တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်များ ထပ်မံတိမ်းရှောင်

E-mail Print
ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ဝေါ်လေ ဒေသတွင် စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုး သား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ ယမန်နေ့က တိုက်ပွဲဖြစ်ပွား မှုကြောင့် ဒေသခံ ရွာသား ၇၀၀ ခန့် ထိုင်းနိုင်ငံ တာ့ခ် ခရိုင် ဖုတ်ဖရမြို့နယ် တဖက်ကမ်းသို့ ထွက်ပြေး တိမ်းရှောင်လာကြောင်း သိရှိရသည်။

mm-refugee-dec-01တိမ်းရှောင် လာသော စစ်ပြေး ဒုက္ခသည်များကို မဲဆောက်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အပါအ၀င် ထိုင်း-မြန်မာ နယ်စပ် တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) နှင့် မယ်တော် ဆေးခန်း (MTC) အဖွဲ့ အစည်းတို့က အကူအညီများ ထောက်ပံ့ပေး ထားကြောင်း MTC အဖွဲ့မှ ဆေးမှူး စောနေဦးက ဧရာဝတီ သို့ ပြောသည်။ 

ယင်း ဒုက္ခသည်များကို ထိုင်း အာဏာပိုင်များက ထိုင်းနယ်ခြားစောင့် စခန်းဝင်း အတွင်း စောင့်ရှောက် ထားသည်ဟုဆို သည်။

နောက်ဆုံး သတင်းများ အရ မြ၀တီမြို့နယ် မင်းလက်ပံရွာ အနီး မေတ္တာလင်းမြိုင် ဒေသ တိုက်ပွဲ များကြောင့် ပြီးခဲ့သည့် တပတ် သောကြာနေ့မှ စတင်၍ ထိုင်းနိုင်ငံ မဲဆောက် မြို့နယ် ဘက်သို့ ထွက်ပြေးလာသူ ဒုက္ခသည် ၁၀၀၀ ကျော်ကို ထိုင်း အာဏာပိုင်များက မြန်မာ အာဏာပိုင်များနှင့် ညှိနှိုင်း၍ ယနေ့ မွန်းလွဲပိုင်းတွင် ပြန်ပို့လိုက် ကြောင်းလည်း သိရသည်။ 

ယင်းစစ်ပြေး ဒုက္ခသည်များသည် ထွက်ပြေးတိမ်းရှောင်လာလိုက်၊ ပြန်လည် အပို့ခံရလိုက်နှင့် ပင်ပေါင် ဘောလုံးကဲ့သို့ ကြုံတွေ့နေကြရသည်ဟု လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့(HRW) က ပြောဆိုသည်။

ထို့အပြင် နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးရောက်ရှိလာသော ဒုက္ခ သည်များကို အချိန်မတန်သေးဘဲ ပြန်မပို့ရန် HRW အဖွဲ့က ထိုင်း အာဏာပိုင်များအား ဒီဇင်ဘာ ၄ ရက်နေ့က တောင်း ဆိုထားသည်ဟုလည်း သိရသည်။

နိုဝင်ဘာ ၇ ရက်နေ့က ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နယ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ်နီးပါး တိုက်ပွဲ များ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

တိုက်ပွဲများသည် ကရင်ပြည်နယ် မြ၀တီနှင့် ကော့ကရိတ်မြို့နယ်များရှိ ဝေါ်လေ၊ ဖလူး၊ မင်းလက်ပံ၊ မေတ္တာ လင်းမြိုင် စသည့် ကျေးရွာ ဝန်းကျင်ဒေသများတွင် ဖြစ်ပွားခြင်း ဖြစ်သည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အတွင်းရှိ မာနယ်ပလော ဒေသတွင်လည်း နအဖ စစ်တပ်နှင့် ကရင်အမျိုးသား အစည်း အရုံး(KNU) တပ်ဖွဲ့ဝင်များ တနင်္ဂနွေနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ တပ် ဘက်မှ ၄ ဦး ကျဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း KNU အသိုင်းအ၀ိုင်းက ပြောသည်။ 

ယင်း မာနယ်ပလော ဒေသ တိုက်ပွဲတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) တပ်မဟာ ၅ နှင့် တပ်မဟာ ၇ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နအဖ၏ ခြေ မြန်တပ် ရင်း (ခမရ) ၃၃၈ မှ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။

