ရွေးကောက်ပွဲကို စောင့်ကြည့်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

E-mail Print
လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ တရပ် ဖြစ်ပေါ်လာ စေရေးအတွက် လူတိုင်းက အနီးကပ် စောင့်ကြည့်ရန် တာဝန်ရှိသည်ဟု နေအိမ် အကျယ်ချုပ် ကျခံနေရသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

Free_Aung_Sunဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နေ့က တွေ့ဆုံစဉ် ထိုသို့ မှာကြား လိုက်ခြင်း ဖြစ်ကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

“ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မဝင်တော့ဘူး၊ သပိတ် မှောက်တယ် ဆိုပေမယ့်လို့ ပါတီဝင်တွေ အနေနဲ့ ရွေးကောက်ပွဲကို လျစ်လျူရှုလို့ မရဘူး။ မျက်ခြေမပြတ် ကြည့်ရှု လေ့လာဖို့ လိုတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲ တခု ဖြစ်ဖို့ဆိုတာ လူတိုင်းမှာ တာဝန်ရှိတယ်။ လူတိုင်း၊ အဖွဲ့အစည်း တိုင်းမှာ တာဝန်ရှိတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံ လျှောက်လဲချက်နှင့် နေအိမ်ပြင်ဆင်မှုများကို ထပ်မံဆွေးနွေး ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက် ရှိကြောင်း ဦးဉာဏ်ဝင်းက ဆက်လက် ပြောဆိုသည်။

၁၉၈၉ ခုနှစ်မှ စတင်ကာ နေအိမ်အကျယ်ချုပ်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နှစ် မေလက နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော ကြောင့် ထပ်မံ ရုံးတင် တရားစွဲ ခံခဲ့ရသည်။

နအဖ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဥပဒေ ဖောက်ဖျက်သည်ဟု ဆိုကာ ယမန်နှစ် သြဂုတ်လ အတွင်းက ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။ သို့သော် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက  အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ်၊ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး တော်စပ်နေခြင်းကြောင့်လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက် လည်းကောင်း လျှော့ပေါ့ပေးရခြင်း ဖြစ်သည်ဟု ဆိုသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိကျခံထားရသည့် နေအိမ်အကျယ်ချုပ် ပြစ်ဒဏ်အရ ရွေးကောက်ပွဲ ပြီး၍ တပတ် အကြာမှ နအဖ အစိုးရက လွှတ်ပေးမည့်အချက်ကိုလည်း NLD မှ လူကြီးများ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းထံမှ သိရှိရသည်။

ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီးအတွက် ကျင်းပသွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့တွင် စစ်အစိုးရက ထုတ်ပြန် ကြေညာထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်