ပဲခူးမြစ်ရေမြင့်တက် အိမ်ထောင်စု ငါးထောင်ခန့် ရွှေ့ပြောင်း

E-mail Print
ပဲခူးမြစ်ရေ မြင့်တက်လာ မှုကြောင့် ပဲခူးမြို့ရှိ ရပ်ကွက်တချို့တွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေရာ အိမ်ထောင် စုပေါင်း ၅၀၀၀ (ငါးထောင်) ခန့်ကို နေရာရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။

Bago-Flood“မနေ့မနက်ပိုင်း ကတည်းက ရပ်ကွက် တွေထဲကို ရေ၀င်လာတယ် ၊ အခုဆိုရင် အိုးလေးစု ၊ ဆက်ပိုင်း ၊ ကျွန်းသာယာ ၊ ကလျာဏီ ၊ မဇင်း ၊ ဇိုင်းဂနိုင်း ရပ်ကွက် တွေထဲမှာ ရေတွေချည်းပဲ ၊ ရန်ကုန်-မန္တလေး လမ်းပေါ်လည်း ရေကျော်နေပြီ ၊ ကားလေးတွေ မောင်းလို့ မရတော့ဘူး"ဟု ပဲခူးမြို့ခံ တဦးက ပြောသည်။

ပဲခူးမြစ်ရေသည် ယမန်နေ့က ပဲခူးမြို့၏ စိုးရိမ်ရေအမှတ် ၉၁၀ စင်တီမီတာသို့ ရောက်ရှိနေပြီး နောက် ၂၄ နာရီအတွင်း စိုးရိမ်ရေ အမှတ်အထက်တွင် ဆက်လက်တည်ရှိနေနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

{slimbox images/multimedia/Bago-Flood/01.jpg,images/multimedia/Bago-Flood/01-sm.jpg, မြစ်ရေကြီးမှုကြောင့် ပဲခူးဒေသခံများ ယမန်နေ့က ဤသို့ သွားလာနေကြရ (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/Bago-Flood/02.jpg,images/multimedia/Bago-Flood/02-sm.jpg, မြစ်ရေကြီးမှုကြောင့် ပဲခူးဒေသခံများ ယမန်နေ့က ဤသို့ သွားလာနေကြရ (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/Bago-Flood/03.jpg,images/multimedia/Bago-Flood/03-sm.jpg, မြစ်ရေကြီးမှုကြောင့် ပဲခူးဒေသခံများ ယမန်နေ့က ဤသို့ သွားလာနေကြရ (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/Bago-Flood/04.jpg,images/multimedia/Bago-Flood/04-sm.jpg, မြစ်ရေကြီးမှုကြောင့် ပဲခူးဒေသခံများ ယမန်နေ့က ဤသို့ သွားလာနေကြရ (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/Bago-Flood/05.jpg,images/multimedia/Bago-Flood/05-sm.jpg, မြစ်ရေကြီးမှုကြောင့် ပဲခူးဒေသခံများ ယမန်နေ့က ဤသို့ သွားလာနေကြရ (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/Bago-Flood/06.jpg,images/multimedia/Bago-Flood/06-sm.jpg, မြစ်ရေကြီးမှုလွတ်ရာတွင် ရွှေ့ပြောင်းနေထိုင်ရသည့် ရေဘေး ဒုက္ခသည်များ (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/Bago-Flood/07.jpg,images/multimedia/Bago-Flood/07-sm.jpg, မြစ်ရေကြီးမှုကြောင့် ပဲခူးဒေသခံများ ယမန်နေ့က ဤသို့ သွားလာနေကြရ (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/Bago-Flood/08.jpg,images/multimedia/Bago-Flood/08-sm.jpg, မြစ်ရေကြီးမှုကြောင့် ပဲခူးဒေသခံများ ယမန်နေ့က ဤသို့ သွားလာနေကြရ (ဓာတ်ပုံ - ဧရာဝတီ)}
မြစ်ရေတိုးလာမှုကြောင့် အိမ်ထောင်စုပေါင်း ၅၀၀၀ ခန့်ကို နီးစပ်ရာဘုန်းကြီးကျောင်းများ ၊ စာသင်ကျောင်းများအတွင်း နေရာ ရွှေ့ပြောင်းပေးထားရကြောင်း ရေဘေးဒုက္ခသည်များအရေး ကူညီဆောင်ရွက်ပေးနေသည့် ပဲခူး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အဖွဲ့ဝင် လူငယ်တဦးက ပြောသည်။

“ဒီနေ့အနောက်ရွှေနံ့သာ ဘုန်းကြီးကျောင်းမှာ ရှိနေတဲ့ ရေဘေးဒုက္ခသည် ၄၀၀ ကျော်အတွက် ဦးပဉ္ဇင်းတို့ ထမင်းထုပ်ဝေတယ်၊ နောက် ၅ ရက်လောက် အထိတော့ ရေးဘေးဒုက္ခသည်တွေအတွက် အကူအညီတွေ ပေးနေရဦးမယ့်သဘောရှိတယ်"ဟု တောင်နံစု ကျေးရွာ ပရဟိတ ကျောင်းထိုင် ဆရာတော် ဦးကိတ္တိက မိန့်သည်။

မိုးကြီးမှုကြောင့် ပဲခူးမြစ်ရေတိုးသည့်အပြင် ပဲခူးမြို့အထက် မိုင်(၄၀)ခန့် အကွာရှိ ဇောင်းတူဆည် ရေဖောက်ချမှုကြောင့်လည်း မြို့ထဲအထိ ရေ၀င်လာခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

မန္တလေးတိုင်းအတွင်းရှိ ဆည်တော်ကြီးဆည် ရေဖောက်ချမှုကြောင့် မတ္တရာမြို့နယ်အတွင်း ၌လည်း ယခုလ ၁၇ ရက်မှ ၂၀ ရက် အထိ ရေနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ပြီး လူနေအိမ်တချို့ပျက်စီးဆုံးရှုံးမှု ရှိခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်