မွန်ပြည်သစ်ပါတီ သောင်းကျန်းသူအဖြစ် ပြန်လည်သတ်မှတ် ခံရမည်

E-mail Print
နယ်ခြားစောင့်တပ် မဖွဲ့စည်းပါက မွန်ပြည်သစ်ပါတီ (NMSP)ကို တရားမဝင် အဖွဲ့အစည်းအဖြစ် ကြေညာပြီး နဂိုမူလ လက်နက်ကိုင် သောင်းကျန်းသူ အဖြစ် ပြန်လည် သတ်မှတ်မည်ဟု စစ်အစိုးရက ထုတ်ပြန် ပြောဆိုလိုက်ကြောင်း သိရ သည်။

နယ်ခြားစောင့်တပ် အသွင် ကူးပြောင်းရေးကို စက်တင်ဘာ ၁ ရက်နေ့ နောက်ဆုံးထား၍ လက်မခံလျင် ယင်းကဲ့သို့ သတ်မှတ်မည်ဟု စစ်အစိုးရ၏ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က စာပေးပို့ အကြောင်းကြားခြင်း ဖြစ်သည်ဟု NMSP က ပြောသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်၏ စာတွင် “အသွင်ကူးပြောင်းရေး သို့မဟုတ် လက်နက် စွန့်လွှတ်ရေး ဆောင်ရွက်ရေးကို (၁၊ ၉၊ ၂၀၁၀) ရက်နေ့ နောက်ဆုံးထား ဆောင်ရွက်ရပါမည်။ လက်နက် စွန့်လွှတ်မှုကို ဆောင်ရွက်မှု မပြုဘဲ ဆက်လက် နေမည် ဆိုပါက နဂိုမူလ လက်နက်ကိုင် သောင်းကျန်းသူ အဖြစ် သတ်မှတ် လိမ့်မည်ဖြစ်ပြီး မိမိတို့နှင့် ဥပဒေအရ တရားဝင် ဆက်ဆံ ဆက်သွယ်မှု မရှိကြောင်း အသိပေးသည်”ဟု ပါရှိကြောင်း သိရသည်။

NMSP က စစ်အစိုးရ၏ ကာလကြာမြင့်စွာ ဖိအားပေးတောင်းဆိုနေသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး နှင့် လက်နက်စွန့်လွှတ်ရေး ကိစ္စရပ်ကို လက်မခံနိုင်ကြောင်း ယနေ့ ညနေ ၃ နာရီ က ထိုင်း - မြန်မာ နယ်စပ် တနေရာ တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ရှင်းလင်းသည်။

သတင်းစာ ရှင်းလင်းပွဲတွင် NMSP ဥက္ကဋ္ဌ နိုင်ထောမွန်က လက်မှတ်ရေးထိုးကာ နအဖ ၏ တောင်းဆိုချက် ကို လက်မခံနိုင်ကြောင်းပြန်စာကို ယမန်နေ့က ပေးပို့ခဲ့ကြောင်း NMSP နိုင်ငံခြားရေး တာဝန်ခံနှင့် ပြောရေး ဆိုခွင့်ရှိသူ နိုင်ဟံသာ ဗန်ခိုင်းက ရှင်းလင်းပြောကြားခဲ့သည်။

NMSP အနေဖြင့် တိုင်းရင်းသားအခွင့်အရေးများ မရရှိဘဲ နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် သဘောတူညီ လိမ့်မည် မဟုတ်ကြောင်း နိုင်ထောမွန်က ပြီးခဲ့သည့် မွန်တော်လှန်ရေးနေ့တွင် ပြောဆိုခဲ့သည်ဟုလည်း နီးစပ်သူ တဦးထံမှ သိရှိရသည်။

သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သူ မွန်သမိုင်းသုတေသီ မင်းစိုင်းနွန်ဒေါက“အသွင်ကူးပြောင်းရေးကို လက်မခံ ပေမယ့်လည်း စစ်မှန်တဲ့ ပြည်ထောင်စုမူနဲ့ ဒီမိုကရေစီ စနစ်အောက်မှာ တပ်မတော် တခုတည်းရှိရမယ်ဆိုတဲ့ မူရော၊ အဲဒီ မူနဲ့ လိုက်လျောညီထွေရှိတဲ့ တပ်အသွင်ကူးပြောင်းရေး မူကိုကော လက်ခံတာရှိတယ်လို့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောပါတယ်”ဟု ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ပြည်ထောင်စု တပ်မတော်၏ အစိတ်အပိုင်းအဖြစ် ပါဝင်စေပြီး သက်ဆိုင်ရာ ပြည်နယ် အစိုးရ၏ ကွပ်ကဲမှုအောက်တွင် ထားရှိသည့် ပြည်နယ် ကာကွယ်ရေးတပ်များ အဖြစ် ရှိသင့်သည်ဆိုသည့် ပါတီ၏ ရပ်တည်ချက်ကို တင်ပြထားခဲ့ဖူးကြောင်း၊ ထို့ကြောင့် စစ်မှန်သည့် ပြည်ထောင်စုစနစ် တည်ဆောက်ရန် အတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်း မပြီးပြတ်သေးခင် တပ်အသွင်ကူးပြောင်းရေး ကိစ္စ အပါအဝင် လက်နက် စွန့်ရန် ကိစ္စကို လက်မခံနိုင်ကြောင်း နိုင်ဟံသာ ဗန်ခိုင်းက ရှင်းပြခဲ့သည်ဟု မင်းစိုင်းနွန်ဒေါက ပြောသည်။

NMSP အနေနှင့် နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး လက်မခံနိုင်ကြောင်းကို ၂၀၀၉ ခုနှစ် သြဂုတ်လ ၃၀ ရက် နေ့ တွင် တကြိမ်၊ ယခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် တကြိမ် ငြင်းဆိုပြီးဖြစ်သည်။

ငြိမ်းချမ်းရေးကို ထိန်းသိမ်းပြီး နောက်တက်လာမည့် အစိုးရနှင့်ဖြစ်စေ၊ လက်ရှိအစိုးရနှင့်ဖြစ်စေ နိုင်ငံရေးအရ တွေ့ ဆုံ ဆွေးနွေး အဖြေရှာပြီးမှသာ အသွင်ကူးပြောင်းရေးကို လက်ခံ လုပ်ဆောင်မည်ဟု မွန်ပြည်သစ် ပါတီ က ပြောသည်။

မွန်ပြည်သစ်ပါတီ သည် ၁၉၉၅ ခုနှစ်က စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ပြုလုပ်ခဲ့သည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်း က စတင်ခဲ့ခြင်းဖြစ်သည်။

ယနေ့အထိ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော်(NDA-K)၊ ကယားပြည်နယ် အထူးဒေသ ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ ၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ၏ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ ဒေသ၊ လှိုင်းဘွဲ့မြိုနယ် ပိုင်ကျုံမြို့ ထန်းတပင် ကျေးရွာ၊ မြ၀တီမြို့နယ် မဲပလဲ့ ဒေသ၊ ကော့ကရိတ်မြို့နယ် ထီးဟူးသံ ကျေးရွာ၊ မြဝတီ မြို့နယ် အတွင်းကွင်းကလေး ဒေသတို့မှ တပ်ဖွဲ့ဝင်များနှင့် ကရင်ငြိမ်းချမ်းရေး အဖွဲ့တဖွဲ့ဖြစ်သော ဟောင် သရော အဖွဲ့တို့သည် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။

၁၉၈၉ ခုနှစ်မှ စတင်ကာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ ရှိ သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်