ပဲခူးလူသတ်မှုအပြီး လုံခြုံရေး တင်းကျပ်

E-mail Print
ပဲခူးမြို့၌ စစ်တပ်က ပစ်ခတ်၍ လူငယ်၂ ဦးသေဆုံးမှု ဖြစ်ပွားပြီးနောက် ည ၆ နာရီကျော်လျှင် လုံခြုံရေး တင်းကျပ်လျက်ရှိကြောင်း ပဲခူးမြို့ခံများထံမှ သိရသည်။

01pague02“တမြို့လုံးမှာ လုံခြုံရေးတွေ ချထားတယ်။ ဇိုင်းဂနိုင်း တောင်ပိုင်းနဲ့ မြောက်ပိုင်းဘက်တော့ ပိုတင်းကျပ်တယ်။ လူစုနဲ့ အပြင်ထွက်ရင် မေးမြန်းတာတွေ လုပ်တယ်” ဟု ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်းတွင် နေထိုင်သူတဦးက ဧရာဝတီသို့ ပြောသည်။

ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်တွင် စက်တင်ဘာ ၄ ရက်နေ့၌ နယ်မြေခံတပ်ရင်းမှ အရာရှိ၊ တပ်သားများနှင့် ပဲခူးမြို့ခံလူငယ်များ အချင်းများရာမှ တပ်သားတဦး၏ ပစ်ခတ်မှုကြောင့် အရပ်သားလူငယ် ၂ ဦး သေဆုံးခဲ့သည်။

အခင်းဖြစ်ပွားရာတွင် မောင်အောင်သူဟိန်း (၂၃ နှစ်) သည် သေနတ်ဒဏ်ရာ ၆ ချက်နှင့် မောင်စိုးပိုင်ဇော် (၁၉ နှစ်) သည် သေနတ်ဒဏ်ရာ ၄ ချက် အသီးသီး ပစ်ခတ်ခံခဲ့ရပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားသည်။

“အခင်းဖြစ်တဲ့ နေရာတွေမှာတော့ ဟိုရက်က ညမထွက်ရအမိန့်လို တားမြစ်ထားတယ်။ ညပိုင်း ကောင်လေးတွေ အပြင်ထွက်ရင် အိမ်ပြန်ခိုင်းတယ်” ဟု ဇိုင်းဂနိုင်း ရပ်ကွက်သားတဦးက ပြောသည်။

အရပ်သား ၂ ဦး ပစ်သတ်ခံရမှုကြောင့် မလိုလားအပ်သော ဆူပူမှုများမရှိရန် လုံခြုံရေးများ တင်းကျပ်ထားရကြောင်း ပဲခူးမြို့ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အတွင်းရေးမှူးတဦးက ဆိုသည်။

စစ်တပ်၏ ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦးသေဆုံးမှုနှင့် ပတ်သတ်၍ ရပ်ကွက်အတွင်းနှင့် သတင်းမီဒီယာများတွင် ဖြေကြားခြင်း မပြုရန် သေဆုံးသူများ၏ မိသားစုများနှင့် ရပ်ကွက်နေ ပြည်သူများသို့ အာဏာပိုင်များက ညွှန်ကြားထားကြောင်း သေဆုံးသူတဦး၏ မိသားစုဝင်က ဆိုသည်။

“စစ်တပ်က အပြစ်ရှိတဲ့လူကို အပြစ်ပေးဖို့ လုပ်ထားတဲ့အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်အောင် စကားတွေကို လျှောက်မပြောပါနဲ့” ဟု စစ်တပ်မှအရာရှိတချို့၊ ရပ်ကွက်လူကြီးနှင့် ရဲများက ၎င်းတို့ထံ လာရောက်ပြောကြောင်း သိရသည်။

ရန်ကုန်-ပဲခူး ခရီးသည်တင်ယာဉ်လိုင်းများတွင်လည်း စစ်ဆေးမှုများရှိကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

အရပ်သား ၂ ဦးကို စစ်တပ်မှ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ပဲခူးမြို့ခံများအနေဖြင့် စစ်တပ်အမြင် မကြည်လင်မှုများ ဖြစ်နေသည့်အပြင် ညပိုင်းတွင် လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးမေးမြန်းမှုများကြောင့် မကျေနပ်မှုများ ပိုမိုဖြစ်ပွားနေကြောင်း ရန်ကုန်-ပဲခူး ခရီးသည်တင်ယာဉ် ပိုင်ရှင်တဦးက ပြောသည်။

စက်တင်ဘာ ၁၀ ရက်နေ့ထုတ် စစ်အစိုးရပိုင် ကြေးမုံနှင့် မြန်မာအလင်းသတင်းစာတွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သော စစ်တပ်မှ အပြစ်ရှိသူများကို အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“အတွင်းအပြင် မီဒီယာတွေ ၀ိုင်းရေးကြ၊ ၀ိုင်းပြောကြမှ သတင်းစာထဲ ထည့်တာ။ စစ်တပ်က မတရားလုပ်ပြီး သတ်လို့ သေတဲ့လူတွေဆို အလောင်းတောင် ပြန်မရတဲ့အဖြစ်တွေရှိတယ်” ဟု ပဲခူးမြို့ရှိ အငြိမ်းစား ရှေ့နေကြီးတဦးက
ဆိုသည်။

ပဲခူးတိုင်းအတွင်း စစ်တပ်နှင့် အရပ်သား အချင်းများရာမှ အရပ်သားများ မကြာခဏ အနိုင်ကျင့်ခံရသည်ဟု ၎င်းက ပြောသည်။

“တပ်သားတွေ ၀ိုင်းရိုက်လို့ သေသွားတဲ့ အရပ်သားတဦးရဲ့ အလောင်းကို ဘုန်းကြီးကျောင်း တကျောင်းနားမှာ ပစ်ထားတဲ့သတင်း အရပ်ထဲ ပျံ့သွားရော။ သူတို့ ချက်ချင်း ရောက်လာပြီး အဲဒီ အလောင်းကို ယူသွားတယ်။ အဲဒီသတင်း ပေါက်ကြားရင် ဘုန်းကြီးကို ဖမ်းမယ်ဆိုတာမျိုးရှိတယ်” ဟု ၂၀၀၈ ခုနှစ်က ပဲခူးမြို့တွင် ဖြစ်ပွားခဲ့သော စစ်တပ်က အရပ်သားတဦးအား သတ်ဖြတ်ခဲ့မှုကို ရည်ညွှန်း၍ ရှေ့နေကြီးက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်