စင်မြင့် ဖျော်ဖြေပွဲ လက်မှတ်အတုများ ပေါ်ထွက်

E-mail Print
တေးဂီတ စင်မြင့် ဖျော်ဖြေပွဲများတွင် ပွဲကြည့်လက်မှတ် အတုများ ထွက်ပေါ်မှုကြောင့် ပရိသတ်များ အပါအ၀င် ပွဲစီစဉ်သူများပါ အခက်အခဲ ကြုံတွေ့ နေရကြောင်း သိရှိရသည်။

လက်မှတ်အစစ် အရေအတွက် ၁၀၀၀ တွင် အတု အရေအတွက် ၂၀၀ ခန့် ထွက်ပေါ်တတ်ပြီး နာမည်ကြီး အဆိုတော်များ ပါဝင် သည့် ပွဲမျိုးတွင် ရောင်းချသည့် လက်မှတ်အရေအတွက်၏ ထက်ဝက်နီးပါးခန့် အတုများ ထွက်ပေါ်လာကြောင်း၊ လက်မှတ် အတု တစောင်လျှင် လက်မှတ် အစစ်ဈေးနှုန်းအတိုင်း ကျပ် ၄၀၀၀၊ ၅၀၀၀၊ ၁၀၀၀၀ အထိ ရောင်းချနိုင်သောကြောင့်လက်မှတ် အတုလုပ်ခြင်းကို စီးပွားဖြစ် လုပ်ကိုင်လာကြခြင်း ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောသည်။

lay-phyu-and-ange“ရှိုးပွဲတွေက များသော အားဖြင့် ညနေ ၅ နာရီ၊ ၆ နာရီလောက် စကြတာ များတယ်။ ပွဲလုပ်တဲ့ အချိန်က ညဘက် ဆိုတော့ ဒါကို အခွင့်ကောင်း ယူပြီး အတုတွေနဲ့ ၀င်လာတာလည်း ရှိတယ်။ တချို့က ၀ယ်ထားမိတာ အတုမှန်းတောင် မသိကြဘူး။ နောက်လ လုပ်မယ့်ပွဲမှာ အတုလုပ်လို့ မရအောင်၊ လက်မှတ်မှာ ဘားကုတ်တွေ ထည့်ထားပြီး စစ်ဆေးတာ လုပ်လို့ရအောင် လုပ်ဖို့ စီစဉ် နေတယ်”ဟု Bo Bo Entertainment မှ ကိုဘိုစန်းက ပြောသည်။

ကိုဘိုစန်းက ဆက်လက်ပြီး “ပွဲတခုနဲ့ တခု ထုတ်တဲ့ လက်မှတ် ပုံစံမတူဘူး။ ဒီလို မတူတဲ့ ဟာကိုပဲ အတု လိုက်လုပ်တာ။ မြန်မာ ပြည်မှာကလည်း ရောင်ပြန် ဟိုလိုဂရမ်တွေက ပေါနေတော့ လက်မှတ် အစစ်မှာပါတဲ့ အတိုင်း ၀ယ်ကပ်လည်း ရတယ်။ အရင် လုပ်ခဲ့တဲ့ပွဲက ဟိုလိုဂရမ်တွေ ခွာပြီး ဒီအတိုင်း တူအောင် အတု ပြန်လုပ်တာလည်း ရှိတယ်”ဟုလည်း ပြောဆိုသည်။

ယခုကဲ့သို့ လက်မှတ်အတုများ ထွက်ပေါ်နေသည့်အပြင် မှောင်ခိုရောင်းချမှုများကို မတားဆီးနိုင်သေးကြောင်း ပွဲစီစဉ်သူ တဦး ကလည်း ပြောသည်။

