။

စစ်အစိုးရက ဖမ်းဆီးထားသည့် လိုင်စင်မဲ့ကားများကို မကြာခဏ လေလံပစ်လေ့ရှိသည်။ လေလံပစ်သည့်ကား အမျိုးအစား များတွင် တန်ဖိုးနည်းကား အနည်းငယ်သာပါဝင်ပြီး လင်ခရူဇာ၊ မတ်ခ်တူး၊ ပါဂျဲရိုး၊ ဆတ်ဖ် စသည့်တန်ဖိုး ကြီးကား အမျိုး အစား များဖြစ်ကြောင်း ရန်ကုန်မှ ကားဝယ်ရောင်း လုပ်သူတဦးက ပြောသည်။

နယ်စပ်ဂိတ်ပေါက်များမှတဆင့် လိုင်စင်မဲ့ကားတင်သွင်းခြင်းကို စစ်အစိုးရနှင့်နီးစပ်သူများအပြင် စစ်ဗိုလ်ချုပ်များ၏ မိသားစု များ ပါလုပ်ဆောင်ကြောင်း သိရသည်။ ယင်း လိုင်စင်မဲ့ကားများကို ထိုင်းနယ်စပ်အပြင်၊ တရုတ်နယ်စပ်ဂိတ်များကပါ တင်သွင်း ကြောင်း သိရသည်။

စစ်အစိုးရက လိုင်စင်မဲ့ကားများအား တန်ဖိုး၏ ၈၅ ရာခိုင်နှုန်း ယူဆောင်ပြီး တရားဝင် လိုင်စင်များ လုပ်ပေးခြင်းကို ဇူလိုင် လဆန်း ပိုင်းမှစ၍ ရန်ကုန်မြို့နှင့်နယ်မြို့တချို့တွင် ပြုလုပ်ပေးလျက်ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်