ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် ကာတွန်း ဇာတ်လမ်းတို ဖြန့်ချိ

E-mail Print
ဘုရင့်နောင်၊ အနော်ရထာနှင့် အလောင်းမင်းတရား မင်းသုံးပါးတို့ တည်ရှိရာအရပ်တွင် နေလုံးက မြင့်တက်လာသည်။ နေထွက်နေပြီ။ ထို့နောက်တွင်တော့ ဘုရားရုပ်ပွားတော် တဆူ။ မြင်ကွင်းကို ဆက်ချဲ့ ကြည့်လိုက်သောအခါ ယုံကြည် ကိုးကွယ်မှုဆိုင်ရာ ရုပ်တုများနှင့် သာသနာပွဲခေါ် အုန်း၊ ငှက်ပျောနှင့် ထီးဖြူထိုးစိုက်ထားသည့် ဇလုံကြီး သုံးလုံး။

I-am-Buddhistထိုအရှေ့တွင် ပုတီးစိပ် နေသည့် စစ်ဝတ်စုံဝတ် အမျိုးသားကြီး တဦးနှင့် အမျိုးသမီးကြီး တဦးတို့၏ မြင်ကွင်းက တဖြည်းဖြည်း ပေါ်လာသည်။

ဖလား တလုံးအတွင်း အလုံးလေးများ ချကာ၊ ချကာ ပုတီး အပတ်ရေ မှတ်ရင်း အမျိုးသားကြီး၏ အတွေးတို့က စက်လက်နက် ပစ္စည်းနှင့် ရာထူး ကိုယ်စားပြု ထိုင်ခုံတို့ကို တလှည့်စီ မြင်ယောင်နေသည်။ အမျိုးသမီးကြီး သည်လည်း ထိုနည်းလည်းကောင်း။ သူ့အတွေးတွင်မူ စိန်တလှည့်၊ ငွေထုပ်တလှည့်၊ အိမ်ခြံမြေတလှည့်။

ပုတီးတလက်စီဖြင့် အတွေးပွားနေကြခိုက် အသံတသံ လွင့်ပျံ့လာသည်။

“တပည့်တော်တို့ ဒီနေ့လုပ်နေတာဟာ တပည့်တော်တို့ ကိုယ်ကျိုးအတွက် မဟုတ်ပါဘူးဘုရား။ မြန်မာနိုင်ငံကြီးမှာ ရှိတဲ့ ပြည်သူလူထုကြီးအတွက် လုပ်ရခြင်းဖြစ်ပါတယ်” ဟူသော ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံဃာတော် ဦးဃောသိက၏ တရားဟောသံ ပေါ်ထွက်လာခြင်းဖြစ်သည်။

အသံကြားသည်နှင့် အမျိုးသမီးကြီးက အမျိုးသားကြီးကို တီးတိုးပြောလိုက်ရာ စစ်ဝတ်စုံဝတ် အမျိုးသားကြီး ကုန်းရုံးထရင်း ခါးပတ်အိတ်အတွင်း အသင့်ထည့်ထားသော သေနတ်ကို ဆွဲထုတ်ကာ ဘုရားခန်းအတွင်းမှ ထွက်ခွာသွားတော့သည်။

သူထွက်သွားသည်နှင့် သေနတ်သံများ၊ ကစဥ့်ကလျားပြေးလွှားသံများကို ကြားလိုက်ပြီးနောက် အမျိုးသားကြီး ဘုရားခန်းအတွင်း ပြန်ဝင်လာကာ ဟန်မပျက် ပုတီးဆက် စိပ်လေတော့သည်။ သူပြန်ဝင်လာပြီး သိပ်မကြာ။ ပလ္လင်ပေါ်မှ ဘုရားမှာ တဖြည်းဖြည်း ကွယ်ပျောက်သွားပြီး ဘုရင့်နောင်၊ အနော်ရထာနှင့် အလောင်းမင်းတရား မင်း ၃ ပါးတို့ တည်ရှိရာအရပ်သည်လည်း နေ၀င်သွားတော့သည်။

ဤကာတွန်း ဇာတ်လမ်းတိုလေး၏ အမည်မှာ “ငါက ဗုဒ္ဓဘာသာ” (I am Buddhist) ဟူ၍ဖြစ်သည်။ Dai artist group မှ ကာတွန်းဟန်လေးနှင့် စိုင်းကျော်ခိုင်တို့က ရွှေဝါရောင်တော်လှန်ရေး ၃ နှစ်ပြည့် အဖြစ်  ဖန်တီးထားခြင်းဖြစ်သည်။

ကာတွန်း ဇာတ်လမ်းပါ ဇာတ်ကောင် ၂ ဦးမှာ မြန်မာနိုင်ငံ၏ လက်ရှိအာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် သူ့ဇနီး ဒေါ်ကြိုင်ကြိုင် ဆိုသည်ကို ကာတွန်းဟန်လေး၏ ပရိသတ်အားလုံး သိပြီးဖြစ်သည်။


“ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကာတွန်း ဇာတ်လမ်းတွေ ဖန်တီးထား တာတော့ ၇ ကားလောက် ရှိပြီ။ ဒီနှစ်တော့ ရွှေဝါရောင် တော်လှန်ရေး ၃ နှစ် ပြည့်ခဲ့ပေမယ့် အခု အချိန်ထိ နအဖက သံဃာတွေ အပေါ် ကျူးလွန်ခဲ့တာကို ၀န်ချ တောင်းပန်တာတွေ မလုပ်သေးဘဲ မုန်လာဥ လုပ်နေဆဲမို့လို့ ဒီကာတွန်း ဇာတ်လမ်းလေးကို ဖန်တီးဖြစ်ခဲ့တာပါ” ဟု နယူးယောက် အခြေစိုက် လူ့အခွင့် အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ (HRW) ၏  ဂုဏ်ပြုဆု ချီးမြှင့် ခံထားရသည့် ဧရာဝတီ မဂ္ဂဇင်း၏ ပင်တိုင် ကာတွန်းဆရာ ကိုဟန်လေးက ပြောသည်။

သံဃာ့လှုပ်ရှားမှု ရွှေဝါရောင်တော်လှန်ရေး ၃ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားများကို ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံရောက် မြန်မာအင်အားစုများကလည်း ကျင်းပ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတ၀န်းရှိ ထောင်များထဲတွင် သံဃာတော် အပါး ၂၅၀ ကျော်နှင့် သီလရှင် ၇ ပါးကို နအဖ စစ်အစိုးရက ထိန်းသိမ်း ထားဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်