ရွေးကောက်ပွဲ အကြိုကာလ ညပိုင်းအပြင်ထွက်မှု ကန့်သတ်

E-mail Print
ရွေးကောက်ပွဲ အကြိုကာလတွင် ရန်ကုန်နှင့် မန္တလေး မြို့ကြီးများ အပါအဝင် ဒေသတချို့၌ ညအချိန် အပြင်ထွက်ခြင်းကို သက်ဆိုင်ရာ အာဏာပိုင်များက ကန့်သတ်ထားကြောင်း သိရှိရသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့် ရက်သတ္တသုံးပတ်ခန့်မှစပြီး ည ၁၀ နာရီနောက်ပိုင်း အပြင်ထွက်သူများကို ဖမ်းဆီးအရေးယူ ဒဏ်ငွေ ရိုက်မည်ဟု သက်ဆိုင်ရာ ရယက ရုံးများမှတဆင့် ကြေညာထားကြောင်း သိရှိရပြီး ကြေညာပြီးနောက်ပိုင်း ဖမ်းဆီး ခံရသူများရှိကြောင်းလည်း ဒေသခံများထံမှ သိရှိရသည်။

“အဖမ်းခံရတဲ့သူတွေ များတယ်လို့သိတယ်၊ ဘုန်းကြီး တချို့လည်းပါတယ်၊ ဂေါဝိန်ဆိပ်ဘက်က စားပွဲထိုးလေးတွေလည်း ပါတယ်”ဟု ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

မန္တလေးတိုင်း ကျောက်ဆည်မြို့တွင်လည်း ညအချိန် အပြင်မထွက်ရန် အလားတူ ကြေညာခြင်းများရှိပြီး ဒေသခံ စစ်တပ် နှင့် ရဲမှ ဖမ်းဆီးခဲ့သူများကို ကျောက်ဆည် ရဲစခန်းတွင် ကျပ်ငွေ ၅ သောင်းဖြင့် ယခုတပတ်မှ စတင်၍ ပြန်လည်ရွေးယူရ ကြောင်း သိရှိရသည်။

လွန်ခဲ့သည့် သုံးပတ်ခန့်က ကျောက်ဆည်မြို့၌ ည ၁၀ နာရီနောက်ပိုင်း လမ်းပေါ်တွင် တွေ့ရှိသူများကို ဖမ်းဆီးခဲ့သည်ဟု လည်းကောင်း၊ ဖမ်းဆီးခံရသူ အများစုမှာ ကျောက်ဆည်မြို့အနီး ရွာများမှ ဒေသခံများ ဖြစ်ကြပြီး မြို့ပေါ်သို့ အလုပ် လာ လုပ်ကြရင်း အပြန်မိုးချုပ်ကြသဖြင့် ဖမ်းဆီးခံကြရကြောင်း ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

“မြို့ပေါ်က လူတွေလည်း အဖမ်းခံရတာမျိုးတွေရှိပါတယ်၊ ညဘက် အလုပ်လုပ်ရတဲ့သူတွေ၊ ညဘက်ကို ဆိုင်ကယ်နဲ့ ထွက် လည်ကြတဲ့သူတွေ၊ တချို့ဆိုရင် ဆယ်တန်းအောင်ပြီးခါစ ကလေးတွေ၊ ကျောက်ဆည် နည်းပညာ တက္ကသိုလ်က ကျောင်း သား တွေတောင် ပါတယ်”ဟု ကျောက်ဆည် ရဲစခန်းနှင့် နီးစပ်သူ တဦးက ပြောသည်။

ကျောက်ဆည်မြို့တွင် ဒေသခံ ရဲများနှင့် စစ်သားများ ပူးပေါင်းပြီး လုံခြုံရေးကင်းလှည့်စဉ်တွင် မသင်္ကာသူများကို ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူများမှာ ခန့်မှန်းချေ လေးဆယ်ကျော် ရှိကြောင်း အဆိုပါ ရဲစခန်းနှင့် နီးစပ်သူက ဆိုသည်။

ကျောက်ဆည်မြို့မှ အစိုးရဝန်ထမ်း တဦးကလည်း“ကျမရဲ့ မောင်လေးကို မနည်း ပြန်ရွေးထားရတယ်။ ပြောနေကြတာ တော့ ပြန်မရွေးတဲ့သူတွေကို စစ်တပ်က ရှေ့တန်းပို့မယ်လို့ကြားတယ်၊ သေတော့ မသေချာဘူး”ဟု ပြောသည်။

ဖမ်းဆီးခံရသူ အများစုမှာ လက်လုပ်လက်စားများ ဖြစ်ကြ၍ ပြန်မရွေးနိုင်သေးသူ အများအပြား ကျောက်ဆည်ရဲစခန်း ၌ ကျန်ရှိနေသေးကြောင်းလည်း သိရှိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကျောက်ဆည်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျ ရဲအရာရှိမှ ဖြေဆိုရန် ငြင်းဆန်ခဲ့ သည်။  

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်တွင်လည်း အလားတူ ညအချိန် အပြင်ထွက်ခွင့် ပိတ်ပင်ခြင်း ကြေညာမှုများ ထုတ်ပြန်ခဲ့သော်လည်း ဖမ်းဆီးမှု မရှိသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်