ဝန်ကြီးဌာနများပေါင်းစည်း၍ အရေအတွက် လျှော့ချရန် ပြင်ဆင်နေ

E-mail Print
စစ်အစိုးရက လုပ်ငန်းဆောင်ရွက်မှုတူညီသော အစိုးရ၀န်ကြီးဌာနများကို အချင်းချင်း ပေါင်းစည်းပြီး ၀န်ကြီးဌာန အရေအတွက်နှင့် ၀န်ကြီးရာထူး နေရာများ လျှော့ချမည်ဖြစ်ကြောင်း နေပြည်တော် အစိုးရဌာနများမှ သတင်းရရှိသည်။

ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ရွေးကောက်ပွဲတွင် ၈၀ ရာခိုင်နှုန်း အနိုင်ရရှိထားခဲ့ရာ မကြာမီ လွှတ်တော်ခေါ်ယူပြီး သမ္မတနှင့် အစိုးရသစ် တင်မြှောက်မည်ဖြစ်ကြောင်း၊ ထိုသို့ အစိုးရသစ် ဖွဲ့စည်းရာတွင် လုပ်ဆောင်ချက်နှင့် ရည်မှန်းချက် တူသော ၀န်ကြီးဌာန များကို ပူးပေါင်းပြီး အစိုးရ ၀န်ကြီး ဌာနသစ်အဖြစ် ပြင်ဆင်ဖွဲ့စည်းကာ ၀န်ကြီးဌာန အရေအတွက် လျှော့ချ သွားရန် ရှိကြောင်း နေပြည်တော် အစိုးရ အရာရှိ တဦးက ပြောသည်။
capital0004“အခု ၀န်ကြီးဌာန စုစုပေါင်း ၃၂ ခုရှိတယ်။ ၀န်ကြီးဌာန ၁၅ ခုလောက်ပဲ ကျန်တော့မယ်လို့ သိထားပါတယ်။ အခု အစည်း အဝေးတွေ တောက်လျှောက် လုပ်နေတယ်။ ၀န်ကြီးဌာန တွေကို ဘယ်လို ပေါင်းစည်းမလဲ ဆိုတာကအစ ကြုံတွေ့ရမယ့် အခြေအနေ အရပ်ရပ်ကို အသေးစိတ် ဆွေးနွေးနေတယ်” ဟု ၎င်းက ဆိုသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန လက်အောက်ရှိ စီမံကိန်း စိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေး ဦးစီးဌာနသည် အစိုးရ၀န်ကြီးဌာနများ ပေါင်းစည်းရေးအတွက် တခြား အစိုးရ ၀န်ကြီးဌာနများနှင့်အတူ စည်းဝေးညှိနှိုင်းမှုများ ရှိနေပြီး မလိုအပ်သော ၀န်ကြီးဌာနများမှ ၀န်ထမ်းများကို စနစ်တကျ လျှော့ချနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက် ရှိသည်ဟု သိရှိရသည်။

“အစိုးရသစ်မှာ ၀န်ကြီးဌာနတွေကို ကျစ်ကျစ်လျစ်လျစ်နဲ့ ဖွဲ့စည်းသွားမယ်။ အုပ်ချုပ်ရေး ယန္တရားက ဗဟို ပြည်ထောင်စု အစိုးရကနေ ပြည်နယ်နဲ့ တိုင်း အစိုးရတွေကို ကွပ်ကဲအုပ်ချုပ်မှာဖြစ် တဲ့အတွက် ပြည်ထောင်စုဝန်ကြီးဌာန အရေအတွက်ကို မလိုအပ်တာ ဖြုတ်၊ တူညီတာတွေပေါင်း ပုံစံနဲ့ ဖွဲ့စည်းသွားဖို့ လုပ်နေပြီ။ မနက်ပိုင်းက လုပ်တဲ့ အစည်းအဝေးတွေက ည သန်းခေါင်ယံ အချိန်အထိတောင် ကြာတယ်လို့ သိရတယ်” ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန နှင့် နီးစပ်သူတဦးက ပြောသည်။

ဝန်ကြီးဌာန တခုတည်းအဖြစ် ပူးပေါင်းမည့် ဌာနများမှာ စက်မှု ၁ နှင့် စက်မှု ၂ ၀န်ကြီးဌာန၊ အမှတ် ၁ နှင့် အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ပို့ဆောင်ရေး ၀န်ကြီးဌာနနှင့် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနတို့ ပါဝင်ပြီး တခြားသော ၀န်ကြီးဌာန များလည်း ပူးပေါင်းပြင်ဆင် ဖွဲ့စည်းမည့်အထဲတွင် ပါဝင်သည်ဟု ၎င်းက ဆိုသည်။

ထို့အပြင် အစိုးရ ၀န်ကြီးဌာန အမည်များကိုလည်း ပြင်ဆင် ပြောင်းလဲသတ်မှတ်မည် ဖြစ်ရာ နိုင်ငံတော် သမ္မတ ရွေးကောက် တင်မြှောက် ပြီးချိန်တွင် သမ္မတက အစိုးရ၀န်ကြီးဌာန သစ်များနှင့် အမည်များကို တရားဝင် ပြင်ဆင် သတ်မှတ်ဖွဲ့စည်း ပေးမည်ဖြစ်ကြောင်း သိရသည်။

စစ်အစိုးရသည် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ် ဖော်ဆောင်ပေးမည်ဟုဆိုကာ နိုဝင်ဘာ ၇ ရက်နေ့က ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး အဆိုပါ ရွေးကောက်ပွဲတွင် စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသော ကြံ့ဖွံ့ပါတီက မဲမသမာမှုများဖြင့် အနိုင် ယူခဲ့ကြောင်း နိုင်ငံရေး ပါတီများနှင့် တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းများက ပြောဆိုကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်