စီစဉ်သူ မသေချာမှုကြောင့် အနုပညာရှင်များ ပွဲဖျက်

E-mail Print
ရန်ကုန် သုဝဏ္ဏ အမျိုးသား အားကစားရုံ (၁) ၌ အောက်တိုဘာ ၁၆၊ ၁၇ တွင် ရုပ်ရှင်ဂီတ ပဒေသာကပွဲ ကျင်းပမည်ဟု ကြော်ငြာ ထားသော်လည်း စီစဉ်သူအား မကျေနပ်သောကြောင့် ပါဝင်မည့် အနုပညာရှင်များဘက်က ပွဲကျင်းပရန် ၂ ရက်အလိုတွင် ဖျက်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

maythannuphotoမြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ်ရန်ပုံငွေပွဲအဖြစ် ကျင်းပမည့် ရုပ်ရှင် ဂီတပဒေသာ ကပွဲကို စီစဉ်သူမှာ ဦးစိုးမောင်မောင်နှင့် အဖွဲ့ဖြစ်ပြီး ပွဲအတွက် ကုန်ကျစရိတ်များ စိုက်ထုတ်ထားသည့် အနုပညာရှင် များကို ပွဲချိန်နီးကပ်လာသည်အထိ ဆက်သွယ်ခြင်း၊ ရသင့်သည့် ငွေကြေးများ မပေးအပ်ခြင်းကြောင့် ပွဲမှ နုတ်ထွက်ကြောင်း သတင်းစာရှင်းလင်းပွဲတရပ်ကို ပါဝင်သည့် အနုပညာရှင်များစုပေါင်း၍ အောက်တိုဘာ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သည်။

အဆိုပါ ကပွဲအတွက် အက၊ ပြဇာတ် စသည်တို့ကို အကယ်ဒမီရုပ်ရှင်သရုပ်ဆောင် မေသန်းနု၊ တေးဂီတ ဖျော်ဖြေ တီးခတ်ရန်အတွက် အဆိုတော်အောင်နိုင်နှင့် ရိုက်ကူးရေးအတွက် ဒါရိုက်တာ မောင်သီတို့ကို စီစဉ်သူက တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

“ကျမအနေနဲ့ သူတို့ မေတ္တာရပ်ခံမှုကြောင့် အနုပညာရှင်တွေကို အနုပညာကြေး အသက်သာဆုံးနဲ့ပါဝင်ပေးဖို့ မေတ္တာ ရပ်ခံထားရပါတယ်။ ပြီးတော့ သီချင်းတိုက်၊ အကတိုက်တွေ လုပ်နေရပါတယ်။ ကျမတို့ဘက်ကသာ ကြိုးစားပမ်းစား လုပ်နေပေမယ့် သူတို့က ပွဲချိန်နီးတဲ့အထိ လုံးဝ မဆက်သွယ်လာဘူး” ဟု မေသန်းနုက ဆိုသည်။

အနုပညာရှင်များဘက်က စီစဉ်သူထံ ဆက်သွယ်မေးမြန်းရာ ပွဲဖြစ်ကြောင်းသာ အကြောင်းပြန်ကြားပြီး အနုပညာရှင်များ၏ အခြေအနေကို လာရောက် မေးမြန်းမှုပင် မပြုလုပ်ဘဲ စပွန်ဆာရှာခြင်း၊ လက်မှတ်ရောင်းခြင်းများသာ ပြုလုပ်နေသည့်အတွက် ပွဲဖျက်ခြင်း ဖြစ်ကြောင်း သူက ရှင်းပြသည်။

“၁၂ ရက်နေ့က မော်တင် Junction center မှာ လက်မှတ်တွေ ဝိုင်းရောင်းပြီး အမှတ်တရ လက်မှတ်ထိုးပွဲတောင် လုပ်ခဲ့သေးတယ်။ အနားကပ်မှ ပါမစ်မရဘူးလို့ ပြောတယ်။ ဒါ အဓိပ္ပာယ်မရှိဘူး” ဟု မေသန်းနုက ဆိုသည်။

