ရွေးကောက်ပွဲ ဆက်လုပ်လျှင် သံဃာ့လှုပ်ရှားမှုနှင့် ရင်ဆိုင်ရမည်ဟု ထုတ်ပြန်

E-mail Print
နအဖ စစ်အစိုးရ အနေဖြင့် မတရားသည့် ရွေးကောက်ပွဲကို ဆက်လုပ်ပါက သံဃာ့ လှုပ်ရှားမှုများဖြင့် ရင်ဆိုင်ရမည်ဟု သံဃာ့တပ်ပေါင်းစု (ပြည်တွင်း လှုပ်ရှားမှု တာဝန်ခံ) ဦးတေဇောဘာသက ပြည်တွင်း တနေရာမှ ဧရာဝတီသို့ မိန့်ကြားလိုက်သည်။

usdp-campaign-billboard2“တိုင်းရင်းသားခေါင်းဆောင်တွေ စုပေါင်းလက်မှတ်ရေးထိုးထားတဲ့ ဒုတိယအကြိမ် ပင်လုံညီလာခံခေါ်ယူရေးကို ဦးပဉ္ဇင်းတို့ သံဃာ့ တပ်ပေါင်းစုအဖွဲ့ကလည်း ထောက်ခံတယ်။ နောက်ပြီး မတရားတဲ့ ရွေးကောက်ပွဲကို ဆက်လုပ်မယ်ဆိုရင် ဦးပဉ္ဇင်းတို့ လှုပ်ရှားမှုတွေ လုပ်သွားမယ်။ ဒီဘက်မှာ ဦးပဉ္ဇင်းတို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေပါပြီ” ဟု ဦးတေဇောဘာသက မိန့်သည်။

စစ်ကိုင်းတိုင်း ကလေးမြို့၌ ၂၄ ရက်နေ့က ဇိုမီးအမျိုးသားကွန်ဂရက်၏ ၂၂ နှစ်မြောက် အခမ်းအနားတွင် တိုင်းရင်းသား ခေါင်းဆောင်များ စုပေါင်း လက်မှတ်ရေးထိုးထားသော ဒုတိယအကြိမ်ပင်လုံညီလာခံ ခေါ်ယူရေးကို ထောက်ခံကြောင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း သံဃာ့တပ်ပေါင်းစုက ယနေ့ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝဥဿုံ သပိတ်မှောက်ကြောင်း အောက်တိုဘာ ၂၆ ရက်နေ့က ထုတ်ပြန်ထားသည်။

ထိုကြေညာချက်တွင် မဲမပေးဘဲ နေခွင့်ရှိကြောင်း၊ အဓမ္မ မဲပေးခိုင်းမှုများရှိပါက ရဲစခန်းတွင် တိုင်ကြားနိုင်ကြောင်း၊ လူထုအနေဖြင့် NLD ပါတီမပါ၍ မဲမပေးဘဲနေပါက နေခွင့်ရှိကြောင်းများကို ဖော်ပြထားသည်။

ပြီးခဲ့သည့် လဆန်းပိုင်းကလည်း သံဃာနှင့် ကျောင်းသားအဖွဲ့များက ရန်ကုန်မြို့အတွင်း ရွေးကောက်ပွဲ ဆန့်ကျင်ရေးစာများကို နည်းလမ်းမျိုးစုံဖြင့် ဖြန့်ဝေမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရွေးကောက်ပွဲကျင်းပရန် ၉ ရက်သာ လိုတော့ချိန်တွင် ၂၀၁၀ ရွေးကောက်ပွဲသည် တရားမ၀င်ကြောင်းနှင့် ရှက်ဖွယ်ဖြစ်ကြောင်း နိုင်ငံတကာရောက် မြန်မာများက ပြောဆိုကြပြီး ၎င်းတို့၏ ကန့်ကွက်ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာသည်။

သီရိလင်္ကာရောက် မြန်မာ ကျောင်းသား ရဟန်းတော်များအဖွဲ့ (MSMA) က၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချခြင်းနှင့် နအဖ အစိုးရ၏ အလံသစ်အား မီးရှို့ဖျက်ဆီးခြင်းကို အောက်တိုဘာ ၂၆ ရက် ညနေပိုင်းက ကိုလံဘိုမြို့ရှိ မကုဋာရာမ ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။

“ဒီအလံသစ်နဲ့ ပတ်သက်ပြီး ယတြာတွေဘာတွေ ပြောနေတာတော့ အများကြီးပေါ့။ ဒါပေမယ့် အဲဒါတွေထက် နိုင်ငံတော် အလံဆိုတာ နိုင်ငံတခုရဲ့ တန်ဖိုးထားရတဲ့၊ လေးစားရတဲ့ အထိမ်းအမှတ်ဖြစ်တာကို ပြည်သူတွေ ရွေးကောက်ထားတဲ့ အစိုးရက အတည်မပြုပေးသေးတဲ့ ဒီအလံကြီးနဲ့ လုပ်ချင်ရာလုပ်တာဟာ အဓိပ္ပာယ်မရှိလို့ ကန့်ကွက်၊ ဆန္ဒပြ၊ ရှုတ်ချတဲ့အနေနဲ့ မီးရှို့ရတာပါ” ဟု MSMA ၏ ဦးဆောင်ဆရာတော် တပါးဖြစ်သည့် အရှင်ဥက္ကဋ္ဌက ဧရာဝတီသို့ မိန့်ဆိုခဲ့သည်။

စစ်အာဏာရှင်စနစ်ကို တရားဝင် အသက်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်သည့် ချီတက်ဆန္ဒပြပွဲကို ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်) က ဦးစီး၍  တိုကျိုမြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲသည် တရားမျှတမှုမရှိသည့် အတုအယောင် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသားများက လက်မခံသည့် အကြောင်းကို ဂျပန်အစိုးရ တာဝန်ရှိသူတို့ ပိုမိုသိရှိလာစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း အဆိုပါ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် မနန္ဒာက ဆိုသည်။

စင်ကာပူနိုင်ငံရောက် မြန်မာများကလည်း ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝ လက်သင့်မခံကြောင်း ထုတ်ဖော်ပြောဆိုလာကြပြီး တရားဝင် ဆန္ဒပြမှုကို စင်ကာပူနိုင်ငံ Hong Lim Park ၌ လာမည့် စနေနေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်