ဦးပိုင် ကြော်ငြာများ စိစစ်ရေးကင်းလွတ်ခွင့်ရ

E-mail Print
မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်နှင့် ပတ်သတ်သော ကြော်ငြာ၊ ပြက္ခဒိန်များနှင့် ဦးပိုင်က တာဝန်ယူ တပ်ဆင်ထားသော LED ရုပ်မြင် သံကြား စက်များတွင် ပြသသည့် အစီအစဉ်များ အားလုံး စိစစ်ရေး ကင်းလွတ်ခွင့် ရရှိထားကြောင်း ဦးပိုင် လီမိတက် လက်အောက် ရှိ မြ၀တီ ထရိတ်ဒင်းမှ အကြီးအကဲတဦးက ပြောသည်။

IMG_0128ဦးပိုင် လီမိတက်က တပ်ဆင် ထားသော LED ရုပ်မြင်သံကြား စက်များတွင် မြ၀တီ ထရိတ်ဒင်းမှ ထုတ်လုပ်သော ကုန်ပစ္စည်း ကြော်ငြာများ၊ ကိုရီးယား သီချင်းများ၊ တခြားသော နိုင်ငံခြား သီချင်းများနှင့် ကြော်ငြာများ စတင်ပြသလျက်ရှိရာ လူအများ အမြင် မသင့်လျော်သည့် သရုပ်ဆောင် ဇာတ်ကွက်များကို ထုတ်လွှင့်ပြသ နေကြောင်း နေ့စဉ် ကြည့်ရှုနေသူများက ဆိုသည်

“လူစည်ကားရာမှာ လာတပ်ထားပြီး မင်းသားနဲ့ မင်းသမီးနမ်းတာ၊ အကြင်နာပေးတာ၊ ဟိုပေါ်ဒီပေါ်နဲ့ ဖက်တာတွေ ပြတယ်၊ မျက်နှာ ပူစရာပေါ့”ဟု ဘူတာကြီး လက်မှတ် အရောင်းဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

ဦးပိုင် လီမိတက်၏ ပထမဆုံး LED ရုပ်မြင်သံကြား စက်ကို ရန်ကုန်မြို့ ဗိုလ်ချုပ် လမ်းမပေါ်ရှိ ပန်းဆိုးတန်း ခုံးကျော် တံတား အနီးတွင် တပ်ဆင်ထားသည်။ ယင်းသို့ တပ်ဆင်ထားခြင်းမှာ ဦးပိုင် လက်အောက်ရှိ မြ၀တီ ထရိတ်ဒင်း ကုမ္ပဏီမှ မကြာမီ ဖွင့်လှစ်မည့် RUBY စူပါမားကက်ကို ဈေးကွက်မြှင့်တင်သည့် အနေဖြင့် ဖြစ်ကြောင်း မြ၀တီ ထရိတ်ဒင်း ကုမ္ပဏီမှ သိရသည်။

ရန်ကုန်နှင့် နယ်မြို့များတွင် ဘရဏီ ကြော်ငြာလုပ်ငန်းမှ တပ်ဆင်ထားသော LED ရုပ်မြင်သံကြား စက်များနှင့် ရွှေဧည့်သည်၊ ပါရမီ၊ အဓိပတိ ယာဉ်လိုင်းများတွင်တပ်ဆင်ထားသော LCD ရုပ်မြင်သံကြား စက်များတွင် ပြသမည့် အစီအစဉ်များကို စိစစ် ရေး သို့ တပတ် ကြိုတင်ပြသရပြီး စိစစ်ရေးက ခွင့်ပြုသည့် အစီအစဉ်များကိုသာ ပြသရသော်လည်း ဦးပိုင် လီမိတက်က တပ်ဆင် ထားသည့် LED ရုပ်မြင်သံကြား စက်များအတွက်မူ စိစစ်ရေး ခွင့်ပြုချက်မလိုကြောင်း ဘရဏီ ကြော်ငြာလုပ်ငန်းမှ တာဝန်ရှိသူတဦးက ဆိုသည်။