“လက်မှတ်အတုတွေ ပေါ်နေတဲ့ကိစ္စက ပွဲ တော်တော်များများမှာ ဖြစ်နေတာ။ အတုလိုက်မလုပ်နိုင်အောင် ဘယ်လိုလုပ်ရ မလဲ ဆိုတာကို စီစဉ်နေတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်ဌာနကို သွားတိုင်ရမယ်ဆိုတာလည်း မရှိသလို၊ ဒီလို လုပ်ရင် ဥပဒေ အရ ဘယ်လိုဖြစ်မယ်ဆိုတာ သတ်မှတ်ပေးထားတာ မရှိတော့ ပွဲစီစဉ်သူတွေက ကိုယ့်ဘာသာကိုယ်ဖြေရှင်းရတာပဲ”ဟု ၎င်းက ပြောပြသည်။

“ရှိုးပွဲတခု လုပ်မယ်ဆိုရင် ဘယ်နေရာတွေမှာ ၀ယ်လို့ရတယ်ဆိုတာ သတ်မှတ်ပေးတာ။ တချို့က သတ်မှတ်ပေးထား တဲ့ နေရာမှာ မ၀ယ်ဘူး။ တချို့ကျတော့ အနားနီးမှ သိလို့ မှောင်ခိုဈေးကွက်မှာ ၀ယ်တယ်။ ဒီတော့ အတုတွေ မိတယ်။ အတုမိရင် ပရိသတ်ဘက်က စိတ် အနှောင့်အယှက်ဖြစ်ရသလို၊ ပွဲစီစဉ်သူတွေ ဘက်ကလည်း စိတ်ညစ် ရတယ်”ဟု အထက်ပါ ပွဲစီစဉ်သူ က ဆိုသည်။

ပြင်ပပေါက်ဈေးနှုန်းအတိုင်း ပေးပြီး ၀ယ်ယူနေရသော်လည်း လူကြည့်များသည့် ပွဲမျိုးတွင် လက်မှတ် အတုအစစ် မခွဲခြားတတ် သောကြောင့် အတုများဝယ်မိတတ်ကြောင်း လူငယ် ပရိသတ်တဦးက ပြောသည်။

“မျှော်စင်ကျွန်းမှာလုပ်ခဲ့တဲ့ အဆိုတော် အဲလက်စ်နဲ့ Woodstock ပွဲ လက်မှတ်ကြိုမ၀ယ်ထားမိလို့ ပွဲလုပ်မယ့် နေရာနား ရောက် တော့မှ လာရောင်းတဲ့ သူတွေဆီက ၀ယ်လိုက်တယ်။ အားလုံးပေါင်း ကျနော်တို့ သူငယ်ချင်း ၁၀ ယောက်လောက် ရှိတယ်။ ဟိုရောက်တော့ လူတွေ ကအရမ်းများနေပြီ။ ၄ ယောက်လောက်က အထဲ ရောက်သွားတယ်။ ကျန်တဲ့ ၆ ယောက်က အပြင်မှာ ကျန်ခဲ့တယ် စစ်တော့ လက်မှတ်က အတုကြီးဖြစ်နေတယ်တဲ့ ကျနော်တို့တန်ရာတန်ကြေးပေးပြီး ၀င်တာပဲ။ ဒီလို စစ်တာ မခံ ချင် ဘူး။ ပျော်ချင်လို့ လာကြည့်ပါတယ်ဆို အတုမိပြီးမ၀င်ရဘူး”ဟု ထိုလူငယ်က ပြောပြသည်။

Bo Bo Entertainment မှ စီစဉ် ပြုလုပ်မည့် Hip Hop ပွဲကို လာမည့် အောက်တိုဘာ၂၃ ရက် သီတင်းကျွတ် လပြည့်နေ့ ယုဇန ဂါးဒင်းတွင် ကျင်းပမည်ဟု သိရသည်။

လက်မှတ်အတုများ ထွက်ပေါ်မလာစေရန် ရောင်ပြန် ဟိုလိုဂရမ် ကပ်ခြင်း၊ ဘားကုတ်ထည့်ခြင်း၊ UV(ခရမ်းလွန်ရောင်ခြည်) အလင်းဖြင့် စစ်ဆေးခြင်း စသည့်နည်းလမ်းများ အသုံးပြုစီစဉ်ရန် ကြိုးစားထားသော်လည်း အားနည်းချက်များ ရှိနေသော ကြောင့် လက်မှတ်အတုများ ထွက်ပေါ်မူကို ထိန်းချုပ်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်