ကျောက်ဖြူမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ဓာတ်ငွေ့ပိုက်လိုင်း စတင်သွယ်တန်းတော့မည်

E-mail Print
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန် ပြည်နယ်သို့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်း စီမံကိန်းကို လာမည့်နှစ် အစောပိုင်းတွင် စတင်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ သတင်း မီဒီယာများက ထုတ်ပြန်သည်။

အဆိုပါ စီမံကိန်းအား ၂၀၀၉ ခုနှစ် ပထမ နှစ်ဝက်တွင် စတင်လုပ်ဆောင်မည်ဖြစ်သည်ဟု တရုတ်သတင်းစာ China Daily က ရေးသားထားသည်။

အမေရိကန် ဒေါ်လာ ၂.၅ ဘီလီယံ ခန့်ကုန်ကျမည့် ယင်းစီမံကိန်းကို တရုတ်အမျိုးသား စွမ်းအင်ကုမ္ပဏီ(China National Petrol Corp-CNPC)က ၅၀.၉ ရာခိုင်နှုန်း ကျခံ၍ ကျန်ကုန်ကျစရိတ်ကို မြန်မာဘက်က ကျခံရန် သဘောတူညီထားကြောင်း၊ ရေနံပိုက်လိုင်းမှာ ဒေါ်လာ ၁.၅ ဘီလီယံ ခန့်ကုန်ကျမည်ဖြစ်ပြီး သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းမှာမူ ၁.၀၄ ဘီလီယံခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

China Daily တွင် တရုတ်နိုင်ငံသည် လိုအပ်သော စွမ်းအင်အား အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသတို့မှ မလက္ကာ ရေလက် ကြားကို ဖြတ်၍ တင်သွင်းနေရခြင်းကို စိုးရိမ်မှုရှိသည့်အတွက် မြန်မာနိုင်ငံနှင့် ယခုပိုက်လိုင်း အစီအစဉ်ပြုလုပ်ရန် ကာလ ကြာမြင့်စွာကပင် မျှော်လင့်ထားခဲ့သည်ဟု ဖော်ပြသည်။

လေ့လာသူများကမူ ယင်း မလက္ကာ ရေလက်ကြားကို အမေရိကန်နှင့် ၎င်း၏ မဟာမိတ် နိုင်ငံ ရေတပ်များက ကြီးစိုးထားကြောင်း ပြောဆိုသည်။

တချိန်တည်းတွင် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဗျူရို အဖွဲ့ဝင်နှင့် တီယန်ကျင်း မြူနီစီပယ် ဒေသ ကွန်မြူနစ်ပါတီဗဟိုကော်မတီ အတွင်းရေးမှူး မစ္စတာ ဇောင်ဂါအိုလီ ဦးဆောင်သည့် အဖွဲ့သည်မြန်မာနိုင်ငံ သို့ နိုဝင်ဘာ ၁၈ ရက်နေ့က ရောက်ရှိလာပြီး မြန်မာနိုင်ငံ ဘင်္ဂလားပင်လယ်ကွေ့မှ တရုတ်ပြည် ယူနန်ပြည်နယ် သို့ ဖောက်လုပ်မည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းမည့်ကိစ္စ မြန်မာစစ်အစိုးရနှင့် ညှိနှိုင်းဆွေးနွေး ကြကြောင်း သိရသည်။

ယင်း မစ္စတာဇောင်ဂါအိုလီနှင့် အဖွဲ့သည် နအဖ ကာကွယ်ရေး ၀န်ကြီးဌာန စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီး တင်အေး၏ ဖိတ်ကြားချက်အရ ရောက်ရှိလာခြင်းဖြစ်သည်ဟု ယန်နေ့က ထုတ်ဝေ သည့် မြန်မာ့အလင်းသတင်းစာတွင် ရေးသားထားသည်။

မစ္စတာ ဇောင်ဂါအိုလီနှင့်အဖွဲ့သည် နိုဝင်ဘာ ၁၉ ရက်တွင် စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအ၀င် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီး တင်အေးနှင့် အမှတ်(၂) စက်မှု ၀န်ကြီးဌာန ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး စိုးသိန်းတို့နှင့် နေပြည်တော်၌ တွေ့ဆုံကြောင်းလည်း သတင်းစာက ဖော်ပြထားသည်။

မစ္စတာဇောင်ဂါအိုလီနှင့် ဗိုလ်ချုပ်ကြီး သိန်းစိန်တို့သည် နိုင်ငံရေးနှင့် စီးပွာရေးအခြေအနေများ အပါအ၀င် စိုးရိမ်ဖွယ်ရာ အထွေထွေ ပြဿနာများအပေါ် နှစ်ဦး နှစ်ဘက် အမြင်များကို ဆွေးနွေး ကြသည်ဟု ဆင်ဟွာ သတင်းက ရေးသားသည်။

စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီး တင်အေးနှင့် မစ္စတာ ဇောင်ဂါအိုလီတို့တွေ့ဆုံရာ တွင် တရုတ်ပြည်မှ စစ်လက်နက်များနှင့် စစ်လက်နက်ပစ္စည်း ထုတ်လုပ်မှုဆိုင်ရာ စက်ပစ္စည်းများ မြန်မာနိုင်ငံသို့ တင်သွင်းရန် ပြောဆိုမှုများ ရှိနိုင်ကြောင်း မျှော်လင့် ရသည်ဟု လေ့လာသူများက ပြောသည်။

တရုတ်နိုင်ငံ အဆင့်မြင့်အရာရှိအဖြစ် ယခု မစ္စတာဇောင်ဂါအိုလီ၏ ခရီးစဉ်သည် တလ အတွင်း ဒုတိယ မြောက် ဖြစ်ပြီး လွန်ခဲ့သော အောက်တိုဘာ လကုန်ပိုင်းက တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇောင်းလီနှင့်အဖွဲ့လာရောက်ကာ နေပြည်တော်တွင် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခဲ့သည်။

၁၉၈၈ ခုနှစ် မှ စတင်၍ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အဓိက ကုန်သွယ်ဖက်နိုင်ငံများ ဖြစ်လာပြီး မြန်မာစစ်တပ်ကို ခေတ်မီစစ်တပ် ဖြစ်ရန် စစ်လက်နက်ပစ္စည်း ထောက်ပံ့ခြင်းနှင့် အကြံဥာဏ်များကို တရုတ်နိုင်ငံက ကူညီခဲ့သည်။

တရုတ်နိုင်ငံမှ တိုက်လေယာဉ်များနှင့် ရေတပ်သုံး စစ်သဘောင်္များ၊ အသေးစား စစ်လက်နက် ပစ္စည်း အသုံးအဆောင်များကိုလည်း မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ပြီး တရုတ်ရေဒါ စခန်းတခုကိုလည်း မြန်မာနိုင်ငံတွင် အခြေစိုက်ထားကြောင်း စစ်ရေးလေ့လာသူများ၏ အဆိုအရ သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်