တောင်ငူ ထောင်ရှိ NLD လူငယ် တဦး ကျန်းမာရေး ဆိုးဝါးနေ

E-mail Print
ပဲခူးတိုင်း တောင်ငူ ထောင်တွင် ထောင်ဒဏ် ၄ နှစ် ပြစ်ဒဏ်ကျခံနေရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) လူငယ်အဖွဲ့ဝင် ကိုမြသန်းထိုက်သည် ကျန်းမာရေး အခြေအနေဆိုးဝါး နေကြောင်း သတင်းရသည်။

ကိုမြသန်းထိုက်၏ မိသားစုဝင်တဦးက“ကျမတို့ လိုက်သွားတော့ သတိတွေတောင် လစ်နေပြီ၊ ဆေးဝါး ကုသခွင့်ကလည်း ကောင်း ကောင်း မရဘူး”ဟု ပြောဆိုသည်။

ကိုမြသန်းထိုက်သည် သင်္ဃန်းကျွန်းမြို့နယ် NLD လူငယ်အဖွဲ့ဝင်ဖြစ်ပြီး ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့ အရေးအခင်းတွင် ပါဝင်ခဲ့ သည့် အတွက် အဖမ်းခံခဲ့ရကြောင်း၊ အဖမ်းခံရစဉ် သေနတ် ဒဏ်ရာပါ ရရှိခဲ့သူဖြစ်ကြောင်း သိရသည်။

ကိုမြသန်းထိုက်၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ ရန်ကုန် အခြေစိုက် နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့(ICRC) သို့ အကူ အညီ တောင်းထားကြောင်း အလုပ်သမား လယ်သမား သမဂ္ဂ ဖြစ်မြောက်ရေး ကြိုးပမ်းသူများအဖွဲ့မှ ဦးဇော်ဝင်းက ပြောသည်။

NLD ပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဦးအုံးကြိုင်ကလည်း“ထောင်ထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုကလည်း ညံ့၊ မိသားစုနဲ့လည်း ဝေး၊ ဖိစီးမှုကလည်းများတော့ အခြေအနေက တော်တော်စိုးရိမ်ဖို့ ကောင်းပါတယ်”ဟု ဆိုသည်။

ထို့အတူ အင်းစိန်ထောင်တွင် အကျဉ်းကျခံနေရသည့် ရန်ကုန်တိုင်း တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အမျိုးသမီး အဖွဲ့ဝင် ဒေါ်စန္ဒာကို အာဏာပိုင်များက ထောင်ပြောင်းရွေ့လိုက်သည်ဟု မိသားစုဝင်များကို ပြီးခဲ့သည့် စနေနေ့က ပြောဆိုသော်လည်း မည်သည့် အကျဉ်းထောင်တွင် ရောက်ရှိနေသည်ဟု ယခုအချိန်အထိ စုံစမ်းမရသေးကြောင်း သားမက်ဖြစ်သူ ကိုဟိန်းမင်းက ဧရာဝတီသို့ ပြောသည်။

အင်းစိန်ထောင်တွင်း၌ပင် တွံတေးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)လူငယ်တာဝန်ခံ ကိုရဲထွဋ်ခေါင်၊ တက်ကြွလှုပ်ရှား သူ လူငယ် ကိုညီညီထွန်းနှင့် ရခိုင်လူငယ် တဦးတို့သည်လည်း ခန္ဓာကိုယ် ချည့်နဲ့သည့် ဝေဒနာများခံစားနေရပြီး ပြင်ပဆေးရုံများသို့ ဆေးကုသခွင့် ရရန် လိုအပ်နေသည်ဟု မကြာသေးခင်က မိသားစုဝင်များက ပြောဆိုသည်။

ကိုရဲထွဋ်ခေါင်သည် တွံတေးမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရေး ဆုတောင်းပွဲ များတွင် ပါဝင်ခဲ့ခြင်းကြောင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၃ နှစ် ကျခံနေရခြင်းဖြစ်သည်။

မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီး၌ ထောင်ဒဏ် ကျခံနေရသော NLDပါတီဝင်ပေါင်း ၆၀၀ ကျော်ခန့် ရှိနေသည်ဟု ဦးအုန်းကြိုင် က ဆိုသည်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မကြာသေးမီက လွတ်မြောက်လာခဲ့သော်လည်း မြန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်း နိုင်ငံရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးထောင်ချခံထားရသူပေါင်း ၂၂၀၃ ဦး ရှိနေသေးကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)က ထုတ်ပြန်ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်