နေပြည်တော်၌ ၅ သိန်းတန် CDMA ဖုန်းများ အကန့်အသတ်မဲ့ချပေး

E-mail Print
တနိုင်ငံလုံး ဆက်သွယ် ပြောဆိုနိုင်သည့် ကျပ် ၅ သိန်းတန် CDMA 450 ဖုန်းများအား နေပြည်တော်တွင် အကန့်အသတ်မရှိ ပြန်လည် ချပေးနေကြောင်း သိရသည်။

တယ်လီဖုန်း လျှောက်ထားသည့် အရေအတွက် များပြားခြင်းကြောင့် စက်တင်ဘာလမှ စတင်ရပ်ဆိုင်းခဲ့ခြင်းကို ယခု ပြန်လည် ချထားပေးခြင်းဖြစ်သည်ဟု နေပြည်တော် ၀န်ကြီးဌာန အသိုင်းအ၀န်းက ပြောသည်။

CDMA1ယခု အကန့်အသတ်မရှိ ပြန်လည်ချထားပေးမည်ဖြစ်သောကြောင့် လက်ရှိ တာဝါတိုင်များအား တိုးချဲ့တည်ဆောက် သင့် ကြောင်း၊ ထို့မှသာ တယ်လီဖုန်းလိုင်း ကျပ်၍ ခေါ်ဆို မရသည့် ပြဿနာမျိုးကို ထိန်းချုပ်နိုင်မည်ဟု ဆက်သွယ် ရေးနှင့် ကြေးနန်းဝန်ကြီးဌာနမှ အင်ဂျင်နီယာတဦးက ရှင်းပြသည်။

“စီးပွားရေးအရ ပြောရမယ်ဆို ၀ယ်လိုအားရှိတယ်။ ရောင်းလိုအားက လိုက်မမီဘူးဆို ပြဿာနာရှိတယ်။  စီးပွားရေးအရ ရောင်းချတာမှန်ပေမယ့် ကိုယ်ထုတ်ပေးနိုင်တဲ့ ၊ ချပေးနိုင်တဲ့ အင်အားကို မမေ့ဖို့ လိုတယ်။ ရှိတဲ့ တာဝါတိုင် ကနေ လိုင်းတွေ အများကြီးထပ်ခွဲပေးနေတာဆိုရင်တော့ အရင်လို ဖုန်းတော့ ရှိတယ် ဆက်သွယ်မရဘူးဘဲ”ဟု ပြောပြသည်။

၂၀၁၀ ပြည့်နှစ်အတွင်း CDMA 800 MHZ ဖုန်းလိုင်း ၁ သိန်းအတွက် ဆက်သွယ်ရေးစခန်း ၄၂ ခု ထပ်မံတိုးချဲ့ တည်ဆောက် မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ထားသည်။

“လျှောက်လွှာ လက်ခံပြီး ဖုန်းမထုတ်ပေးနိုင်ရင် ၊ လိုင်းမချပေးနိုင်ရင် ပြဿနာရှိတယ်လေ။ နေပြည်တော်ဖုန်းက တနိုင်ငံလုံး ဆက်ရတယ်ဆိုပြီး နောက်မှာ လျှောက်တဲ့ အရေအတွက်အရမ်းများလာတာ။ တဖက်မှာလည်း လိုင်းမချပေးနိုင်တဲ့ ပြဿနာ ဖြစ်မှာစိုးလို့ ခဏရပ်လိုက်တာ”ဟု နေပြည်တော် ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ အရာရှိတဦးက ရှင်းပြ သည်။

၎င်းက ဆက်လက်၍ “စီးပွားရေး တခုတည်း ကြည့်ပြီး ပိုက်ဆံရပြီးရော လိုင်းလျှောက်သလောက် ချပေးရင် လိုင်းကျပ်တဲ့ ပြ ဿနာဖြစ်လာနိုင်တယ်။ ဖုန်းထဲမှာဆိုရင်တော့  ခု ၅ သိန်းတန် ဖုန်းက အသံကြည်တယ်၊ ပြည်ပက ခေါ်ရင် အော်ပြောနေစရာ မလိုဘူး။ ဒီလို အားသာချက်တွေတော့ ရှိတယ်”ဟု ပြောသည်။

