စစ်တပ်ပိုင် “နေပြည်တော်” သတင်းစာ ထုတ်မည်

E-mail Print
စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် လာမည့် ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် “နေပြည်တော်” အမည်ရှိ စစ်တပ်ပိုင် သတင်းစာ တစောင် ထုတ်ဝေရန် စီစဉ်နေကြောင်း သိရှိရသည်။

နေပြည်တော် သတင်းစာကို ကာကွယ်ရေး ၀န်ကြီးဌာနပိုင် မြ၀တီ စာပေနှင့် ပုံနှိပ်ထုတ်ဝေရေးက ထုတ်ဝေမည်ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေး တို့တွင်လည်း တိုက်ခွဲများ ထားရှိသွားမည်ဖြစ်ကြောင်း စာနယ်ဇင်း အသိုင်းအ၀ိုင်းက ပြောသည်။

မြ၀တီ စာပေနှင့် ပုံနှိပ်ထုတ်ဝေရေးကို ၁၉၅၂ခု ဖဆပလ အစိုးရလက်ထက်ကပင် ကာကွယ်ရေးဝန်ကြီးဌာနက လုပ်ကိုင်ခဲ့ပြီး န၀တ အစိုးရ လက်ထက် ၁၉၉၅ ခုနှစ်တွင် မြ၀တီ ရုပ်မြင်သံကြား ဌာနကိုပါ တိုးချဲ့လုပ်ကိုင်ခဲ့သည်။

မြန်မာဘာသာဖြင့် ထုတ်ဝေသော မြန်မာ့အလင်း ၊ ကြေးမုံ သတင်းစာ၊ အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော The New Light of Myanmarတို့အပြင် မန္တလေးတွင် မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ဝေသော မန္တလေးနေ့စဉ် သတင်းစာနှင့် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဝေသော ရတနာပုံ သတင်းစာ၊ ရန်ကုန်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ဝေသော မြို့တော် သတင်းစာ တို့ရှိနေရာ နေပြည်တော် သတင်းစာ ပေါ်ထွက်လာပါက သတင်းစာ ၇ စောင် ရှိလာမည်ဖြစ် သည်။

မန္တလေးမြို့ခံစာနယ်ဇင်းသမားက“သတင်းစာတွေ များလာတဲ့အတွက် ပုဂ္ဂလိက ဂျာနယ်ဈေးကွက်ကို  အနည်းအကျဉ်းတော့ ထိခိုက်နိုင်ပါတယ်။ ဒါပေမယ့်လည်း သူတို့ သတင်းစာတွေမှာ ပေါ်လစီတွေပဲ များမယ်ဆိုရင်တော့ စာဖတ်ပရိသတ်ကတော့ ဂျာနယ်ပဲ ၀ယ်ဖတ်နေကြဦးမှာပါပဲ။ ဂျာနယ် သတင်းသမားတွေကတော့ သူတို့လို နေ့စဉ်ထုတ် မဟုတ်တဲ့အတွက် သတင်းကို ဘယ်လို ပုံစံပြောင်း တင်ပြကြမလဲဆိုတာတော့ စဉ်းစားကြရမှာပေါ့”ဟု ပြောဆိုသည်။

ရွေးကောက်ပွဲအပြီးတွင် နအဖ စစ်အစိုးရ ၀န်ကြီးဌာနအသီးသီးက နေ့စဉ်ထုတ်သတင်းစာများ ထုတ်ဝေမည်ဆိုသော သတင်းများ စက်တင်ဘာလ အတွင်းက ပေါ်ထွက်လာပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာနက၂၀၁၁ ခုနှစ်အတွင်း နေပြည်တော် သတင်းစာ ထုတ်ဝေရန် စတင်စီစဉ်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြန်ကြားရေးဝန်ကြီးဌာန အောက်ရှိ စာပေစိစစ်နှင့် ပုံနှိပ်ထုတ်ဝေရေးဌာနက ထုတ်ဝေခွင့်ပြုထားသော မဂ္ဂဇင်း ၊ စာစောင် ၊ ဂျာနယ်ပေါင်း ၁၅၀ ကျော်ရှိပြီး အားလုံးသည် စာပေစိစစ်ရေးကို ကျော်ဖြတ်ပြီးမှသာ ပုံနှိပ်ထုတ်ဝေခွင့် ရကြသည်။

ပြီးခဲ့သည့်လပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာသည့် သတင်းနှင့် စပ်လျဉ်း ၍ ဂျာနယ် ၁၁ စောင် ထုတ်ဝေခွင့် ၁ ပတ် ပိတ်ပင်ခံခဲ့ရသည်။ အဆိုပါ ပိတ်ပင်ခံရမှုသည် ပုဂ္ဂလိက ဂျာနယ်များအနေဖြင့် နအဖ စစ် အစိုးရ သက်တမ်းတလျှောက် ပထမဆုံးအကြိမ် အစုလိုက် အပြုံလိုက် ပိတ်ပင်ခံကြရခြင်းဖြစ်သည်။

၂၀၁၀ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ ပုဂ္ဂလိကပိုင် အပတ်စဉ်ထုတ် ဂျာနယ်များထဲမှ Myanmar Times ဂျာနယ်၊ ပေါ်ပြူလာ ဂျာနယ်၊ Weekly Eleven ဂျာနယ်နှင့် Yangon Times ဂျာနယ်တို့မှာ နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေရန် ခွင့်ပြုချက် ရထား သည်ဟု သတင်းပေါ်ထွက်ခဲ့ပြီး ယခုလည်း စာနယ်ဇင်း အသိုင်းအ၀ိုင်းအတွင်း ထိုသတင်း ပြန်လည်ထွက်ပေါ်နေကြောင်း သိရ သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်