ဟောပြောချက်မူကြမ်း ပယ်ချခံရသော်လည်း UDP ပြန်တင်မည် မဟုတ်

E-mail Print
ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခွင့် အတွက် ပြည်ထောင်စု ဒီမိုကရေစီ ပါတီ(UDP) က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြထားသည့် စာမူပယ်ချ ခံရသော်လည်း ထပ်မံတင်ပြမည် မဟုတ်ကြောင်း သတင်းရရှိသည်။

“ရေးဆွဲတုန်းကလည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ရေးဆွဲတာ။ အခု ဘာကြောင့် ပယ်ချတယ်ဆိုတာကို သဲသဲကွဲကွဲ မသိရသေးပါဘူး။ ဘာကြောင့်ပဲဖြစ်ဖြစ် နောက်ထပ်တကြိမ် ပြန်လည်တင်ပြတာမျိုးတွေ မလုပ်ဘဲ ရုပ်သံလွှင့်ခွင့်ကို စွန့်လွှတ် လိုက်မယ်လို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်”ဟု UDP ဒု ဥက္ကဋ္ဌ ဦးဌေးက ဧရာဝတီသို့ ပြောသည်။

ဟောပြောရန် တင်ပြထားသည့် စာမူမှာ ၃ မျက်နှာသာရှိပြီး ဟောပြောခွင့်ရလျှင် UDP ဗဟိုအလုပ်အမှုဆောင် ဦးကိုကိုကြီးက ဟောပြောရန် စီစဉ်ထားသည်ဟု သိရသည်။

ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဝင်ခွင့်ရ ပါတီ ၃၇ ပါတီကို နိုင်ငံပိုင် အသံလွှင့်ဌာနနှင့် ရုပ်သံဌာနများမှ ပါတီမူဝါဒ သဘောထားများ ဟောပြောခွင့် ပေးမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၄ ရက်နေ့က ကြေညာခဲ့ပြီး ၂၂ ရက်နေ့မှ စတင်ကာ ဟောပြောမည့် စာမူကြမ်းများ တင်ခိုင်းခဲ့သည်။

သို့သော် ပါတီများအနေဖြင့် လွတ်လပ်စွာဟောပြောခွင့်ရမည် မဟုတ်ဘဲ ဒို့တာဝန်အရေး ၃ ပါးကို ထိခိုက်စေရန်၊ နိုင်ငံတော်အား အကြည်ညို ပျက်စေရန်၊ တပ်မတော်ပြိုကွဲရေးကို ဖြစ်ပေါ်စေရန် သို့မဟုတ် ဂုဏ်သိက္ခာထိခိုက်စေရန် ဟောပြောခြင်းများ မပြုလုပ်ရန် စသည့် ရွေးကောက်ပွဲကော်မရှင်၏ ကန့်သတ်ချက် ၉ ချက်ကို လိုက်နာကြရမည်ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်က ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဟောပြောရန် တင်ပြချက်မူကြမ်းကို စက်တင်ဘာ ၂၂ ရက်နေ့က ကနဦး ပယ်ချခဲ့ပြီး ယခု UDP ၏ စာမူကို ဒုတိယမြောက် ပယ်ချလိုက်ခြင်းဖြစ်သည်။

နိုင်ငံရေးပါတီများ ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီဝင်အင်အားစာရင်း ဆက်လက်တင်ပြလျက်ရှိရာ နောက်ဆုံး တင်ပြသည့် ပါတီမှာ ကမန် အမျိုးသား တိုးတက်ရေးပါတီ ဖြစ်ပြီး ပါတီဝင်အင်အား တင်ပြပြီးသည့်ပါတီ ၃၅ ပါတီ ရှိပြီဖြစ်ကြောင်း စစ်အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်