နိုင်ငံခြားရေးဝန်ကြီးနှင့် ဇနီး စတင် မဲဆွယ်

E-mail Print
နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အတွက် တရားဝင် မဲဆွယ်စည်းရုံးမှုများကို ဇာတိမြေဖြစ်သည့် ပဲခူးတိုင်း အနောက်ပိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့တွင် စတင် ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

nyan win08ပြီးခဲ့သည့် စနေနေ့က ဇီးကုန်းမြို့ ဘိုးဘွားရိပ်သာတွင် ပြုလုပ်သည့် မျက်မှန်များပေးအပ်သည့် အခမ်းအနားတွင် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်စိုးက ဦးဉာဏ်ဝင်း၏ပုံ ရိုက်နှိက်ထားသည့် “တခဲနက် ထောက်ခံမဲပေးကြပါစို့” စာတန်းပါသည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်ဟု ဇီးကုန်းမြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။

“စာရွက် သုံးခေါက်ချိုးပေါ်မှာ ဦးဉာဏ်ဝင်း ဓာတ်ပုံက တိုက်ပုံနဲ့၊ မောင့်ကျက်သရေ ခေါင်းပေါင်းနဲ့၊ အသေအချာ ရိုက်ထားတဲ့ပုံနဲ့ ဖြန့်တာ” ဟု အဆိုပါ မြို့ခံက ဆိုသည်။

ယင်းလက်ကမ်းစာစောင်တွင် “မွေးရပ်မြေ ဇီးကုန်းမြို့ကို အစဉ်တိုးတက်စေရန် တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဉာဏ်ဝင်းအား တခဲနက် ထောက်ခံမဲပေးကြပါစို့” ဟု ရေးသားထားကြောင်း ၎င်းက ပြောသည်။

နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့်အတူ ဇီးကုန်းမြို့၊ စမ်းရွာနေ ဦးထူးခိုင်လည်း ကြံ့ဖွံ့ပါတီအတွက် ၀င်ရောက်အရွေးခံမည်ဟု သိရသည်။

ဇီးကုန်းမြို့တွင် ကြံဖွံပါတီအပြင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) နှင့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီတို့ ရှိသည်ဟု ဒေသခံများက ပြောသည်။

ကိုယ်ရေး ရာဇ၀င်တွင် ဦးဉာဏ်ဝင်းသည် ၁၉၅၃ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့တွင် ဦးမောင်ဆောင်း၊ ဒေါ်လှရွှေတို့မှ မေးဖွားခဲ့ပြီး မွေးချင်း ၃ ဦးအနက် အငယ်ဆုံးဖြစ်ကြောင်း၊ အ.လ.က (လယ်တွင်း) နှင့် အ.ထ.က (ဇီးကုန်း) တို့တွင် ပညာသင်ကြားခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် အခြေခံပညာ အထက်တန်း စာမေးပွဲ အောင်စာရင်း မထွက်မီ လယ်တွင်းရွာ အလယ်တန်းကျောင်းတွင် လုပ်အားပေး ကျောင်းဆရာအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့နောက် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၁၅ သို့ တက်ရောက်၍ ၁၉၇၃ ခုနှစ် နိုဝင်ဘာလတွင် B.Sc (DSA) ဘွဲ့ရခဲ့ပြီး ပြန်တမ်းဝင်အရာရှိ ဖြစ်လာကြောင်း၊ ထို့နောက် ရာထူးအဆင့်ဆင့်ဖြင့် တပ်ရင်းတပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

၁၉၇၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့တွင် ဇီးကုန်းမြို့ ဗိုလ်ရုံလမ်းနေ ဦးညွန့်မောင်၊ ဒေါ်ခင်ကြည်တို့၏ သမီး ဒေါ်မြင့်မြင့်စိုးနှင့် လက်ထပ်ခဲ့ကာ သား ၃ ယောက် ရခဲ့ပြီး ယခုအခါ ၂ ဦးမှာ တပ်မတော်ပြန်တမ်းဝင် အရာရှိ၊ တဦးမှာ ဆရာဝန် ဖြစ်သည်ဟု လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။

စစ်မှူထမ်းကာလအတွင်း တပ်မတော်သင်တန်းများကို တက်ရောက် အောင်မြင်ခဲ့ကြောင်း၊ မကွေးမြို့၌ တာဝန် ထမ်းဆောင်နေစဉ် အထက်တန်း ရှေ့နေစာမေးပွဲကို ၀င်ရောက်ဖြေဆိုရာ တနိုင်ငံလုံး ပထမအဆင့်ဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။

၁၉၈၈ ခုနှစ် နိုဝင်ဘာလမှ ၁၉၈၉ ခုနှစ် မတ်လအထိ မကွေးတိုင်း နတ်မောက်မြို့နယ်တွင် မြို့နယ် ငြိမ်ဝပ်ပိပြားရေးနှင့် တည်ဆောက်ရေး အဖွဲ့ (မ၀တ) တာဝန်ကို ယူခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ဗိုလ်မှူးကြီး အဆင့်ဖြင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်၌ ၁ နှစ် တက်ရောက်ခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် ရန်ကုန်မြို့တွင် ဖွင့်လှစ်သည့် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ကို ထပ်မံတက်ရောက်ခဲ့သည်။

ထို့နောက် ကလောမြို့ရှိ စစ်ဦးစီး တက္ကသိုလ် ကျောင်းအုပ်ကြီး၊ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်နှင့် စစ်မဟာဗျူဟာ လေ့လာရေးဌာနတို့တွင်  တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်ချုပ်အဆင့်အထိ ရာထူးရခဲ့ရသည်။ တပ်မတော်တွင် တာဝန်ယူစဉ် စစ်မှူထမ်းကောင်းတံဆိပ်များ၊ စွမ်းဆာင်ရည် တံဆိပ်များနှင့် သင်္ဂဟတံဆိပ်များ ချီးမြှင့်ခံခဲ့ရသည်။

၂၀၀၄ ခုနှစ် ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့တွင် နိုင်ငံခြားရေး ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်ဟု လက်ကမ်းစာစောင်တွင် ရေးသားထားသည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့ပါတီသည် ဧပြီလ ၂၉ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ၌ တည်ထောင်ခွင့်လျှောက်ထားခဲ့ပြီး မေလ ၄ ရက်နေ့တွင် တည်ထောင်ခွင့်ရရှိခဲ့သည်။ ယင်းနောက် ဇွန်လ ၁ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားပြီး ဇွန်လ ၈ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့သည်။

ကြံ့ဖွံ့ပါတီ၏ နိုင်ငံရေး ပါတီမှတ်ပုံတင် အမှတ်မှာ ၂၃ ဖြစ်ပြီး သြဂုတ်လ ၁၈ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီဝင် အင်အား တင်ပြခဲ့သည်။

ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီးအတွက် ကျင်းပသွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့တွင် စစ်အစိုးရက ထုတ်ပြန် ကြေညာထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်