အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှုတွင် မြန်မာ ယှဉ်ပြိုင်ရန် မလွယ်

E-mail Print

၂၀၁၅ ခုနှစ်တွင် စတင် အကောင် အထည်ပေါ်မည့် အာဆ

ီယံ လွတ်လပ်စွာ ကုန်သွယ်မှု ဧရိယာ (AFTA) သဘော တူညီချက်အရ ပြည်ပမှ သွင်းကုန် တချို့ကို အကောက်ခွန် ကင်းလွတ်ခွင့် ပေးရတော့မည်ဖြစ်ရာ ထိုသွင်းကုန်များအား မယှဉ်ပြိုင်နိုင်မည်ကို မြန်မာလုပ်ငန်းရှင်များ စိုးရိမ်လျက်ရှိကြောင်း မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်း (MIA) မှ တာဝန်ရှိသူတဦးက ထုတ်ဖော်ပြောဆိုသည်။

fm230850-2ဒဂုံဆိပ်ကမ်း စက်မှုဇုန်မှ လုပ်ငန်းရှင်တဦးက စစ်အစိုးရ၏ ညံ့ဖျင်းသော စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံများကြောင့် မလိုလားအပ်သော ထုတ်လုပ်မှု ကုန်ကျစရိတ်များပြားနေပြီး လုပ်ငန်းရပ်တည်ရေးကိုပင် ကြိုးစား ရုန်းကန်နေရကြောင်း ပြောသည်။

“AFTA က နောက်မှလာမှာ။ အခုက ပြည်ပ စက်မှုထုတ်ကုန်တွေကို မပြောနဲ့၊ ပြည်တွင်း အချင်းချင်းတောင်မှ မနည်းပြိုင်နေရတာ” ဟု ၎င်းက ဆိုသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်မှ အခြေအနေများကို လေ့လာတင်ပြရေးအဖွဲ့ ၃ ဖွဲ့က လေ့လာသုံးသပ်လျက်ရှိကြောင်း MIA တာဝန်ရှိသူက ပြောသည်။

ယင်းအဖွဲ့များမှာ စက်မှုဇုန်အခြေအနေ အခက်အခဲ လေ့လာတင်ပြရေးအဖွဲ့၊ ဒေသတွင်းဈေးကွက်နှင့် နိုင်ငံတကာဈေးကွက် လေ့လာရေးအဖွဲ့နှင့် စက်မှုလုပ်ငန်းနှင့်ကုန်သွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း တင်ပြရေးအဖွဲ့တို့ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ပစ္စည်းထုတ်လုပ်သော လုပ်ငန်းရှင်တဦးက “AFTA ၀င်လာချိန်မှာ လုပ်ငန်းတွေ ရှင်သန်အောင် အစိုးရပိုင်းက ပံ့ပိုးကူညီဖို့ လိုပါတယ်” ဟု ပြောသည်။

လုပ်ငန်း အဓိက လိုအပ်ချက်နှင့် စပ်လျဉ်း၍ မုံရွာ ဒေသခံ လုပ်ငန်းရှင်တဦးကမူ “ကျနော်တို့ကို လျှပ်စစ်မီးနဲ့ နည်းပညာပဲပေးပါ” ဟု တောင်းဆိုသည်။

မုံရွာစက်မှုဇုန်မှ လုပ်ငန်းရှင်တဦးကလည်း “ကျနော်တို့ဇုန်မှာ လုပ်ငန်းတော်တော်များများ ရပ်လိုက်ရပြီ” ဟု ပြောသည်။

AFTA အရ အာဆီယံနိုင်ငံများမှ ဝင်လာမည့် သွင်းကုန်များကို ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရန် ပြောဆိုနေကြသော်လည်း ယခုအချိန်အထိ တရုတ်နယ်စပ်မှ ၀င်ရောက်လာသော ကုန်ပစ္စည်းများကိုပင် ဈေးကွက်၌ မယှဉ်ပြိုင်နိုင်သေးကြောင်း ပြည်တွင်း စက်မှုလုပ်ငန်းရှင်များက ထောက်ပြသည်။