ဆက်လက်၍ ၎င်းက ပွဲစီစဉ်သူများသည် အနုပညာရှင်များအား လုံးဝ ဂရုမစိုက်ဘဲ စရန်အဖြစ်ပင် ငွေကြေး တစုံတရာ ပေးအပ်ခြင်း မရှိကြောင်း၊ အနုပညာရှင်များဘက်က ငွေကြေးစိုက်ထုတ်မှုများ ပြုလုပ်ခဲ့ရသောကြောင်း နစ်နာကြောင်း ပြောသည်။

“ဘာပဲဖြစ်ဖြစ် အားလုံးက ကျမခေါင်းပေါ် ရောက်လာတာ။ အခုလို သူတို့ဘက်က မရိုးသားတဲ့ လုပ်ဆောင်ချက်တွေ ရှိလာတဲ့အတွက် ကျမ ဒီပွဲမှာ လုံးဝမပါဝင်တော့ဘူး။ ရောင်းထားတဲ့ လက်မှတ်တွေကိုလည်း ပြန်အမ်းပေးဖို့ သူတို့ကို အကြောင်းကြားထားတယ်” ဟု သူက ဆိုသည်။

ဒါရိုက်တာ မောင်သီကလည်း မေသန်းနု၏ မေတ္တာရပ်ခံချက်ကြောင့် ပွဲကို အကောင်းဆုံးဖြစ်အောင် စီစဉ်ထားကြောင်း သို့ရာတွင် စီစဉ်သူများဘက်က မရိုးသားမှုကို သံသယရှိလာသဖြင့် ပွဲမှ နုတ်ထွက်ကြောင်း ပြောသည်။

“ရှေးခေတ်မင်းသားကြီးတွေရဲ့ အိုက်တင်ကို အခုခေတ်လူငယ်တွေက သရုပ်ဆောင်တဲ့ အော်ပရာပုံစံကို စီစဉ်ထားပါတယ်။ ဇာတ်ဝင်သီချင်းတွေလည်း သွင်းထားတာရှိတယ်။ အခုလို နုတ်ထွက်လိုက်ရတော့ ကျနော်တာဝန်ယူထားတဲ့ အနုပညာ ရှင်တွေနဲ့ ပရိသတ်ကို တောင်းပန်ရတော့မှာပေါ့” ဟု မောင်သီက ရှင်းပြသည်။

မေသန်းနု၏ ပြောပြချက်အရ စီစဉ်သူများသည် လူရွှင်တော်များအတွက် စရန်ငွေ အနည်းငယ်သာ ပေးအပ်ထားသည်ဟု သိရသည်။ အဆိုတော်အောင်နိုင်ကလည်း စီစဉ်သူများဘက်က မသေချာမှုကြောင့် နုတ်ထွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ ပွဲစီစဉ်သူ ဦးစိုးမောင်မောင်နှင့် ယခင်က ပတ်သက်ခဲ့ဖူးသော်လည်း ယခုတခေါက်တွင်မှ အဆင်မပြေမှုများ ဖြစ်လာရကြောင်း စာနယ်ဇင်းသမားများကို ရှင်းပြခဲ့သည်။

ဦးစိုးမောင်မောင်သည် စင်တင်ပွဲများကို စီစဉ်နေကျ လူတဦးဖြစ်ကြောင်း၊ ယခုလအတွင်း သုဝဏ္ဏ အားကစားကွင်းတွင် Iron Cross (IC) တေးဂီတဝိုင်း၏ နှစ် ၂၀ ပြည့်ပွဲပင် ကျင်းပမည် ဖြစ်သောကြောင့် ပွဲပါမစ် မရဟုဆိုခြင်းမှာ မဖြစ်နိုင်ကြောင်း မေသန်းနုက ဧရာဝတီသို့ ပြောသည်။

အောက်တိုဘာ ၁၄ ရက်နေ့က ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီမေသန်းနု၊ ဒါရိုက်တာမောင်သီ၊ တေးသံရှင်အောင်နိုင်၊ ဂီတမှူးဝင်းကျော်၊ သရုပ်ဆောင်ဇူးဇူးမောင် တို့က သတင်းထောက်များအား ရှင်းလင်းတင်ပြခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်