နအဖ တပ်များက မာနယ်ပလော ဒေသ၌ လှုပ်ရှားနေစဉ် KNLA က ပြောက်ကျား စနစ်ဖြင့် ခြုံခို တိုက်ခိုက်ခဲ့သော ကြောင့် ယခုကဲ့သို့ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) မှ တွဲဖက် အတွင်းရေးမှူး(၁) ဗိုလ်မှူး စောလှငွေက ဧရာဝတီသို့ ပြောသည်။

mm-refugee-dec-02“KNU က ခြုံခို တိုက်ခိုက်တဲ့ အခါမှာ ပြောက်ကျား တိုက်တော့ ၄ ယောက် သေတယ်၊ တယောက် ဒဏ်ရာရတယ်”ဟု ၎င်းက ဆိုသည်။

မာနယ်ပလော ဒေသရှိ ကြယ်ပြောင်ကုန်း အခြေစိုက် နအဖ စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့ အမှတ် (၉၁၃)မှ တပ်ဖွဲ့ဝင် ၃ ဦး လည်း မိုင်းနင်းမိသဖြင့် ဒဏ်ရာရရှိခဲ့ပြီး စက်ဆီတင် (၆) ဘီးကား တစီးကို ဖျက်ဆီးနိုင် ခဲ့ကြောင်း KNU အသိုင်းအ၀ိုင်းမှ သိရသည်။

ထို့အပြင် လွန်ခဲ့သည့် ၁၅ နှစ်တာ ကာလအတွင်း နအဖ လက်အောက် ကျရောက် ခဲ့ရသည့် မာနယ်ပလော ဌာနချုပ်ကို ယခုအခါ KNU တပ်ဖွဲ့ဝင်များက ယခင်ကထက် ပို၍ ပြန်လည် လှုပ်ရှားခွင့် ရထားကြောင်း ဆိုသည်။

ဗိုလ်မှူး စောလှငွေက “မာနယ်ပလော ဌာနချုပ်နဲ့ ပတ်သက်တဲ့ အဲဒီ သောင်ရင်းကနေ မြစ်ဆုံအထိ ဒီအတော အတွင်းမှာ KNU ရဲ့လှုပ်ရှားမှုဟာ ပြန်ပြီးတော့ အားကောင်း လာတယ်”ဟု ပြောသည်။  

သို့သော် KNUဘက်က တဆင့်တက်ပြီး ပြောက်ကျား အခြေချမှုနှင့် နေရာယူမှုက မာနယ်ပလောခွင်ကို တောက် လျှောက် ပြန်လည် စိုးမိုးနိုင်ထားကြောင်း ဗိုလ်မှူး စောလှငွေက ဆက်ပြောသည်။

ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်တဦးကမူ“KNU တပ်တွေက မာနယ်ပလော ဒေသကို ပြန်လည် သိမ်းပိုက် လိုက်ပြီ ဆိုတော့ အဲဒီ ဒေသကို ဘယ်လောက်အထိ ထိန်းထားနိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ်"ဟု ၎င်းက ဆိုသည်။

တိုက်ပွဲများကြောင့် သောင်ရင်းမြစ်နှင့် သံလွင်မြစ်ခြားသည့် ထိုင်းဘက်ခြမ်း မယ်ဟောင်ဆောင်ခရိုင် နယ်စပ် မြစ်ရိုး တလျှောက်တွင်လည်း ထိုင်း လုံခြုံရေးတပ်ဖွဲ့အင်အား တိုးမြှင့်ချထားကြောင်း ထိုင်း ကျေးရွာအုပ်ချုပ်ရေးမှူး တဦးက ပြော သည်။

KNU ၏ ဌာနချုပ်ဖြစ်သည့် မာနယ်ပလောကို ၁၉၉၄ ခုနှစ်ကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် ခွဲထွက် DKBA နှင့် နအဖ ပူးပေါင်း တပ်များ၏ တိုက်ခိုက်ခြင်းကို ခံရပြီး  ၁၉၉၅ ခုနှစ်ဖေ ဖေါ်ဝါရီလတွင် နအဖ လက်အောက်သို့ ကျရောက်ခဲ့ခြင်း ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်