ကျားဖြူပါတီညီလာခံ ကျင်းပမည့်နေရာ ခွင့်ပြုချက်မရ

E-mail Print
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူပါတီ၏ ညီလာခံအတွက် ခွင့်ပြုထားသည့် မူလနေရာ၌ ကျင်းပခွင့် မရတော့ကြောင်း ကြားသိရသည်။

ကျားဖြူပါတီ ညီလာခံကို တောင်ကြီးမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း အဆောက်အအုံ၌ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပရန် ပြည်နယ်ကော်မရှင်က ခွင့်ပြုပေးခဲ့၍ အစီအစဉ်အားလုံး ဆောင်ရွက်ပြီးပြီ ဖြစ်ကြောင်း၊ သို့သော် ကျင်းပမည့်ရက် နီးကပ်လာချိန်တွင် နေပြည်တော်ရှိ ဗဟိုကော်မရှင်က ခွင့်မပြုတော့ဟု အကြောင်းကြားလာကြောင်း SNDP ၏ ပြောခွင့်ရ အတွင်းရေးမှူး ဦးစိုင်းလှကျော်က ဧရာဝတီကို ပြောသည်။

sndp-open“ကျင်းပခါနီးမှ ခွင့်မပြုတော့ဘူး ဆိုတော့ အခက်အခဲတွေ ဖြစ်ကုန်တယ်။ ညီလာခံဆိုပေမယ့် အနိုင်ရ ကိုယ်စားလှယ်တွေ တွေ့ဆုံတာပါ။ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးကြမယ့် သဘောပါ။ ခွင့်မပြုတာက ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘူး” ဟု လည်း သူကဆိုသည်။

ပါတီရုံးခန်းတွင် အဆိုပါ ညီလာခံကို ပြုလုပ်လိုသော်လည်း နေရာအခက်အခဲကြောင့် ရှမ်းယဉ်ကျေးမှု နေရာအား ငှားရမ်းကာ ပြုလုပ်ရန် စီစဉ်ခဲ့ကြောင်း၊ ဖိတ်စာများ ပေးပို့ပြီးခဲ့သည့်အပြင် ကိုယ်စားတချို့မှာ တောင်ကြီးမြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ကျားဖြူပါတီ၏ တောင်ကြီးမြို့နယ် ဥက္ကဋ္ဌ စဝ်ယွန်းပိုင်က ပြောသည်။

ညီလာခံအား ဒီဇင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပရန် စီစဉ်ထားကာ တနိုင်ငံလုံးမှ ပါတီကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲဝင်ခဲ့သော လွှတ်တော် ကိုယ်စားလှယ်များအပြင် တခြားသော ရှမ်းတိုင်းသား ခေါင်းဆောင်များပါ ဖိတ်ကြားထား၍ စုစုပေါင်း လူ ၂၀၀ ကျော် တက်ရောက်မည့် အခမ်းအနားတခု ဖြစ်ကြောင်း စဝ်ယွန်းပိုင်က ဆက်ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အကြောင်းပြန်ကြားရာတွင် ရှမ်း စာပေနှင့် ယဉ်ကျေးမှု အဆောက်အုံသည် အများနှင့် သက်ဆိုင်သည့်နေရာ ဖြစ်ခြင်းကြောင့် ခွင့်မပြုဟုသာ ရေးသားထားသည်ဟု ဦးစိုင်းလှကျော်က ပြောသည်။

ထိုနေရာ၌ ခွင့်ပြုချက်မရသော်လည်း မူလ သတ်မှတ်ထားသည့်ရက်တွင်  ပြင်ဦးလွင်မြို့၌ ကျင်းပသွားမည်ဟု သိရသည်။

SNDP ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ၌ လွှတ်တော်သုံးရပ်စလုံးတွင် ကိုယ်စားလှယ် ၁၅၆ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၅၈ ဦး အနိုင်ရရှိခဲ့သည်။

ရွေးကောက်ပွဲ၏ မဲဆန္ဒနယ်တချို့၌ အနိုင်ရထားသော တိုင်းရင်းပါတီများသည် ပါတီ၏ရှေ့လုပ်ငန်းစဉ်များအား စတင်ဆွေးနွေး နေကြသည်ဟု သိရပြီး ရခိုင်ပြည်နယ်၏ မဲဆန္ဒနယ်အများစုကို အနိုင်ရခဲ့သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို စစ်တွေမြို့၌ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပခဲ့ပြီး ဖြစ်ကြောင်းသိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်