ပြည်တွင်း ဝယ်လိုအားနည်းခြင်း၊ ဈေးသက်သာသော နယ်စပ်ကုန်ပစ္စည်းများသာ ဈေးကွက်ဝေစု ရရှိနေခြင်းများကြောင့် သွင်းကုန်အစားထိုး လုပ်ငန်းရှင်များမှာ AFTA ကို စိတ်ဝင်စားမှု မရှိကြောင်း စက်မှုဇုန်ဥက္ကဋ္ဌတဦးကို ကိုးကား၍ အပတ်စဉ် ထုတ် 7 DAY ဂျာနယ်တွင် ဖော်ပြထားသည်။

“AFTA အကြောင်း လုပ်ငန်းရှင်တွေကို ပြောလာတာကတော့ ကြာပါပြီ။ အခုမှ လုပ်ငန်းရှင်တွေ လန့်နိုးလာတာပါ” ဟု ရန်ကုန် စီးပွားရေးတက္ကသိုလ်မှ ပညာရှင်တဦးက ပြောသည်။

AFTA အကောင်အထည် ပေါ်လာပါက ပြည်တွင်းစက်မှုလုပ်ငန်းများ ပြည်တွင်းဈေးကွက် မပျောက်စေရန် အရေးကြီးပြီး ယူတတ်လျှင် ကောင်းကျိုးဖြစ်နိုင်ကြောင်း၊ ပြည်တွင်းဈေးကွက်ကို ထိန်းနိုင်ပြီး အာဆီယံဒေသတွင်း ဈေးကွက်အတွင်း ၀င်ရောက်ရန် ကြိုးစားရမည်ဖြစ်ကြောင်း MIA တွဲဖက်အတွင်းရေးမှူး ဒေါက်တာ အောင်သိန်း၏ “စက်မှုလုပ်ငန်းများနှင့် AFTA ဆက်စပ် အကျိုးသက်ရောက်မှု” စာတမ်းတွင် အကြံပြုထားသည်။

အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဇုန် အသက်ဝင်လာပါက အာဆီယံနိုင်ငံ အချင်းချင်း ကုန်သွယ်ရာတွင် အကောက်ခွန်ကို ၀ မှ ၅ ရာခိုင်နှုန်းသာ ကောက်ခံ၍ ကုန်စည်များကို လွတ်လပ်စွာ စီးဆင်းခွင့်ပြုရမည်ဖြစ်သည်။

AFTA သဘောတူညီချက်ကို အာဆီယံအဖွဲ့ဝင် နိုင်ငံများထဲမှ ဘရုနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ တို့က ၁၉၉၂ ခုနှစ် ဇန်နဝါရီလက စင်ကာပူနိုင်ငံတွင် လက်မှတ်ရေးထိုးကြသည်။ ၁၉၉၅ ဗီယက်နမ်၊ ၁၉၉၇ တွင် လာအိုနှင့် မြန်မာ၊ ၁၉၉၇ တွင် ကမ္ဘောဒီးယား တို့က အသီးသီး သဘောတူ လက်မှတ်ရေးထိုးကြသည်။

အစောပိုင်း AFTA သဘောတူညီချက်ရထားသည့် နိုင်ငံများသည် ယခုနှစ်တွင် အကောင်အထည် ပေါ်ပြီဖြစ်သော်လည်း နောက်ကျနေသော နိုင်ငံများက ၂၀၁၅ တွင်မှ အကောင်အထည် ပေါ်မည် ဖြစ်သည်

သို့သော် ယခုတိုင် အာဆီယံနိုင်ငံများအကြား အကောက်ခွန်နှင့် ကုန်သွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ညှိနှိုင်းနေရဆဲ ဖြစ်ကြောင်း သိရသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်