နိုင်ငံရေးသမား စစ်စစ်ကို မဲပေးပါ

E-mail Print
“ပြည်သူတွေရဲ့ ဒုက္ခဟာ ကျနော့် ဒုက္ခပါ” ဆိုသည့် ရွေးကောက်ပွဲ မဲဆွယ်ဆောင်ပုဒ်ကို အ၀ါရောင် နောက်ခံ ပိုစတာပေါ်တွင် ဒီမိုကရက်တစ် ပါတီ (မြန်မာ) ခေါင်းဆောင် ဦးသုဝေ၏ ဓာတ်ပုံနှင့်အတူ လမ်းမပေါ် ရပ်ထားသော ကားတစီး၏ ဘော်ဒီဘေးတွင် ချိတ်ဆွဲထားသည်ကို တွေ့ရမည် ဖြစ်သည်။

DP-Campaign၁၉၉၀ ရွေးကောက်ပွဲကာလ နောက်ပိုင်းတွင် ဤကဲ့သို့သော မြင်ကွင်းမျိုးသည် မြန်မာပြည်သူများအတွက် ထူးထူးခြားခြား ဖြစ်နေမည်မှာ အမှန်ပင်။ မကြာသေးခင်မှစပြီး နိုင်ငံရေးပါတီများ၏ လှုပ်ရှားမှုများသည် ပြည်သူများအကြား လမ်းမများပေါ်တွင် ပို၍ မြင်တွေ့လာရသည်။

ပါလီမန် ဒီမိုကရေစီခေတ်မှ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၏ သမီး ၃ ဦး ခေါင်းဆောင်ပါဝင်သော ဒီမိုကရက်တစ် ပါတီ (မြန်မာ) သည် ပြည်သူလူထု၏ အာရုံစိုက်မှုကို အထိုက်အလျောက်ရရှိနေသော ပါတီဖြစ်ပြီး ပါတီမှ ကိုယ်စားလှယ်လောင်းများ ယှဉ်ပြိုင် အရွေးချယ်ခံမည့် မဲဆန္ဒနယ်များတွင် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်နေသည်။

{slimbox images/multimedia/DP-Campaign/01.jpg,images/multimedia/DP-Campaign/01-sm.jpg, “ပြည်သူတွေရဲ့ ဒုက္ခဟာ ကျနော့် ဒုက္ခပါ” စာတမ်းကို ကားတွင် ကပ်နေစဉ်။ (ဓာတ်ပုံ - မြတ်မိုးမောင်); images/multimedia/DP-Campaign/02.jpg,images/multimedia/DP-Campaign/02-sm.jpg, စည်းရုံးရေး လက်ကမ်းစာစောင်များနှင့် ကြွေးကြော်သံများ ဖြန့်ဝေခြင်းသည် လူထုထောက်ခံမှု ရရှိရန် အရေးပါသည်။ (ဓာတ်ပုံ - မြတ်မိုးမောင်); images/multimedia/DP-Campaign/03.jpg,images/multimedia/DP-Campaign/03-sm.jpg, ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ပါတီဝင်များသည် အခြေခံလူတန်းစားများအထိ ဆင်း၍ မဲဆွယ်နေကြသည်။ (ဓာတ်ပုံ - မြတ်မိုးမောင်); images/multimedia/DP-Campaign/04.jpg,images/multimedia/DP-Campaign/04-sm.jpg, လူအသွားအလာများသော လမ်းများပေါ်တွင်လည်း စည်းရုံးရေး လက်ကမ်းစာစောင်များ ဖြန့်ဝေသည်။ (ဓာတ်ပုံ - မြတ်မိုးမောင်); images/multimedia/DP-Campaign/05.jpg,images/multimedia/DP-Campaign/05-sm.jpg, အနှစ် ၂၀ အတွင်း ပြည်သူလူထုသည် နိုင်ငံရေးပါတီများ၏ ရပ်တည်ချက်များအကြောင်း ပထမဦးဆုံးအကြိမ် ဖန်ရှုခွင့်ရခြင်း ဖြစ်သည်။ (ဓာတ်ပုံ - မြတ်မိုးမောင်)}

မကြာသေးခင်က စစ်အစိုးရသည် နိုင်ငံရေးပါတီအားလုံးကို နိုင်ငံပိုင် ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် သတင်းစာများတွင် ၎င်းတို့၏ မူဝါဒ၊ သဘောထားနှင့် လုပ်ငန်းစဉ်များကို ကြေညာခွင့်ပေးခဲ့သည်။ ဦးသုဝေသည် ဒီမိုကရက်တစ် ပါတီ  (မြန်မာ) ၏ မဲဆွယ်စည်းရုံးရေး ဟောပြောချက်ကို စက်တင်ဘာလ ၂၆ ရက်နေ့တွင် ရုပ်သံအစီအစဉ်မှ ဟောပြောသွားသည်။

ဤသို့ ဟောပြောခွင့်ရသည်မှာ ဦးသုဝေအတွက် နှစ်ပေါင်း ၂၀ အတွင်း ဒုတိယအကြိမ် ဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲ ကာလက ဒီမိုကရေစီပါတီ အနေဖြင့် ပထမအကြိမ် ဟောပြောခဲ့ဖူးသည်။

ဒီမိုကရက်တစ်ပါတီ  (မြန်မာ) အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက “၁၉၉၀ ရွေးကောက်ပွဲတုန်းက နိုင်ငံရေး ပါတီတွေအနေနဲ့ ရေဒီယိုတို့ ရုပ်မြင်သံကြားတို့မှာ အခုထက်ပိုပြီး လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရခဲ့တယ်” ဟု ဧရာဝတီသို့ ပြောသည်။

လေ့လာသူများက နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ စည်းရုံးခြင်းက ပို၍ထိရောက်သော မဲဆွယ်နည်း ဖြစ်လိမ့်မည်ဟု သုံးသပ်ကြသည်။

မကြာသေးခင်က စစ်အစိုးရ ဗိုလ်ချုပ်ကြီးများသည် စစ်ယူနီဖောင်များကို ချွတ်ကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကို ထူထောင်ပြီး ရွေးကောက်ပွဲကို လွှမ်းမိုးနိုင်ရန် ကြိုးစားလာသော အခြေအနေတွင် ဒီမိုကရက်တစ် ပါတီ  (မြန်မာ) ၏ နောက်ဆောင်ပုဒ်တခုမှာ “ဒီမိုကရေစီစစ်စစ်ကို လိုချင်ရင်၊ နိုင်ငံရေးသမား စစ်စစ်ကို မဲပေးပါ” ဟူ၍ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်