ဂျာနယ်များကို ပေါ်လစီဆောင်းပါး ပြန်ထည့်ခိုင်း

E-mail Print
ပြည်တွင်းထုတ် ဂျာနယ်များအားလုံး၌ ၃ လ ကျော် ရပ်နားထားသည့် အစိုးရ ပေါ်လစီ ဆောင်းပါးများကို ယခုတပတ်မှ စတင်ကာ ပြန်လည် ထည့်သွင်းဖော်ပြရမည်ဟု စာပေစိစစ်ရေးက ညွှန်ကြားထားကြောင်း စာနယ်ဇင်း အသိုင်းအ၀ိုင်းက ပြောသည်။

“ကျနော်တို့တိုက်က ဂျာနယ်တွေအကုန်လုံး ပေါ်လစီဆောင်းပါးပြန်ထည့်ရမယ်လို့ စာပေစိစစ်ရေးက ညွှန်ကြားလိုက်တယ်။ ဒီတပတ်က စပြီး ပြန်ထည့်ခိုင်းတာပါ”ဟု Eleven Media Group  မှ ဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။

Eleven Media Group တွင် First Eleven ၊ Premier Eleven ၊ Biweekly Eleven ၊ Weekly Eleven စသည့် ဂျာနယ်များကို အပတ်စဉ် ထုတ်ဝေလျက်ရှိသည်။

ယခုတပတ် ဂျာနယ်များတွင် ပထမဆုံး ပြန်လည် ဖော်ပြခိုင်းသည့် ဆောင်းပါးမှာ ဒီဇင်ဘာ ၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ ပါ “နိုင်ငံ့အရေး အလွယ်မတွေးစေချင်ပါ” ဆိုသည့် ဆောင်းပါးဖြစ်ပြီး ဂျာနယ်တွင် ပုံနှိပ်ပါက စာမျက်နှာ ၂ မျက်နှာ နေရာပေးရကြောင်း သိရသည်။

အဆိုပါဆောင်းပါးမှာ တိုင်းရင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကောင်အထည်ဖော်ရန် စီစဉ်နေသော ဒုတိယ ပင်လုံညီလာခံ နှင့်ပတ်သက်ပြီး ဝေဖန်ရေးသားထားသည့် ဆောင်းပါး ဖြစ်သည်။

ထိုကဲ့သို့ ဂျာနယ်များတွင် ပေါ်လစီဆောင်းပါး ပြန်လည်ဖော်ပြရသည့်အတွက် ပရိသတ်သို့ တင်ပြလိုသည့် အခန်းကဏ္ဍများ လျော့နည်းသွားရကြောင်း၊ ပုံမှန်တင်ပြနေသည့် ကဏ္ဍများ ဝေေ၀ဆာဆာ တင်ပြနိုင်မှု မရှိတော့ဘဲ အကျဉ်းသာ တင်ပြရတော့ ကြောင်း အားကစားဂျာနယ် အယ်ဒီတာတဦးက ရှင်းပြသည်။

“ကျနော်တို့ဂျာနယ်မှာ မဖြစ်မနေဖော်ပြပေးနေရတာက ပွဲကြိုတွေ၊ ပွဲပြီးသုံးသပ်ချက်တွေ၊ ဆောင်းပါးတွေလေ။ ပေါ်လစီမထည့်ရ တော့လို့ တိုးလိုက်တဲ့ ကဏ္ဍတွေ အခုတော့ ပြန်လျှော့ရတော့မယ်”ဟု ၎င်းက ပြောသည်။

ဂျာနယ်များ၌ ပေါ်လစီဆောင်းပါးများ ထည့်သွင်းဖော်ပြနေသော်လည်း စာဖတ်ပရိသတ်များအနေနှင့် ဖတ်သူမရှိသလောက် နည်းပြီး ဂျာနယ်အတွက် အသုံးမ၀င်သည့် စာမျက်နှာပင်ဖြစ်ကြောင်း စာနယ်ဇင်းအသိုင်းအ၀ိုင်းတွင် ပြောဆိုနေကြသည်။

“ဂျာနယ်မှာ ပေါ်လစီဆောင်းပါးဆို မဖတ်ဖြစ်တာများတယ်။ နိုင်ငံရေးဂျာနယ်တွေမှာဆိုတော်သေးတယ်။ အခုက အားကစားရော၊ စီးပွားရေးရော အကုန်ပေါ်လစီဆောင်းပါးပါနေတော့ ပရိသတ်တွေအတွက် မလိုအပ်ဘူးထင်တာပဲ”ဟု စာဖတ်ပရိသတ် တဦးက လည်း ပြောသည်။

ဒီဇင်ဘာလဆန်းက ငါးမင်းဆွေ ဆိုသူ ရေးသားထားသော ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်ထားသည့် ဆောင်းပါးကို 7 days ၊ News Week နှင့် ပြည်မြန်မာ ဂျာနယ်များတွင် ဖော်ပြခိုင်းခဲ့ပြီးနောက် ယခုကဲ့သို့ ဂျာနယ်များ အားလုံး ပေါ်လစီ ဆောင်းပါး ပြန်လည် ထည့်သွင်းရမည်ဟု ညွှန်ကြားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်စဉ်ကလည်း ဓာတ်ပုံ နှင့် သတင်းအချက်အလက်များ သတ်မှတ်ချက်အတိုင်း မဖော်ပြသည့် အတွက် ပြည်တွင်းဂျာနယ် ၉ စောင်ကို စာပေစိစစ်ရေးက ခေတ္တပိတ်ပင်ခဲ့သည်။

မြန်မာနိုင်ငံ၏ သတင်း လွတ်လပ်ခွင့် အဆင့် သည် ၁၇၈ နိုင်ငံအနက် ၁၇၄ နေရာတွင်ရှိပြီး သတင်းလွတ်လပ်ခွင့် မရှိဆုံး ၅ နိုင်ငံ တွင် ပါဝင်ကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF)က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် သတင်းဂျာနယ်နှင့် အားကစားဂျာနယ် အပါအ၀င် ဂျာနယ်ပေါင်း ၂၀၀ ကျော်နှင့် မဂ္ဂဇင်း ၂၅၀ ကျော်ကို ထုတ်ဝေ ဖြန့်ချိခွင့် ပြုထားကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်