KIO လက်ထောက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆင်ဝါက စစ်အစိုးရပိုင် ရဟတ်ယာဉ်သည် ယမန်နေ့ မွန်းလွဲ ၁ နာရီ ခန့်က ပျံသန်း ဝင်ရောက် လာကြောင်း ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။
ရဟတ်ယာဉ်ကို သတိပေး ပစ်ခတ်မှုနှင့် ပတ်သက်ပြီး စစ်အစိုးရ ဘက်က ယခုအချိန် အထိ တစုံတရာ တုံ့ပြန် ပြောခြင်းကို မကြားမိ သေးကြောင်း ဗိုလ်မှူးကြီး ဆင်ဝါက ဆက်လက် ပြောသည်။
KIO က သတိပေး ပစ်ခတ်ခြင်းသာဖြစ်ပြီး ရဟတ်ယာဉ် ပျက်ကျစေရန် ရည်ရွယ် ပစ်ခတ်ခဲ့ခြင်း မဟုတ်ကြောင်း ချင်းမိုင်မြို့ အခြေစိုက် ကချင်သတင်းဌာန အယ်ဒီတာ ကိုလဖိုင်နော်ဒင်းက ဧရာဝတီသို့ ပြောသည်။
ယခုရက်ပိုင်းအတွင်း KIO ထိန်းချုပ်ရာ ဒေသဝန်းကျင်၌ နအဖ ဘက်နှင့် KIO ဘက်ကပါ စစ်ရေး ပြင်ဆင်မှုများရှိပြီး သတိထား နေကြကြောင်း၊ KIO နယ်မြေ အတွင်းသို့ ရဟတ်ယာဉ် ပျံသန်းဝင်ရောက်ခြင်းသည် စစ်အစိုးရဘက်က အခြေအနေ စုံးစမ်းခြင်း ဖြစ်နိုင်သကဲ့သို့ ရန်စခြင်းလည်း ဖြစ်နိုင်ကြောင်း ကိုလဖိုင်နော်ဒင်းက ဆက်လက်ပြောသည်။
KIOသည် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံကြောင်း စက်တင်ဘာလ ၁ ရက်နေ့က ငြင်းဆိုခဲ့ကြောင်း၊ ထိုသို့ ငြင်းဆိုပြီးနောက် ၎င်းတို့ ထိန်းချုပ်ရာနယ်မြေအတွင်း နအဖတပ်များ မကျူးကျော်ရန် သတိပေးထားကြောင်း သိရသည်။
KIO သည် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ယူခဲ့သည်။
စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့သည်။
၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
< Prev | Next > |
---|