ဂိတ်များပိတ်သော်လည်း လိုင်စင်မဲ့ကားများ မြန်မာပြည်တွင်းဝင်နေဆဲ

E-mail Print
မဲဆောက်နှင့် မြ၀တီကြားရှိ ဂိတ်များကို မြန်မာဘက်မှ ပိတ်ဆို့ ထားသော်လည်း လိုင်စင်မဲ့ကားများမှာ နေ့စဉ် ၁၅ စီးမှ အစီး ၃၀ ခန့် ခိုးလမ်းများမှ တဆင့် မြန်မာပြည် ဒေသအသီးသီးသို့ ဝင်ရောက် နေကြောင်း သိရသည်။

th-mm-carထိုသို့ လိုင်စင်မဲ့ကားများ မြန်မာ ပြည်တွင်းသို့ ဝင်ရောက်ရာတွင် ဂိတ်ကြေး များများ မပေးနိုင်သူများ အဖမ်းအဆီး ခံရကြောင်းလည်း မြဝတီ အခြေစိုက် ကားဝယ်ရောင်းများထံမှ သိရသည်။ 

မြန်မာ အာဏာပိုင်များက တရားမ၀င် ကားများကို လိုင်စင်ပြုလုပ် ပေးနေသဖြင့် ၀ယ်လိုအားများနေရာ ကားများကို အဖမ်းအဆီးများ ကြားထဲမှ အပြိုင်အဆိုင် ခိုးသွင်းနေခြင်း ဖြစ်ကြောင်း မြ၀တီမြို့ခံ ကားဝယ်ရောင်း တဦးက ဧရာဝတီသို့ ပြောသည်။

“အခုတလော အဖမ်းအဆီးကလည်း အတော်များတယ်။ အရင်ထက် ကြမ်းတယ်။ ဒါပေမယ့် ခိုးလမ်းကြောင်း ကတော့ နေ့တိုင်း သွင်းနေကြတာပဲ။ ဂိတ်ကြေးမကြောက်ရင် အလုပ်ဖြစ်တယ်။ အခုဟာက လမ်းပိတ်ထားတာရယ် လမ်းကြောင်း ကျပ်တာရယ်ကြောင့် တော်ရုံလူ မသွင်းနိုင်ဘူး။ တဘက်မှာကလည်း Without ကို လိုင်စင်ပေးတာ ဆိုတော့ အ၀ယ်လိုက်တယ်” ဟု ၎င်းက ဆိုသည်။

မဲဆောက်ဘက်မှ ၀င်လာသော လိုင်စင်မဲ့ ကားများအတွက် နယ်စပ်ရှိ အာဏာပိုင်များကို လာဘ်ထိုးကာ  အငှားကား မောင်းသမားများက မောင်းပို့ကြခြင်းဖြစ်ပြီး ကားတစီး ပို့ခမှာ ယခင်ထက် ၄ ဆ၊ ၅ ဆ ပိုကုန်ကြောင်းမြ၀တီ နယ်စပ်မှ ရန်ကုန်အထိ လိုင်စင်မဲ့ကား တင်သွင်းသော ကုန်သည်တဦးက ပြောပြသည်။

“ဒီရက်ပိုင်းအတွင်း မာစီဒီးတစီး ပို့ လိုက်တာ  မောင်းခပါ အပြီးအစီး ပို့ခ ကျပ် သိန်း ၂၀ ကုန်တယ်။ ကားမောင်း သမားက ရန်ကုန်အရောက်ပို့ပေးတယ်။ ဟိုရောက်မှ လက်လွှဲယူတယ်။ အရင်ကဆို လမ်းမှာကုန်တာ ကျပ် ၄၊ ၅၊ ၆ သိန်းလောက်ပဲ” ဟု သူက ဆိုသည်။

၉၄ မိုဒယ် မာစီဒီး တစီးကို နယ်စပ်တွင် ကျပ် သိန်း ၁၂၀ ဖြင့်ဝယ်ယူပြီး လမ်းတွင် ကျပ်သိန်း ၂၀ အကုန်ခံကာ ရန်ကုန်အရောက်မောင်းပို့ရသည်။ ရန်ကုန်ရှိ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) တွင် နောက်ထပ် ကျပ် သိန်း ၈၀ ပေးရသောကြောင့် ယင်းကား တန်ဖိုးမှာ ရန်ကုန်ကို အရောက် ကျပ် သိန်း ၂၂၀ ကုန်ကျသည်ဟု အဆိုပါ ကုန်သည်က ရှင်းပြသည်။

၎င်းကားသည် ရန်ကုန်တွင် ကျပ် သိန်းထောင်ကျော်တန်ကြေးရှိကြောင်း သိရသည်။

ယင်းသို့ အမြတ်အစွန်းများသောကြောင့် ကားမှောင်ခို လုပ်ငန်းကို အဖမ်းအဆီးများသည့်ကြားမှ လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း ကုန်သည်တဦးက ဆိုသည်။

မြဝတီမြို့ခံ ရဲဝန်ထမ်းတဦး၏ အဆိုအရ သြဂုတ် ၂၅ ရက်နေ့မှ ၂၈ ရက်အတွင်း လိုင်စင်မဲ့ကား ၄၅ စီးဖမ်းထားကြောင်း သိရသည်။

“သူတို့က ဂိတ်ကြေးမပေးလို့  ဖမ်းတာမဟုတ်ဘူး။ ဒီဂိတ်က ပေးပြီး နောက်တဂိတ်ကျ တောင်းပြန်ရော ဆိုတော့ မတတ်နိုင်တဲ့သူတွေ အဖမ်းခံရတာ။ အရင်က ဘယ်ဂိတ် ဘယ်လောက် ဆိုတာသတ်သတ်မှတ်မှတ်ရှိတယ်။ အခု အဖွဲ့စုံက တောင်းတာဆိုတော့ ငွေနည်းနည်းနဲ့ စွန့်စားတဲ့လူက ခံရတာပေါ့ဗျာ” ဟု မြဝတီမြို့မှ ရဲဝန်ထမ်းက ဆိုသည်။

ယခုအခါ မြ၀တီနှင့် သင်္ကန်းညီနောင်ကြားတွင် ယခင်က မရှိခဲ့ဖူးသော ရှောင်တခင် စစ်ဆေးဂိတ်သစ် ၅ ခု ထပ်မံတိုးချဲ့ ဖွင့်ထားသည်ဟုလည်း သိရသည်။ 

လိုင်စင်မဲ့ကားများသည် အများပြည်သူ နေ့စဉ်သွားလာနေသော ကားလမ်းမှ မမောင်းဘဲ ခိုးလမ်းဟု ခေါ်ကြသော တောလမ်များမှ တဆင့် မောင်းနေကြခြင်း ဖြစ်သည်။

မြန်မာပြည်တွင်းသို့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှတဆင့် ခိုးသွင်းလာသော ကားများမှာ ဂျပန်ပြည်မှ အသုံးပြုပြီးသား ကားများဖြစ်ပြီး ဘန်ကောက်မှတဆင့် မဲဆောက်သို့ ဝင်လာကြခြင်း ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်