မန္တလေးရေဘေး ဒုက္ခသည်များ အကူအညီလိုအပ်

E-mail Print
မန္တလေးတိုင်းတွင် မိုးကြီးပြီး ရေလျှံသောကြောင့် ရေဘေးဒုက္ခသည်များ အတွက် ဒုက္ခသည်စခန်း ၈ ခု ဖွင့်လှစ်ထားပြီး ပြန်လည် ထူထောင်ရေး အကူအညီများ လိုအပ်နေကြောင်း သတင်းရရှိသည်။

မန္တလေးရှိ သင်္ဃန်းကုန်း၊ အင်းခရု၊ ကံသာယာ၊ အောင်သာယာ၊ ထွန်တုံး၊ ၆၂ လမ်း UPG ဂိုထောင်၊ အောင်ပင်လယ်၊ ရတနာပုံမြို့သစ် များတွင် ရေဘေးဒုက္ခသည် ကူညီရေးစခန်းများ ဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

အင်းခရုဒုက္ခသည်စခန်းတွင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူ တဦးက “စခန်းတခုကို လူဦးရေ ၁၀၀၀ လောက် အနည်းဆုံးရှိကြတယ်။ ဒုက္ခသည် စခန်းက စုစုပေါင်း ၈ ခု ဆိုတော့ ရေဘေးထိတဲ့သူက အနည်းဆုံး လူ ၇၀၀၀ ထက်တော့ နည်းမှာ မဟုတ်ဘူး။ စာရင်းအတိအကျတော့ ထွက်မလာသေးဘူး။ သေဆုံးသူကလည်း စုစုပေါင်း ၁၀ ဦးဝန်းကျင်လောက် ရှိတယ်။ အဲဒီထဲမှာ ကလေးချည်းပဲ ၇ ဦးပါတယ်။ ဒဏ်ရာရသူတွေကတော့ ဆေးရုံတွေမှာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ရေနစ်ခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူများမှာ ၂၀၀၀ ၀န်းကျင်ခန့်ရှိပြီး မန္တလေး ပြည်သူ့ဆေးရုံကြီးနှင့် ၆၂ လမ်းရှိ ကုတင် ၃၀၀ ဆန့် ဆေးရုံကြီးတို့တွင် ကုသပေးနေကြောင်း သိရသည်။

ယမန်နေ့က မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အောင်ပင်လယ်၊ အောင်သာယာ၊ သမန်းကုန်း၊ ရတနာပုံမြို့သစ်တို့ ရေမြုပ်သွားခဲ့ပြီး ယခုချိန်အတွင် ရေမှာ ၄ ပေခန့်အထိ မြင့်တက်နေသေးကြောင်း၊ မန္တလေးမြို့တွင်းရှိ မြို့သစ်ရပ်ကွက် အများစုမှာ ရေမြုပ်သွားပြီး ယခုအခါ မိုးတိတ်သွားသော်လည်း ရေ ၂ ပေခန့် ရှိနေသေးကြောင်း သိရှိရသည်။

ရေလွှမ်းခံရသော နေရာများမှာ မြို့သစ်ရှိ အောက်ခြေလူတန်းစား အများစုနေထိုင်သော ရပ်ကွက်များဖြစ်ကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။

“သူတို့တွေက ဆင်းရဲလို့ မြို့ထဲမှာ မနေနိုင်ဘဲ မြို့သစ်ထဲ ထွက်နေရတဲ့သူတွေပါ။ အခုလို ရေဘေးထိတော့ သူတို့ကို ကူညီထောက်ပံ့ပေးဖို့ အကူအညီတွေ လိုနေပါတယ်။ မြို့မိမြို့ဘတွေကတော့ လုပ်ပေးပါတယ်။ အဲဒါနဲ့တင် မလုံလောက်နိုင်ပါဘူး” ဟု မန္တလေးမြို့ နာရေးကူညီမှုအသင်းမှ တာဝန်ခံ လူငယ်တဦးက ပြောသည်။

အောက်တိုဘာလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ဆည်တော်ကြီး၊ ဆည်တော်လေး ဆည်များမှ ရေလျှံခြင်းနှင့် တောင်ကျရေများကြောင့် မြစ်များ ရေလျှံခြင်းတို့ကြောင့် မန္တလေး၊ ပုသိမ်ကြီးမြို့နယ်အတွင်း လူနေ အိမ်ခြေ ၃၀၀၀ ကျော် ရေမြုပ်သွားခဲ့ကြောင်း သိရှိရသည်။

ယနေ့ထုတ် စစ်အစိုးရ သတင်းစာတွင် မန္တလေး မိုးရွာသွန်းမှုသည် ၆၄ နှစ်တာ ကာလအတွင် အမြင့်ဆုံးအဖြစ် စံချိန်သစ်တင်သွားကြောင်း ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်