ဧရာဝတီ ရွေးကောက်ပွဲ ကာတွန်းများ ကျေးရွာများတွင် ဖြန့်

E-mail Print
ရန်ကုန်တိုင်း အတွင်းရှိ ကျေးရွာများတွင် ဧရာဝတီ သတင်းဌာန ကာတွန်းဆရာ ဟန်လေး၏ ဆေးရောင်စုံ ကာတွန်းများ ကို ဖြန့်ဝေ၍ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတခု ယခုရက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

harn-lay-cartoonယခု ဖြန့်ဝေသော ကာတွန်းများသည် ဧရာဝတီ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည့် ကာတွန်း အများစုဖြစ်ပြီး တခြားသော ပြည်ပ မီဒီယာများတွင် ဖော်ပြထားသည့် ကာတွန်းများလည်း ပါဝင်ကြောင်း သိရသည်။

ကျေးလက်ပြည်သူများ အနေဖြင့် စားဝတ်နေရေး အခက်အခဲနှင့် လယ်ယာများတွင်သာ အချိန်ပေး ရုန်းကန်နေကြရသည့် အတွက် တခြားသော ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုများမှာ ထိရောက်မှုနည်းပါးသောကြောင့် ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ် သည်ဟု လှုပ်ရှားမှု ဦးဆောင်သူတဦးက ဧရာဝတီသို့ ပြောပြသည်။

“ကြောက်ကြတာလည်း ပါတာပေါ့။ ဒီတော့ သူတို့ စိတ်ဝင်စားအောင် ကာတွန်းဟန်လေးရဲ့ နိုင်ငံရေး အဖြစ်အပျက်တွေ၊ ရွေးကောက်ပွဲက တရားမျှတမှာ မဟုတ်ဘူး ဆိုတာတွေကို ဖော်ပြထားတဲ့ ကာတွန်းလေးတွေကို ဖြန့်ဝေတာပါ”ဟု ၎င်းက ပြောသည်။

အဆိုပါ ကာတွန်းဟန်လေး၏ ကာတွန်းများကို တက်ကြွလှုပ်ရှားသူ လူငယ်တစုက ပြည်တွင်း၌ပင် အင်တာနက်ပေါ်မှ ဒေါင်းလုပ် ဆွဲယူ၍ ကာလာ ပရင်တာဖြင့် ထုတ်ပြီး ရန်ကုန်တိုင်း ကွမ်းခြံကုန်း၊ ဘုရားကုန်း၊ အောင်ချမ်းသာ၊ ကညင်ပင်၊ လက်ယက်စမ်း၊ အေးမေတ္တာ၊ အေးသာယာ၊ တားမလုံ၊ ရုံးသပြေကန် နှင့် မင်းဂလွန်း စသော ကျေးရွာ အုပ်စု များတွင် ဖြန့်ဝေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လှုပ်ရှားမှု ဦးဆောင်သူက ဆက်လက်ပြီး“ရွာက ရေအိုးစင်တွေ၊ ဓာတ်တိုင်တွေနဲ့ ဗီဒီယိုရုံတွေမှာ ကပ်တယ်။ အသွားအလာ များတဲ့ နေရာတွေမှာတော့ ဒီအတိုင်း ဖြန့်ချခဲ့တယ်။ ကလေးတွေကိုလည်း အဖေ၊ အမေကို ပေးလိုက်နော်ဆိုပြီး ပေးလိုက် တာ။ ကလေးတွေကလည်း ကာတွန်း ဆိုတော့ စိတ်ဝင်စားကြတယ်။ တော်တော်များများကလည်း စိတ်ဝင်တစား တောင်းယူ ကြ၊ ဖတ်ကြ၊ ရယ်မောကြတာ တွေ့ရတယ်”ဟု ပြောဆိုသည်။

လှုပ်ရှားမှုတွင်ပါဝင်သည့် တခြားသော လူငယ်တဦးကလည်း“မြို့ပေါ်မှာတော့ တော်တော်များများ လုပ်ပြီးပြီ။ အခုကတော့ ကျေးရွာလူထုကို ပစ်မှတ် ထားတာ။ ဟန်လေးရဲ့ကာတွန်းတွေက ထိမိတယ်။ အရင်ကလို စာတွေချည်း ဖြန့်တာထက် စာရင် ရယ်စရာ ကာတွန်းလေးနဲ့ ဆိုတော့ ပိုပြီးထိရောက်တာ၊ ပိုစိတ်ဝင်စားကြတာ တွေ့ရတယ်”ဟု ပြောသည်။

တခြားသော တိုင်းနှင့်ပြည်နယ်များတွင်လည်း အခြေခံ လူတန်းစားများနှင့် ကျေးရွာလူထုကို အဓိကထား၍ ကာတွန်း ဟန်လေး ၏ ကာတွန်းများကို ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုအနေဖြင့် ဆက်လက်ဖြန့်ဝေဦးမည်ဟု သိရသည်။

ဧရာဝတီ သတင်းဌာန မန်နေးဂျင်း အယ်ဒီတာ ကိုကျော်စွာမိုးကလည်း ယခု ကာတွန်းများကို မဲဆန္ဒရှင်ပြည်သူများ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပိုမိုနားလည်ရန် ရည်ရွယ်၍ ဧရာဝတီတွင် ဖော်ပြထားခြင်းဖြစ်ကြောင်း ပြောပြသည်။

“အဲဒါက ကျနော်တို့ ရည်မှန်းချက်ရဲ့ တစိတ်တပိုင်းပါပဲ၊ အဲဒီ ကာတွန်းတွေကို ကြည့်ပြီး မြန်မာ ပြည်သူတွေ လာမယ့် ရွေးကောက်ပွဲကို ပိုမို နားလည်သွားလိမ့်မယ်၊ ဒီ ကာတွန်းတွေအပြင် ကျနော်တို့ အင်တာနက် စာမျက်နှာပေါ်က သတင်းနဲ့ ဆောင်းပါးတွေကလည်း မဲဆန္ဒရှင်တွေကို ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အသိပညာတွေ ပိုမို ရရှိစေလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်”ဟု ကိုကျော်စွာမိုးက ပြောသည်။

ကာတွန်း ဟန်လေးသည် ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ မဂ္ဂဇင်း ၏ ပင်တိုင် ကာတွန်း နုပညာရှင်တဦး ဖြစ်ပြီး မြန်မာပြည် နှင့် ပတ်သက်သည့် နိုင်ငံရေး ကာတွန်းများကို အစဉ်တစိုက် ရေးဆွဲနေသူဖြစ်သည်။ ၎င်းသည် တခြားသော ပြည်ပ အခြေ စိုက် မြန်မာ သတင်း မီဒီယာ များကိုလည်း ကာတွန်းများ ရေးဆွဲပေးလျက်ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်