ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး စိုးရိမ်ရ

E-mail Print
ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို စိုးရိမ်ရသည့်တိုင် သူ့အနေဖြင့် လူထု၏အသံကို နားထောင်ရန် နိုင်ငံတဝန်းသို့ ခရီးထွက်လိမ့်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များက ပြောသည်။

NLD ရုံးချုပ်ရှေ့တွင် ယနေ့ လူထုမိန့်ခွန်းပြောအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များ၏ အမေးကို ဖြေဆိုရာတွင် ဒေါ်အောင်ဆန်းစုကြည်က တခြားပြည်သူများကဲ့သို့ပင် သူ၏ ပုဂ္ဂလိက လုံခြုံရေးသည် အာဏာပိုင်များပေါ်တွင် မူတည်ကြောင်း၊ အကျယ်ချုပ်မှ လွတ်မြောက်ကတည်းက သူ၏ လုံခြုံရေးနှင့်ပတ်သက်၍ မစဉ်းစားခဲ့ကြောင်း ပြောသည်။

aung_san_suu_kyi_nov_14_2010“၂၀၀၃ ခုနှစ် ဒီပဲယင်းလုပ်ကြံမှု မတိုင်ခင်အထိက ဆက်တိုက် နှောင့်ယှက်တာမျိုးတွေ ရှိပေမယ့် စစ်တပ်ဘက်က လုပ်ကြံဖို့လောက်အထိ အကြံအစည် မရှိသေးဘူး။ ဒီပဲယင်း နောက်ပိုင်းမှာမှ အဲလိုမျိုးတွေ မြင်လာရတာ” ဟု NLD ကိုတည်ထောင်ရာတွင် ပါဝင်သူနှင့် အတွင်းရေးမှူးအဖြစ်လည်း တာဝန်ယူထားသူ ဦးဝင်းတင်က ပြောသည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်က အောက်ခြေလူထုအထိ ဆင်းမည်ဖြစ်၍ NLD ခေါင်းဆောင်များအဖို့ သူ၏ လုံခြုံရေးအတွက် အထူးစိုးရိမ်နေရကြောင်း သိရသည်။

ဦးဝင်းတင်က “မနေ့ကရော ဒီနေ့ရော ဒေါ်စု အဓိကထား ပြောတာက လူထုရဲ့ အသံကို နားထောင်ချင်တယ်၊ လူထုဆန္ဒအတိုင်း လိုက်လုပ်မယ်ဆိုတာပဲ။ ခရီးတွေသွားမယ် ဒါပေမယ့် ဘယ်အချိန်၊ ဘယ်နေရာ သွားမယ်ဆိုတာတော့ မပြောတတ်သေးဘူး” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးနယ်ပယ်ထဲသို့ ဝင်ရောက်သည့် ၁၉၈၈ ခုနှစ်မှစ၍ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုများ ကြုံခဲ့ရသည်။

၁၉၈၉ ခုနှစ် ဧပြီလတွင် ဧရာဝတီတိုင်းသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့စဉ် ဓနုဖြူမြို့နယ်၌ စစ်တပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ တယောက်က သေနတ်နှင့် ချိန်ရွယ်မှုမျိုးအထိ ဖြစ်ခဲ့ဖူးသည်။

၁၉၉၆ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်၌ ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းကို တုတ်များ၊ အုတ်ခဲများနှင့် ပစ်ပေါက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၌ ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို စစ်တပ်နှင့် ယခု ရွေးကောက်ပွဲတွင် ကြိုတင်မဲ မသမာမှုများနှင့် အနိုင်ရနေသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တဖြစ်လဲ ကြံ့ဖွံ့အသင်းတို့ ပူးပေါင်း၍ စနစ်တကျ လုပ်ကြံခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို ၁၉၈၈ ခုနှစ်ကပင် သတိထားခဲ့ကြကြောင်း ဦးဝင်းတင်က “လူထုက ချစ်တဲ့၊ အားကိုးတဲ့ နိုင်ငံရေး ခေါင်းဆောင်မျိုးဆိုတာက ဒီလို အန္တရာယ်မျိုးကို ရှောင်လွှဲလို့ မရဘူး။ လူထုနဲ့ ထိတွေ့ပြီးတော့ လူထုထောက်ခံမှု မရဘဲနဲ့ ဒေါ်စုက ဒီလို ဒီမိုကရေစီခေါင်းဆောင်အနေအထား ရောက်လာမှာ မဟုတ်ဘူးလေ” ဟု ဦးဝင်းတင်က ပြောသည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်းစုကြည်၏ ဖခင်၊ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကို နိုင်ငံရေးပြိုင်ဘက် ဂဠုန်ဦးစောနှင့် အဖွဲ့က လုပ်ကြံ သတ်ဖြတ်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်