ဦးပိုင် လီမိတက်ပိုင် အထူး ယာဉ်လိုင်းများပေါ်ရှိ LED ရုပ်မြင်သံကြားစက်များကို ဘရဏီ ကြော်ငြာလုပ်ငန်းက တာဝန်ယူ တပ်ဆင်ပေးနေရသော်လည်း နောက်ပိုင်းတွင် ဦးပိုင် လီမိတက်ကပင် တာဝန်ယူ၍ တပ်ဆင်ရန် အလားအလာများ ရှိကြောင်း ဦးပိုင် နှင့် နီးစပ်သည့် အသိုင်းအ၀န်းမှသိရသည်။

ထို့အပြင် ဦးပိုင် လီမိတက်မှ ထုတ်လုပ်သော အရက်၊ ဘီယာ၊ ရေသန့် စသော ပစ္စည်းများနှင့် ပတ်သက်သည့် ကြော်ငြာများနှင့် ပြက္ခဒိန်များသည်လည်း စာပေစိစစ်ရေး ကင်းလွတ်ခွင့်ရှိနေပြီး အရက်ကြော်ငြာပြက္ခဒိန်များသည် သရုပ်ပျက် ၀တ်စား ဆင်ယင်မှုများ ရှိကြောင်း ကျောက်တံတားမြို့နယ်ရှိ အရက်နှင့် စားသောက်ကုန်ဖြန့်ချိရေး လုပ်ငန်းပိုင်ရှင် တဦးက ပြောသည်။

“ဦးပိုင်က ကြော်ငြာ ပြက္ခဒိန်တွေဆို မော်ဒယ်လ်တွေကို တင်တွေ၊ ရင်တွေ ဦးစားပေး ရိုက်ထားတာချည်းပဲ၊ တီဗီ မှာ မင်းသား က နားကပ်တဘက် တပ်တာကျတော့ ဆင်ဆာဖြတ်တယ်”ဟု ၎င်းက ပြောဆိုသည်။

မကြာသေးခင်က ယခင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေးကို အနားယူစေပြီးနောက် ဗိုလ်ချုပ် ခင်ဇော်ဦးကို ဥက္ကဋ္ဌသစ် အဖြစ် တာဝန် အပြောင်းအလဲလုပ်ခဲ့သည်။

ယင်း ဥက္ကဋ္ဌသစ် ဗိုလ်ချုပ်ခင်ဇော်ဦးသည် ယခင် ကမ်းရိုးတန်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး စစ်ရေးချုပ်အဖြစ် ရာထူးတိုးမြှင့်ခြင်း ခံထားရသူလည်း ဖြစ်သည်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သည် ၂၀၁၀ ပြည့်နှစ်အတွင်း ပြည်သူပိုင် ဗိုလ်အောင်ကျော် ဆိပ်ကမ်း၊ ကြယ်ငါးပွင့် သင်္ဘော လိုင်း၊ အစိုးရစက်သုံး ဆီဆိုင်များ၊ အစိုးရစက်ရုံ အလုပ်ရုံများ အပါအ၀င် ပြည်သူပိုင် စီးပွားရေးလုပ်ငန်းများစွာကို လွှဲပြောင်း ယူခဲ့သည်။

ကားတင်သွင်းခြင်းလုပ်ငန်း၊ ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်း၊ စက်သုံးဆီ တင်သွင်း ရောင်းချ ခြင်းလုပ်ငန်း၊ သစ်တောထွက်ပစ္စည်း ရောင်းချခြင်းလုပ်ငန်း၊ ပါရမီ ယာဉ်လိုင်း၊ တက္ကဆီနှင့် ရွှေမန်းသူ အဝေးပြေး ယာဉ် ပြေးဆွဲရေးလုပ်ငန်း၊ ကုန်တိုက်များ ဖွင့်လှစ်ရောင်းချခြင်း လုပ်ငန်း၊ ရေသန့်ထုတ်လုပ်ရေး လုပ်ငန်းအပါအ၀င် ပြည်တွင်း စီးပွားရေးလုပ်ငန်းပေါင်း မြောက်မြားစွာကိုလည်း ဦးပိုင်လီမိတက်က ချုပ်ကိုင်၍ လုပ်ကိုင်လျက်ရှိသည်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကို စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များဖြင့် ၁၉၉၀ ခုနှစ်က စတင် တည်ထောင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်