ရန်ကုန်တွင် လျှောက်ထားရသည့် CDMA 800Hz တယ်လီဖုန်းသည် ရန်ကုန်၊ မန္တ လေးမြို့များတွင်သာ ဆက်သွယ် ပြောဆို နိုင် သော်လည်း  နေပြည်တော်တွင် ချထားပေးသည့် CDMA 450 တယ်လီဖုန်းသည် တနိုင်ငံလုံးအနှံ့ ဆက်သွယ်ပြောဆိုနိုင် သည်။

“အဓိက နေပြည်တော်က ဖုန်းကို တနိုင်ငံလုံးဆက်လို့ရအောင် လုပ်ပေးထားတာ ဒီနေရာက အဓိကဖြစ်နေလို့။ အစိုးရနဲ့ ပတ် သက်တဲ့ ရုံးတွေ၊ အရာရှိတွေ ၊ ၀န်ထမ်းတွေကို ရည်ရွယ်ပြီး နေပြည်တော်က ဖုန်းကို တနိုင်ငံလုံးဆက်လို့ရအောင် လုပ်ပေး ထားတာ။ ခု ၀န်ထမ်းတွေ တော်တော်များများလည်းရပြီ။ ကျန်တာက အပြင် ပြည်သူတွေ လောက်ပဲ ရှိတော့ ခဏ ရပ်တယ်။  နောက် ထိန်းချုပ်မယ့် တာဝါတိုင်တွေကိုချိန်ပြီး လိုင်းတွေ ချပေးနေတာလည်း ပါတယ်”ဟု အဆိုပါ အရာရှိက ဆက်ရှင်းပြ သည်။

လိုင်းချထားပေးမှု ရပ်နားထားသည့်အချိန်အတွင်း ပြင်ပ ပေါက်ဈေးမှာကျပ် ၆ သိန်းထိ မြင့်သွားကြောင်း၊ လျှောက်ထားပြီး သူများ ထံမှ ဈေးမြှင့်၍ ပြန်လည်ဝယ်ယူမှုများလည်း ဖြစ်သွားကြောင်း သူကဆိုသည်။

ဦးတေဇပိုင် ထူး ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်သော Central Marketing ကုမ္ပဏီသည် CDMA  တယ်လီဖုန်း များ ထုတ်လုပ်ရောင်းချနေပြီး E – Lite ကုမ္ပဏီသည်လည်း ဖိုက်ဘာဆက်ကြောင်းဖြင့် အင်တာနက်၊ ရုပ်မြင်သံကြားလိုင်း၊ တယ်လီဖုန်းလိုင်း ၃ မျိုး အသုံးပြုနိုင်သော Fiber to the Curb၊ Fiber to the Home၊ Fiber to the Building (FTTx) ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့်ရရှိခဲ့သည်။

၁၉၉၇ ခုနှစ်တွင် CDMA ဖုန်းစနစ် စတင်သုံးစွဲခဲ့ကာ၊ CDMA 800 MHz ဖုန်းလိုင်းများကို ၂၀၁၀နှစ်ဆန်းပိုင်းမှ စတင်သုံးစွဲခွင့် ပြုခဲ့ခြင်းဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် အော်တိုတယ်လီဖုန်း (ကြိုးဖုန်း) အလုံးရေ ၈၆၆ ၀၈၄၊ ARTS ရေဒီယို တယ်လီဖုန်း အလုံးရေ ၃၈၅၆၊ DECT ရေဒီယို တယ်လီဖုန်းအလုံးရေ ၁၉၄၉၊ CDMA (Fixed) တယ်လီဖုန်း အလုံးရေ ၂၀၀၃၈၊ CDMA (Mobile) တယ်လီဖုန်း အလုံးရေ ၅၄၅၆၅၀၊ CDMA 800 MHzတယ်လီဖုန်း အလုံးရေ ၁၅၀၀၀၀၊ D-AMPS တယ်လီဖုန်း အလုံးရေ ၃၈၄၀၀၊ GSM တယ်လီဖုန်း အလုံးရေ ၄၉၄၃၀၀၊ WCDMA တယ်လီဖုန်းအလုံးရေ ၂၈၀၀၀ နှင့် McWLL တယ်လီဖုန်းအလုံးရေ ၅၀၀၀၀ တို့ အသုံးပြုလျက်ရှိကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်