ကြံ့ဖွံ့စည်းရုံးရေးသုံးပစ္စည်းများ ပြည်သူပိုင် စက်ရုံ၊ အလုပ်ရုံများမှ အခမဲ့ထုတ်သုံး

E-mail Print
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) သည် မဲဆွယ်စည်းရုံးရေးသုံး ပစ္စည်းများကို ပြည်သူပိုင် စက်ရုံ၊ အလုပ်ရုံများတွင် အခမဲ့ ထုတ်ယူ အသုံးပြုနေကြောင်း သတင်းရရှိသည်။

ATWphotoကြံ့ဖွံ့ပါတီ၏ လွှတ်တော်အမတ်လောင်း မိတ်ဆက် လက်ကမ်းကြော်ငြာ စာရွက်စာတမ်းများ၊ ကြံ့ဖွံ့ပါတီ သတင်းလွှာ၊ ကြံ့ဖွံ့တံဆိပ်ပါ ဦးထုပ်၊ တီရှပ်အင်္ကျီ၊ ဗီနိုင်း ကြော်ငြာများ၊ အလံများကို ပြန်ကြားရေးဝန်ကြီးဌာန အစိုးရပုံနှိပ်စက်များနှင့် အမှတ် ၁ စက်မှုဝန်ကြီးဌာန လက်အောက်ရှိ ချည်မျှင်နှင့် အထည်စက်ရုံ များတွင် အခကြေးငွေ တစုံတရာမပေးဘဲ ရိုက်နှိပ်
ခြင်းဖြစ်ကြောင်း အစိုးရ၀န်ထမ်း အသိုင်းအ၀န်းက ပြောသည်။

ပြန်ကြားရေး ၀န်ကြီးဌာနလက်အောက်ရှိ အစိုးရပုံနှိပ်စက်များတွင် ကြံ့ဖွံ့လွှတ်တော်အမတ်လောင်း မိတ်ဆက် လက်ကမ်း ကြော်ငြာ စာရွက်စာတမ်း သန်းပေါင်းများစွာကို ရိုက်နှိပ်ခဲ့သည့်အပြင် ပါတီတံဆိပ် စက္ကူအလံငယ် များကိုလည်း ရိုက်နှိပ် ခဲ့ကြောင်း၊ ယခုအခါ ကြံ့ဖွံ့သတင်းလွှာကိုလည်း ထုတ်ဝေပေးနေရကြောင်း သိရသည်။

“ပါတီစာရွက်စာတမ်းတွေကို ရောင်စုံနဲ့ ရိုက်ပေးရတယ်။ အစိုးရပုံနှိပ်စက်မှာ ရိုက်တယ်။ အစိုးရ၀န်ထမ်းတွေက အစစအရာရာ အကုန်လုပ်ပေးရတယ်” ဟု အစိုးရပုံနှိပ်စက် ၀န်ထမ်းတဦးက ပြောသည်။

ထို့ပြင် ခြင်္သေ့တံဆိပ်ပါ ဦးထုပ်၊ တီရှပ်အင်္ကျီ၊ ဗီနိုင်း ကြော်ငြာနှင့် ပါတီအလံများကို အမှတ် ၁ စက်မှုဝန်ကြီးဌာန လက်အောက်ရှိ ပလိပ်ချည်မျှင်နှင့် အထည်စက်ရုံ၊ ကျောက်ဆည်ချည်မျှင်နှင့် အထည်စက်ရုံ၊ စစ်ကိုင်း
ရွာသစ်ကြီး ချည်မျှင်နှင့်အထည်စက်ရုံ အပါအ၀င် စက်ရုံများတွင် ရိုက်နှိပ်ပေး နေရသည်ဟု သိရသည်။

ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းနှင့် အမှတ် ၁ စက်မှုဝန်ကြီး ဦးအောင်သောင်းတို့သည် ကြံ့ဖွံ့ပါတီ ကိုယ်စားပြု
လွှတ်တော် ကိုယ်စားလှယ်လောင်းများအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ ပုံနှိပ်စက်များ၊ စက်မှု ၁ လက်အောက်ရှိ စက်ရုံ၊ အလုပ်ရုံများကို အခကြေးငွေမပေးဘဲ အသုံးပြုနေခြင်း ဖြစ်ကြောင်း၊ ထိုကဲ့သို့ စက်ရုံ အလုပ်ရုံများကို အသုံးပြု၍ ပါတီမဲဆွယ်စည်းရုံးရေး ပစ္စည်းများ ထုတ်လုပ်ခြင်းကို အစိုးရ၀န်ထမ်းများက မဝေဖန်ရဲကြကြောင်း ဝန်ထမ်းအသိုင်းအဝန်းက ဆိုသည်။

ရွေးကောက်ပွဲ ကျင်းပမည့်ရက် နီးကပ်လာသည်နှင့်အမျှ ကြံ့ဖွံ့ပါတီ၏ ရွေးကောက်ပွဲအနိုင်ရရေး တရားမ၀င်နည်းလမ်းများ အသုံးပြု မဲဆွယ်စည်းရုံးသည့် လုပ်ရပ်များမှာ သိသာမြင်သာရှိလာကြောင်း ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တဦးက ပြောသည်။

“ကြံ့ခိုင်ရေးပါတီရဲ့ တရားဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေဟာ ရွေးကောက်ပွဲနီးလာလေ ပိုထင်ရှားလာလေပဲ။ ရွေးကောက်ပွဲ ဥပဒေအရဆိုရင် ကြံ့ခိုင်ရေးပါတီက ဖျက်သိမ်းသင့်တဲ့ ပါတီ ဖြစ်နေပြီ” ဟု ၎င်းက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်ထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အခန်း ၃၊ ပုဒ်မ ၁၂ (က၊ ၅) တွင် နိုင်ငံရေးပါတီတရပ်သည် နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်သော နည်းဖြင့် ဖြစ်စေ ရယူသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိလျှင် ပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိဘဲ ဖျက်သိမ်းခံရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကို နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည်ဟု စစ်အစိုးရက ကြေညာထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်